မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


နေပြည်တော် ကား ၄၂၅ စီးလေလံတွင် အမြင့်ကားအမျိုးအစား အများဆုံးပါဝင် PDF Print E-mail
နေပြည်တော်တွင်ကျင်းပမည့် ကားမျိုးစုံ ၄၂၅ စီးလေလံတွင် Hilux Surf Wagon ၊ Prado ၊ Landcruiser ၊ Mark II ဆလွန်းနှင့် Corolla Van CE 106 အမျိုးအစားများအများဆုံး ပါဝင်သည်ဟု သိရှိရသည်။

နေပြည်တော်ကားလေလံကို ဇန် န၀ါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ အထိလေးရက်ကျင်းပမည်ဖြစ်ကြောင်း၊ အမြင့်ကားအမျိုးအစားများပါဝင်မှုမှာ လည်း ယခင်လေလံများကထက်များ ပြားသည့်လေလံဖြစ်ကြောင်းသိရသည်။

Hilux Surf  မှာ အစီး ၆၀ ကျော် အထိပါဝင်ပြီး Pajero အစီး ၄၀ ကျော် နှင့် Mark II ဆလွန်း ၅၈ စီးအထိ ပါဝင်နေကြောင်း၊ Corolla ဗင် CE 106 မှာ အစီး ၄၀ ကျော်ပါဝင်ပြီး Land- cruiser ၁၉ စီးပါဝင်သည့် လေလံဖြစ် သည်ဟု သိရသည်။

''အမြင့်ကားအမျိုးအစားကတော့ တော်တော်လေးများတဲ့လေလံ ပါပဲ။ အရင်လေလံတွေကထက်အခု ၃၁ ကြိမ် မြောက်လေလံမှာအမြင့်ကားပါတာ အများဆုံးပဲ''ဟု လေလံဆွဲလေ့ရှိသူ တစ်ဦးကလည်း ဆိုသည်။

 

Comments

 
0 #1 kyawzawl 2010-01-24 16:17
လေလံ ကြမ်ခင်းဈေး ကိုဖော်ပြသင့်ပါ သည်။