မန္တလေး နှင့် နယ်သတင်းများ
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| မဟာမုနိရုပ်ရှင်တော်မြတ် ရေတော်ဝတ်ကို ပျံလွန်တော်မူသွားသည့် ဆရာတော်ဘုရားကြီး၏ တပည့်ရင်း သံဃာတော်တစ်ပါးက ယာယီတာဝန်ယူ ဆောင်ရွက်နေ |
|
|
|
မန္တလေးမြို့ မဟာမုနိရုပ်ရှင် တော်မြတ် ရေတော်ဝတ်ကို ပျံလွန်တော်မူသွားသည့် ဆရာတော်ဘုရားကြီး၏ တပည့်ရင်းရဟန်းတစ်ပါးဖြစ်သော ဆရာတော်ဦးကေလာသက ယာယီ တာဝန်ယူ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။ မဟာမုနိဂေါပကအဖွဲ့ ၏ သြ၀ါဒစရိယဆရာတော်ကြီး ၁၁ ပါးထဲတွင် ပါဝင်သော မြတောင်တိုက် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေ အနေအရ သတ္တမမြောက် ရေတော်ဆရာတော်ကို မရွေးချယ်နိုင်သေးဘဲ ယခုကဲ့သို့ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း လည်း သိရသည်။''မဟာမုနိရုပ်ရှင်တော်မြတ် ရေတော်ဝတ်ကိုဆရာတော်ကြီး မအားတဲ့အခါတိုင်း ဆရာတော်ကြီး ရဲ့တပည့်ကြီးတွေက တာဝန်ယူပေးရပါတယ်။ ဆရာတော်ကြီးကလည်း မအားဘူးဆိုတာ မရှိသလောက်ပါပဲ။ ကျန်းမာရေး အခြေအနေတော်တော် ဆိုးဝါးမှ ပျက်ကွက်တာတွေ ရှိခဲ့တာပါ။ အရင်တစ်ခါ နှလုံးရောဂါကုသမှု ခံယူဖို့ စင်္ကာပူနိုင်ငံကိုသွားတုန်းက တစ်ခါပျက်ကွက်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက ဆရာတော်ရဲ့တပည့် ကြီးတစ်ပါးက ရေတော်တာဝန်ကို ဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ အဲဒီဆရာတော်လည်း ပျံလွန်တော်မူသွားပါပြီ။ ဆရာတော်ဦးကေလာသ ကတော့ ဆရာတော်ကြီး တောင်ကိုရီးယားနိုင်ငံကို သွားတုန်းကတစ်ခါ တာဝန်ယူဆောင်ရွက်ခဲ့ဖူးပါတယ်။ အခုလက်ရှိရေတော် တာဝန်ကိုယာယီထမ်းဆောင်တာက ဒုတိယအကြိမ် မြောက်ပါပဲ''ဟု ရေတော်ဆရာတော် ဘုရားကြီး၏ တပည့်တစ်ပါးက မိန့်ကြားပါသည်။ မဟာမုနိ ရုပ်ရှင်တော်မြတ် ရေတော်တာဝန်ကို ဆောင်ရွက်တော်မူမည့် သံဃာတော်သည် အသက် ၅၀ နှင့် ၇၀ အတွင်းဖြစ်၍ ကြည်ညိုဖွယ် ရာ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း၊ ရာဇ၀တ်မှုကျူးလွန်ထား ခြင်းမရှိသလို အန္တိမ၀တ္ထုဆိုင်ရာ ၀ိနည်းဓိုရ်ရုံးမှဆုံးဖြတ်ခြင်းမခံရသည့် ပုဂ္ဂိုလ်ဖြစ်ရန်လိုကြောင်း၊ ကိုယ်ရေပြား ရောဂါစွဲကပ်ခြင်းမရှိရဘဲ ရေတော်တာဝန်လစ်လပ်ခဲ့သော် တစ်လအတွင်းရွေးချယ် တာဝန်ပေးရမည်ဟူ သော သတ်မှတ်ချက်ရှိခဲ့သော်လည်း ဆရာတော်ကြီးများက မည်သို့ဆုံး ဖြတ်ရွေးချယ်သွားမည် မသိသေးကြောင်း ဆက်လက်ပြောကြားပါသည်။ ဆဋ္ဌမမြောက်ရေတော် ဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ သော ဆရာတော် ဦးပညာဝံသသည် ရေတော်တာဝန်ကို ၂၂ နှစ်ကြာ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မွန်းလွဲ ပိုင်းတွင် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။ |





မန္တလေးမြို့ မဟာမုနိရုပ်ရှင် တော်မြတ် ရေတော်ဝတ်ကို ပျံလွန်တော်မူသွားသည့် ဆရာတော်ဘုရားကြီး၏ တပည့်ရင်းရဟန်းတစ်ပါးဖြစ်သော ဆရာတော်ဦးကေလာသက ယာယီ တာဝန်ယူ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။ မဟာမုနိဂေါပကအဖွဲ့ ၏ သြ၀ါဒစရိယဆရာတော်ကြီး ၁၁ ပါးထဲတွင် ပါဝင်သော မြတောင်တိုက် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေ အနေအရ သတ္တမမြောက် ရေတော်ဆရာတော်ကို မရွေးချယ်နိုင်သေးဘဲ ယခုကဲ့သို့ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း လည်း သိရသည်။