မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ကျောက်ဆည်မြို့နယ်၌ မော်တော်ယာဉ်သုံးစီးဆင့် တိုက်ရာမှ နှစ်ဦးသေ၍ နှစ်ဦးဒဏ်ရာရရှိ PDF Print E-mail

 

    ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၃၀၅ နှင့် ၃၀၆ အကြား၊ သင်တောင်းကျေးရွာ၊ မဟာရွှေသိမ်တော် ဘုရားမုခ်ဦးအနီး၌ ရပ်တန့်၍ ဓာတ်ငွေ့ဖြည့်တင်းနေသော ကားနှစ်စီးအား မောင်းနှင်လာသော ကုန်တင်ယာဉ် တစ်စီးက ၀င်တိုက်ရာမှ နှစ်ဦးသေ ဆုံး၍ နှစ်ဦးဒဏ်ရာရရှိသွားခဲ့သည် ဟု သတင်းရရှိသည်။
    ဖြစ်ပွားပုံမှာ ရန်ကုန်-မန္တလေး လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း.... ၃၀ နှစ်၊  ဘူတာရပ်၊ မြစ်သားမြို့နယ်နေသူ မောင်းနှင်လာ သော ဒိုင်နာယာဉ်အမှတ် ဏ/... ယာဉ်သည် မြစ်သားမြို့နယ်မှ ကြက်သွန်အိတ်များတင်ဆောင်၍ မန္တလေးသို့အသွား ကျောက်ဆည်မြို့ မဟာရွှေသိမ်တော်ဘုရားအ၀င်လမ်းအနီး၌ ဓာတ်ငွေ့ကုန်၍ ရပ်တန့်ထားသော ကြောင့် ယာဉ်မောင်း ..... ၃၀ နှစ်၊  ရွှေသူဌေးရပ်၊ မြစ်သားမြို့နယ်နေသူ မောင်းနှင်၍ ယာဉ်နောက်လိုက် --- ၁၆ နှစ်၊ ဘူတာရပ် ၀န်ထမ်းကွက်သစ် မြစ်သားမြို့နယ်နေသူနှင့် ခရီး သည်တစ်ဦးလိုက်ပါလာသော ဟိုင်း လပ်ယာဉ် အမှတ် ထ/... ယာဉ်မှ လမ်းဘေးချရပ်၍ ဓာတ်ငွေ့ဖြည့် တင်းပေးနေခဲ့သည်ဟု သတင်းရရှိ ပါသည်။
    ထိုစဉ် ရန်ကုန်မှမန္တလေးသို့ ယာဉ်မောင်း ..... ၂၇ နှစ် မောင်းနှင်သော ဟီးနိုး(၆ ဘီး)ကုန်တင်ယာဉ် အမှတ် ၃ခ/... သည် ငါးခြောက် အိတ်များတင်ဆောင်ကာ သွားနေရာ မှ အရှိန်မထိန်းနိုင်ဘဲ ဟိုင်းလပ် ယာဉ်၏ ဦးခေါင်းဝဲဘက်ခြမ်းအား ပွတ်တိုက်မိခဲ့သည်ဟု သိရသည်။
    ထို့နောက် ဒိုင်နာယာဉ်နောက်ပိုင်းအား ထပ်မံဝင်တိုက်သဖြင့်ဒိုင်နာယာဉ်မှာ လမ်းဘေးသို့ ကန့်လန့်ဖြတ်အနေအထားအတိုင်း ၁၅ ပေ ခန့် တရွတ်တိုက်ပါသွားပြီး ၀ဲမှယာသို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရှိရ သည်။
    ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ဒိုင်နာယာဉ်နောက်လိုက်နှင့် ဟီးနိုးယာဉ်မောင်းတို့ သေဆုံးသွားခဲ့ကာ ဒိုင်နာယာဉ်မောင်းနှင့် ဟိုင်းလပ် ယာဉ်နောက်လိုက်တို့ ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရ သည်။ ယာဉ်တိုက်မှုဖြစ်စဉ်အား ကျောက်ဆည်ရဲစခန်းက (ပ)၃၁/ ၂၀၁၀၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။