မန္တလေး နှင့် နယ်သတင်းများ
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ပဲခူးမြစ်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းများ မတ်လအတွင်း၌ အပြီးသတ်နိုင်ရန် မျော်မှန်းလုပ်ဆောင်လျက်ရှိ |
|
|
|
|
ပဲခူးမြို့၊ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမပေါ်ရှိ ပဲခူးမြစ်ကူးတံတားသစ် တည်ဆောက်ရေးလုပ်ငန်း၏ နောက်ဆုံးအဆင့်ဖြစ်သည့် ရေဆန်ဘက် အခြမ်းတံတားတည်ဆောက်မှုလုပ်ငန်းများ မတ်လအတွင်း ၌ အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တည်ဆောက်ရေးလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား တည်ဆောက်ရေး အထူးအဖွဲ့(၂)မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကာ ပဲခူးမြစ်ကူးတံတားသစ် တည်ဆောက်ရာတွင် ရေစုန်ဘက်အခြမ်း နှင့်ရေဆန်ဘက်အခြမ်းဟူ၍ နှစ်ပိုင်းခွဲတည်ဆောက်နေခြင်းဖြစ်သည်။ ရေစုန်ဘက်အခြမ်း တံတားတည်ဆောက်မှု လုပ်ငန်းများကို ၂၀၀၇ ခုနှစ်၊ မေလတွင် စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် ပင်မတံတားတည်ဆောက်မှု လုပ်ငန်းများပြီးစီးခဲ့ သည်။ ထို့နောက် Max Myanmar ကုမ္ပဏီမှ ချဉ်းကပ်လမ်းခင်းခြင်းနှင့် ပင်မတံတားပေါ်တွင် ကတ္တရာခင်း ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုခဲ့သည်။ ထို့နောက် ရေဆန်ဘက်အခြမ်း တံတားတည်ဆောက်မှုလုပ်ငန်းများ ကို ၂၀၀၉ ခုနှစ်၊ မတ်လတွင် စတင်ခဲ့ပြီး ၂၀၁၀ပြည့်နှစ် ဇန်န၀ါရီလနှောင်းပိုင်း အချိန်တွင် ၈၃ရာခိုင်နှုန်း အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။ |




