မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


အဋ္ဌမအကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းဆက်သွယ်ရေး ဆိုင်ရာနည်းပညာပြပွဲ ကျင်းပမည် PDF Print E-mail
    မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း(မန္တလေးတိုင်း)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း (မန္တလေးတိုင်း)တို့မှ အဋ္ဌမအကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းဆက်သွယ်ရေးဆိုင်ရာ နည်းပညာပြပွဲကို မြို့တော်ခန်းမ(၁)တွင် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
    ''မန္တလေးမြို့အပါအ၀င် မြန်မာနိုင်ငံအထက်ပိုင်းက လုပ်ငန်းရှင်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ နည်းပညာလေ့လာလိုသူတွေအတွက် အိုင်စီတီနည်းပညာ ပြန့်ပွားသိရှိစေရေး၊ အိုင်စီတီလုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို မန္တလေးမြို့နဲ့ပတ်ဝန်းကျင်လူထုအကြား ပို့ဆောင်ပေးနိုင်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုပြပွဲတွေကို အသင်းနှစ်သင်းပူးပေါင်းပြီး နှစ်စဉ်ကျင်းပပေး ခဲ့တာပါ''ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဒေါ်စန္ဒီခေတ် က ပြောကြားသည်။
    အဆိုပါပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ Notebook များ၊ Digital Device များ၊ Computer Related Electronic Device များနှင့်အတူ နောက်ဆုံးပေါ်ခေတ်မီ ကွန်ပျူတာ နည်းပညာများကို အများပြည်သူ ကြည့်ရှုအားပေးနိုင်ရန် ကုမ္ပဏီပေါင်း ၄၀ မှ ပြခန်းပေါင်း ၆၂ ခန်းဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
    ပြပွဲအထိမ်းအမှတ်အဖြစ် ကွန် ပျူတာနည်းပညာဗဟုသုတနှင့် ဉာဏ်စမ်းမေးခွန်း ဖြေဆိုပြိုင်ပွဲကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                          

 

Comments

 
0 #1 lozenge 2010-02-16 18:04
မန္တလေးမှာလုပ်မှာဆိုတော ရန်ကုန်ကလူတွေအတွက်ကြတော့မကောင်းဘူးပေါ့