ပြည်တွင်းအနုပညာသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


တိပ်ဖြင့်ရိုက်ကူးပြီး ဖလင်ပေါ်ပြန်တင်သည့် စနစ်ဖြင့် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုများ လုပ်ဆောင်လာသော်လည်း အရည်အသွေး ရလဒ်ပိုင်းတွင် လိုအပ်ချက်များ ရှိနေကြောင်း သိရ PDF Print E-mail
    ရုပ်ရှင် ဇာတ်ကားများထုတ် လုပ်ရာတွင် တိပ်ဖြင့် အလုံးစုံရိုက်ကူးပြီးမှ ဖလင်ပေါ်ပြန်တင်စနစ်ကို ကျင့်သုံးရိုက်ကူး ထုတ်လုပ်မှုများလာသော်လည်း အရည်အသွေးရလဒ်ပိုင်းတွင် လိုအပ်ချက်များ ရှိနေကြောင်း ရုပ်ရှင် လောကသားများထံမှ သတင်းရရှိပါသည်။
    မြန်မာနိုင်ငံတွင် တိပ်ဖြင့်ရိုက်ကူးပြီး ဖလင်ပေါ်သို့ ပြန်တင်သည့် စနစ်ကို 'ကျန်စစ်မင်း' ဇာတ်ကားက ပြည်ပတွင် ဦးစွာလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး 'သူငယ်ချင်းယောက္ခမ' ဇာတ်ကားသည် ဒုတိယမြောက် ဇာတ်ကားဖြစ်သည်။ 'နတ်ဖက်တဲ့စုံတွဲများ' ဇာတ်ကားသည် တတိယမြောက်ဇာတ်ကားဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းရုံ တင်ပြသမည့် ဒါရိုက်တာစင်ရော်မောင်မောင် ဆွစ်ဇာလန်နိုင်ငံတွင် ရိုက်ကူးခဲ့သည့် 'အတိတ်၏အရိပ်' ဇာတ်ကားသည်လည်း HDV ကင်မ ရာနှင့် ရိုက်ကူးပြီးဖလင်သို့ ကူးပြောင်းလုပ်ဆောင်ထားခြင်း ဖြစ်သည်။
    ထို့အတူ ဒါရိုက်တာအောင်ကိုလတ် ရိုက်ကူးသည့် 'ကယန်းအလှ'  ဇာတ်ကားကို HDW F 900 R ဖြင့်  ရိုက်ကူးကာဖလင်သို့ ကူးပြောင်း ဆောင်ရွက်ခဲ့ပြီး ရွှေပြည့်အိမ်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် 'န၀ရတ် ကိုးသွယ်' ဇာတ်ကားသည်လည်း Sony Blue Ray  ဖြင့်ရိုက်ကူးပြီး ဖလင်သို့ကူးပြောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းနောက် ဣစ္ဆိတံ ထုတ်လုပ်ရေးထုတ်လုပ်သည့် 'သမု ဒယ' ဇာတ်ကားသည်လည်း DV 570 နှင့် ရိုက်ကူးပြီး ဖလင်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
    ''တိပ်နဲ့ရိုက်ကူးပြီး ဖလင်ပေါ် ပြန်တင်တဲ့စနစ်ကို ထုတ်လုပ်ရေးအများစုက စိတ်ဝင်စားကြတယ်။ ဒါပေမယ့် အဲဒီစနစ်မှာအကောင်း၊ အဆိုးနှစ်မျိုးလုံးရှိနေတယ်။ လက်ရှိအချိန်ထိကတော့ မြန်မာနိုင်ငံမှာ စမ်းသပ်လုပ်ဆောင်နေပေမယ့် အောင်မြင်မှုရပြီလို့တော့ ပြောလို့မရပါဘူး''ဟု ၃၆ လမ်းရှိ ၀ါရင့်ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးက ပြောပြခဲ့သည်။
    ဆက်လက်၍ ယင်းစနစ်အား  လေ့လာဆောင်ရွက်နေသူ ဒါရိုက်တာတစ်ဦးကလည်း ''တိပ်ကနေ ဖလင်ပေါ် ပြန်တင်တဲ့စနစ်နဲ့ လက်ရှိထုတ်လုပ်ပြီးသား ဇာတ်ကားတွေကိုကြည့် ရင် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ကြည့်ရတာ ဖလင်ရသကိုမပေးနိုင်သေးဘူး။ ကုန်ကျစရိတ်ကို ကြည့်ရင်လည်း ဖလင်သုံးပြီးရိုက်ကူးတာနဲ့ ကွာခြားချက်က သိပ်မရှိ ဘူး။ အခုလက်ရှိအနေအထားအရ ဆိုရင်တော့ အားရစရာမရှိသေးပါဘူး။ အရည်အသွေးပိုင်းက ဖလင် နဲ့ ကွာနေသေးတယ်''ဟု သုံးသပ် ပြောကြားခဲ့သည်။