ရန်ကုန်သတင်းများ
- ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ စပါးစိုက်ခင်းများ၌ ဖြုတ်ပိုးကျရောက်မှုဖြစ်ပွား
- ၂၀၁၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ရန်ကုန်တိုင်း ဒေသကြီးတွင် အမှတ်အများဆုံး Top-Ten ဆုရှင် ၁၅ ဦး ထွက်ရှိ
- ဗဟိုဘဏ်မှ မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများအတွက် တစ်ပတ်လျှင် ငွေအကြွေသိန်း ၁၀၀ ခန့် လဲလှယ်ပေးလျက်ရှိရာ ယာဉ်တစ်စီးလျှင် ငွေအကြွေ ကျပ်တစ်ထောင်ကျော်ခန့် ရရှိသည်ဟု သိရ
- ပုံစံ (၁၉) ပြုလုပ်ရန် ပွဲစားများကို ယုံကြည်အပ်နှံမိခြင်းကြောင့် ငွေလိမ်ခံရသူများ ရှိနေ
- ၂၀၀ ကျပ်တန် ယာဉ်တွေကိုပဲ စီးရတော့မှာလား
- မင်္ဂလာဈေးတွင် အရေးပေါ် လှေကားများ ဆောက်လုပ်လျက်ရှိပြီး တတိယထပ်၌ ယာယီအမိုး ပြုလုပ်ပြီးပါက ဆိုင်ခန်းများအား ရောင်းချခွင့် ပေးမည်
- ထရပ်ယာဉ်များကို ကိုယ်ထည်ပြုပြင်ကာ သစ်လုံးတင်ယာဉ်၊ ကွန်တိန်နာယာဉ်များ အဖြစ် ပြောင်းလဲ အသုံးပြုခြင်း ခွင့်မပြုတော့ဘဲ စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်
- တောင်ဥက္ကလာပ ဘေလီတံတားတွင် ယာဉ်ဖြတ်သန်းမှု အများဆုံး အချိန်များတွင် နာရီဝက်မှ တစ်နာရီ ကြာခန့်အထိ ယာဉ်ကြောကြပ်တောင့် ပိတ်ဆို့မှုများရှိလာ
- အပေါင်ဆိုင်အချို့၌ ပစ္စည်းရွေးယူရမည့်ရက် တိုးမြှင့်သတ်မှတ်ပေး
- ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အဆောက်အအုံ ၁၅ လုံးကို အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် ထပ်မံကြေညာ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| နယ်နိမိတ်ကန့်သတ်ချက်ဖြင့် ချထားပေးသော CDMA-800MHz ဖုန်းများကို ရန်ကုန်တိုင်း အတွင်းသယ်ဆောင် အသုံးပြုနိုင်ရန်စီစဉ်မည် |
|
|
|
|
မြို့နယ်အလိုက်နယ်နိမိတ်ကန့် သတ်ချက်ဖြင့် ချထားပေးလျက်ရှိ သော CDMA-800MHz ဖုန်းများကို ရန်ကုန် တိုင်းအတွင်းသယ်ဆောင်အသုံးပြုနိုင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလဒုတိ ယအပတ်မှစတင်၍ မြို့နယ်အလိုက် နယ်နိမိတ်ကန့်သတ်ချက်ဖြင့်အသုံးပြု ရမည့် CDMA-800MHz ဖုန်းများကို ရန်ကုန်တိုင်းအတွင်းစတင်ချထားပေး ခဲ့ရာ ဇန်န၀ါရီလကုန်ပိုင်းအထိ ဖုန်း အရေအတွက် ၄၀၀၀ ၀န်းကျင်ကို ချ ထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။ ''နယ်နိမိတ်ကန့်သတ်ချက်နဲ့ အသုံးပြုနိုင်ဖို့ချပေးထားတဲ့ CDMA-800MHz ဖုန်းတွေကို လိုင်းပမာဏ အပေါ်မူတည်ပြီးရန်ကုန်တိုင်းအတွင်း သယ်ဆောင်အသုံးပြုနိုင်အောင်စီစဉ် သွားပါမယ်။ ဒီဖုန်းတွေကို အရင်ဆုံး ချထားပေးတဲ့ မန္တလေတိုင်းမှာလည်း ဒီလိုပဲမန္တလေးမြို့အတွင်းသယ်ဆောင် အသုံးပြုလို့ရတာပါဘဲ။ အလားတူ ရန်ကုန်မြို့မှာလည်း သယ်ဆောင်အ သုံးပြုနိုင်အောင် စီစဉ်နေတာပါ။ အ ချိန်အတိအကျပြောလို့မရပေမယ့် လ ပိုင်းအတွင်းသယ်ဆောင်အသုံးပြုနိုင် အောင်စီစဉ်သွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် CDMA-800MHz ဖုန်း များကို ရန်ကုန်တိုင်းအတွင်းဆက်လက် ချထားပေးသွားမည်ဖြစ်ပြီး ဖုန်းအလုံး ရေ ၃၀၀၀၀၀ ၀န်းကျင်အထိချထား ပေးသွားရန်ရှိကြောင်း သတင်းရရှိပါ သည်။ |





Comments