ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ဒိုင်နာယာဉ်လိုင်းများ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ ရန်ကုန်မြို့တွင်းမြို့နယ်များသို့ ပြေးဆွဲခွင့်မရှိတော့၍ လမ်းကြောင်းများပြောင်းလဲပြေးဆွဲ PDF Print E-mail
ရန်ကုန်မြို့တွင် ပြေးဆွဲနေကြ သော ဒိုင်နာယာဉ်လိုင်းများ လမ်း ကြောင်း ပြောင်းလဲပြေးဆွဲလာကြခြင်း နှင့်အတူ တာမွေမြို့နယ်ဝန်းကျင်တစ် ၀ိုက်ကိုအခြေပြု၍ ပြေးဆွဲလာကြ သောယာဉ်လိုင်းများလည်း  ပိုမိုများ ပြားလာခဲ့သည်ဟု သတင်းရရှိသည်။

အထူးသဖြင့် တာမွေမြို့နယ် တစ်ဝိုက်ကို အခြေပြု၍ ပြေးဆွဲလာ ကြသော ယာဉ်လိုင်းများမှာ ဒိုင်နာ ယာဉ်လိုင်းများနှင့် ဟိုင်းလပ်ယာဉ် လိုင်းများ ဖြစ်ကြသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နေ့ကလည်း အဆိုပါဒိုင်နာယာဉ်များ ကဲ့သို့ပင်  စစ်ကျန်ဘတ်ယာဉ်ကြီး များမှာ တာမွေမြို့နယ်ကို အခြေပြု၍ လမ်းကြောင်းများပြောင်းလဲပြေးဆွဲ ခဲ့ကြသည်။  

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ဒိုင်နာယာဉ်လိုင်း များ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အတွင်းသို့ ၀င်ရောက်ပြေးဆွဲမှုကို စတင်ပိတ်ပင်လိုက်ခြင်းနှင့်အတူ အ ဆိုပါဒိုင်နာယာဉ်လိုင်းများအနက်အချို့ မှာ တာမွေမြို့နယ်ဝန်းကျင်တစ်ဝိုက် နှင့်မင်္ဂလာတောင်ညွန့်မြို့နယ်တို့ကို အခြေပြု၍ ယာဉ်လိုင်းများပြောင်းလဲ ပြေးဆွဲခဲ့ကြသည်။ ယင်းသို့ ပြောင်း လဲပြေးဆွဲခဲ့ကြရာတွင် မ.ထ.သ ယာဉ် လိုင်းမှ ၃၄၊ ၃၈ (အနီ၊ အစိမ်း)၊ ၃၁၊ ၃၆၊ ၆၃၊ ၁၇၁၊ ၁၉၆ ယာဉ်လိုင်းတို့ သည် မူလလမ်းကြောင်းများမှ လမ်း ကြောင်းပြောင်းပြေးဆွဲကြသည်။

၃၁ ဒိုင်နာယာဉ်လိုင်းသည် ဒဂုံ မြို့သစ်မြောက်ပိုင်းမှတာမွေ၊ ယင်းမှ မင်္ဂလာတောင်ညွန့်မြို့ စက်ဆန်းအေ ဘီစီသို့လည်းကောင်း၊ ၃၈ အစိမ်းလိုင်း သည် စက်ဆန်းအေဘီစီမှ သုဝဏ္ဏ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဦးဝိစာရလမ်း (မဟာမြိုင်အိမ်ရာ)၊ မြောက်ဥက္ကလာ ပအ၀ိုင်း၊ ဈဈေးနှင့် ၆ ကွေ့သို့လည်း ကောင်း၊ ၃၈ အနီလိုင်းသည် ဒဂုံမြို့ သစ်မြောက်ပိုင်း၊ သုဝဏ္ဏနှင့် တာမွေ ဗလီသို့လည်းကောင်း၊ ၃၆ ဒိုင်နာ လိုင်းသည် ဒဂုံမြို့သစ်မြောက်ပိုင်း ၅၀ ကွေ့မှ ဘေလီတံတား၊ ရန်ကင်း၊ ဦး ချစ်မောင်လမ်းနှင့်တာမွေဗလီသို့လည်း ကောင်း၊ ၁၇၁နှင့် ၁၉၆ ယာဉ်လိုင်း တို့မှာဒါးပိန်မြို့နယ်နှင့် တာမွေဗလီ သို့လည်းကောင်းအခြေပြုပြေးဆွဲလာ ကြသည်ဟု သိရသည်။ ယင်းအပြင် ၃၄ ဒိုင်နာယာဉ်လိုင်းသည် သာကေ တ၊ သုဝဏ္ဏတံတား၊ တာမွေ၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ သံသုမာလမ်း၊ မြောက် ဥက္ကလာအောင်မင်္ဂလာအဝေးပြေးဝင်း သို့လည်းကောင်း၊ ၆၃ ယာဉ်လိုင်း သည် သာကေတ၊ သုဝဏ္ဏ၊ စံပြဈေး၊ သံသုမာလမ်း၊ မြောက်ဥက္ကလာအောင် မင်္ဂလာအဝေးပြေးဝင်းသို့လည်းကောင်း ပြောင်းလဲပြေးဆွဲခဲ့ကြသည်ဟုသိရသည်။

မ.ထ.သ ဒိုင်နာယာဉ်လိုင်းများ အပြင်အနောက်ပိုင်းခရိုင်မှဒိုင်နာယာဉ် လိုင်းများသည်လည်းလမ်းကြောင်း များပြောင်းလဲပြေးဆွဲခဲ့ကြသည်ဟု သိ ရသည်။ ယခင်က သီရိမင်္ဂလာဈေး ကိုဖြတ်သန်း၍ မြို့တွင်းမြို့နယ်များ သို့ ဖြတ်သန်းပြေးဆွဲနေကြသော  ဒိုင် နာယာဉ်လိုင်းများ၊ ၁၀၅၊ ၁၀၇ ဒိုင်နာ ယာဉ်လိုင်းများသည်လည်းလမ်းကြောင်း များပြောင်းလဲပြေးဆွဲခဲ့ကြသည်။        

 

Comments

 
0 #1 speedspy 2010-02-07 19:15
ကောင်းပါတယ်။ ဒီလိုလုပ်တာကောင်းပါတယ်။ နည်းနည်းနားငြီး သက်သာ သွားပြီပေါ့...... :P