ပြည်တွင်းသတင်းများ
- နံပါတ် ၇၂ ဖြင့်စသည့် ခြင်းဖုန်းများအား CDMA 800 MHz အပြင် GSM၊ WCDMA ဖုန်းအမျိုးအစားများဖြင့်ပါ လဲလှယ်ခွင့် ပြုနေ
- Air Mandalay လေကြောင်းလိုင်းမှ ထပ်မံဝယ်ယူသည့် လေယာဉ်သစ် ရောက်ရှိလာ၍ ရပ်နားထားသော ခရီးစဉ်များအား မကြာမီ ပြန်လည်ပြေးဆွဲမည်
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| အိမ်နီးချင်းနိုင်ငံများ အပါအ၀င် နိုင်ငံအချို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမရှိ၊ အရေးပေါ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစီမံချက်ဖြင့် ဆောင်ရွက်နေ |
|
|
|
|
၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ် ဇန်န၀ါရီလအထိ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုတို့ အပါအ၀င်နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဖြစ်ပွားမှုမရှိသေး ကြောင်းနှင့် ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အရေးပေါ်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးစီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ''မြန်မာနိုင်ငံအနေနဲ့ ကြက်ငှက် တုပ်ကွေးရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပြည်တွင်းက ဌာန၊ အဖွဲ့အစည်းတွေအပြင် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE) ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့(FAO)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၊ CARE Myanmar ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနအစရှိတဲ့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ ပူးပေါင်းပြီး အာဆီယံမဟာဗျူဟာတွေ၊ မူဘောင်တွေနဲ့အညီ အရေးပေါ်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးစီမံချက်(Contingency Plan) ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်''ဟု မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ် မောင်မောင်သိမ်းက ပြောကြားခဲ့ သည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် စတင်ဖြစ်ပွားခဲ့သည့် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ စာရင်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၆၁ နိုင်ငံတွင် ဖြစ်ပွားမှုရှိခဲ့ပြီး နိုင်ငံ ၁၅ နိုင်ငံတွင် လူ ၄၄၇ ဦးသို့ ကူးစက်ကာ ၂၈၂ဦး အသက် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် က မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ကြက်ကောင်ရေ ခြောက်သိန်းခွဲခန့် သုတ်သင်ဖျက်ဆီးခဲ့ရကြောင်းနှင့် ၂၀၀၇ခုနှစ်တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကာ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင် ကျိုင်းတုံ၌ အသက်ခုနစ်နှစ် သမီးအရွယ်ကို ကူးစက်ခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေး ရောဂါမှာ စီးပွားဖြစ်မွေးမြူသည့် ကြက်များတွင် ဖြစ်ပွားခဲ့ပြီး ၂၀၀၇ ခုနှစ်နှစ် ကုန်ပိုင်းတွင်မူ ဒေသကြက်များတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကင်းရှင်းကြောင်း ကို ၂၀၀၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကမ္ဘာသို့ကြေညာနိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။ |




