ပြည်တွင်းသတင်းများ
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
- ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေး
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
|
မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးများကို လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်းများအား ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦး နှင့် ၄င်းပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်လိုက်ကြောင်း ကြေညာချက်များအား နေပြည်တော်ရှိ ၀န်ကြီးဌာနအချို့တွင် သတိပေးထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရပါသည်။ မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးများကို လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်းများအား ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦး နှင့် ၄င်းပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်လိုက်ကြောင်း ကြေညာချက်များအား နေပြည်တော်ရှိ ၀န်ကြီးဌာနအချို့တွင် သတိပေးထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရပါသည်။ စင်ကာပူနိုင်ငံသားသည် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် လုပ်ငန်းပြည်ဝင်ခွင့် ဗီဇာလျောက်ထားရာတွင် မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုး သမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသောကြောင့် စင်ကာပူနိုင်ငံရှိ မြန်မာသံအမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြအကြောင်းကြားခဲ့ကြောင်း၊ ထိုကဲ့သို့ အကြောင်းကြားလာမှုအပေါ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ စစ်ဆေးပေါ်ပေါက်ချက်အရ စင်ကာပူနိုင်ငံသား တစ်ဦး၏ ငွေကြေးနှင့်ဖွဲ့စည်း တည်ထောင်ထားသော အထွေထွေဝန်ဆောင်မှုကုမ္ပဏီကို ဖျက်သိမ်းပြီး ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံသား အပါအ၀င် လူပုဂ္ဂိုလ်များအား အမိန့်ကြေညာစာ ထုတ်ပြန်သည့် နေ့မှစ၍ အမည်ပျက်စာရင်းတွင် ထည့်သွင်း သတ်မှတ်လိုက်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ထိုကဲ့သို့ အမည်ပျက်စာရင်း ထုတ်ပြန်ကြေညာရာတွင် စင်ကာပူ နိုင်ငံသားတစ်ဦးနှင့် အတူ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်ဆိုသူ မြန်မာအမျိုးသမီးနှစ်ဦးလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ |





Comments