တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ချစ်သူများနေ့တဲ့လား PDF Print E-mail
   ဒီနေ့ . . .
    ဖေဖော်ဝါရီ ၁၄ ရက်
    ''ချစ်သူများနေ့''တဲ့လား
    ညီမလေးရေ . . .
    ရင်ခုန်နေသလား
    ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
    ချောကလက်လေးတွေ၊
    . . .တွေ၊ . . .တွေ
    ဟိုက သည်က
    အများကြီး အများကြီး
    မင်းရနေသလား
    လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
    လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
    လူလတ်တွေလဲ ကသုတ်ကရက်
    လူတတ်တွေလဲ ဗရုတ်ဘယက်၊
    အော် . . .
    တကယ်တော့ . . .
    ဒီနေ့ဟာ . . .
    ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
    ၄၅ ရက်မြောက်နေ့ . . .
    'ကလောဒီယမ်စ်'ဆိုတဲ့
    သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
    ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီ
    ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
    တာနီမြို့က Saint Valentiuns  ဆိုတဲ့
    သူတော်စင်ပုဂ္ဂိုလ်ကြီး
    ရောမမှာ . . .
    နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
    သူတို့ဟာ သူတို့
    ဂုဏ်ပြုရင်ပြုပါစေ . . .
    တို့တွေနဲ့အဝေးကြီးပါကွယ် . . .
    

    ညီမလေးရယ်
    
    တစ်ခုလောက်
    သေသေချာချာ စဉ်းစားပါဦး
    မနေ့က . . .
    ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
    လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
    နွေအကူး . . .
    လေရူးတွေ ဝေနေတဲ့
    အဲဒီနေ့ . . .
    စနေနေ့ မနက်
    အရုဏ်တက်လို့
    မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
    'ထိန်လင်း'ဆိုတဲ့
    ကလေးငယ်ကလေး
    ဟိုး အညာက နတ်မောက်မြို့မှာ
    မွေးဖွားခဲ့တယ်
    သူက . . .
    စာပေကို ချစ်တယ်
    အမှန်တရားကို ချစ်တယ်
    ရင်သွေးတွေကို ချစ်တယ်
    အဲဒါတွေ အားလုံးထက်ပိုပြီး . . .
    တို့တိုင်းပြည်ကိုချစ်သတဲ့

    ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊   
    ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
    ယောက်ျားကောင်းတို့ရဲ့ သီလ၊
    ယောက်ျားကောင်းတို့ရဲ့ စာဂ
    ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
    ယောက်ျားကောင်းတို့ရဲ့ ပညာ၊
    ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
    သူ့မှာ အကုန်ရှိသတဲ့ . . .

    နောက်ဆုံး . . .
    အဲဒါတွေအကုန်လုံး
    တိုင်းပြည်ကိုပေးပြီး
    ဘာမှ ယူမသွားရှာလေတဲ့ . . .
    ချစ်သူကောင်းတစ်ယောက်
    ယောက်ျားကောင်းတစ်ယောက်
    ဖခင်ကောင်းတစ်ယောက်
    အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
    တို့ရဲ့ . . .
    မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
    ချစ်ဖို့မေ့နေကြတာ
    ရင်နာလိုက်တာကွယ်။


    'ဖေဖော်ဝါရီဆယ့်သုံးမှာ
    ဗိုလ်ချုပ်မွေးနေ့ပါ။
    ထထောင့်ကိုးရာတဆယ့်ငါး၊
    ရှေ့နေဦးဖာ သား။
    ဇာတိနတ်မောက် မကွေးခရိုင်၊
    သိကြများခုတိုင်။
    ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
    မိခင်ဒေါ်စု သား . . .'
    ငယ်ငယ်က
    ဆိုခဲ့ရတဲ့ ကဗျာလေး . . .
    အခုတော့ ဘယ်မှာလဲ

    ကိုယ်နဲ့ ဘာမှမဆိုင်တဲ့   
    အီတလီက သူတော်စင်ကို
    သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
    ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
    အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
    တို့တွေအတွက်
    ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
    အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
    ဒီနှစ်တော့ ရှိပါစေတော့
    ညီမလေးရယ် . . .

 

ဟယ်ရီလွင်

http://harrylwin.blogspot.com/2009/02/blog-post_14.html

 

Comments

 
0 #8 waiwar 2010-02-20 14:41
ခုလိုဖော်ပြပေးတဲ့အတွက် eleven media group ကို ကိုဟယ်ရီလွင်ကို ယ်စားရော မြန်မာအင်ဂျင်နီယာဖိုရျွ်ကိုယ်စားအထူးပင် ကျေးဇူးတင်ရှိပါ တယ်ခင်ဗျာ
အကိုဟယ်ရီလွင်ရဲ့ နာမည်လေးပါ အောက်ဆုံးမှာပါတဲ့အတွက်အထူးကျေး ဇူးတင်ရှိပါ တယ်ခင်ဗျာ
 
 
+1 #7 rkaroo 2010-02-19 15:13
ကျေးဇူးတင်တယ်။ ကျနော့်စိတ်ထဲမှာ သဘောမတွေ့ဘဲ မချိတင်ကဲနဲ့ ဘယ်လိုဖြေရှင်းေ ချပရမလဲဆိုတာတွေ ကို ထိထိမိမိကိုပြော ပြလိုက်သလိုပါပဲ
ဟုတ်တယ် ... ဒါငါတို့ဗိုလ်ချုပ်
ကိုယ်ကျိုးစွန့် အနစ်နာခံ တိုင်ပြည်အတွက်အ သက်ပေးလှူခဲ့တော့  ၃၄နှစ်သာရှိသေး ... အကိုကြီးဗိုလ်ချုပ်၊ ညီလေးသခင်အောင်ဆ န်း လို့ပဲကိုယ့်အသက်နဲ့ယှဉ်ကြည့်မိ ၊ ရှက်စရာကောင်းတဲ့ ငါတို့သမိုင်း Valentine နဲ့ရိုင်းစေတော့ မှာလား၊ မေ့လျှော့လိုက်ြ ကတော့မလား။ Valentine နဲ့ရော မှိုင်းတိုက်ခံေ နရရင်တော့ သမိုင်းမှာခင်ဗျားလည်းမရှိ ကျုပ်လည်းမရှိဖြ စ်ရတော့မယ်။
တာဝန်သိရင် တာဝန်ရှိတယ်ဆိုတဲ့အတိုင်း မမေ့သင့်မမေ့အပ် တဲ့အရာတွေကို ဖော်ကြပါစို့။
 
 
+1 #6 Wai Wai 2010-02-08 11:58
Thank you !
Will Eleven media put this poem in paper version?? Some adults even don't know how many states and division in our country, and forgot also Martyr day...
 
 
+1 #5 daystar006 2010-02-07 17:48
အပေါ်က ရေးထားတဲ့ ကဗျာ နဲ့ စိတ်ကူး ကိုတော့ သဘောကျပါတယ်.. ချစ်သူများနေ့ ဟာ မြန်မာ့ပြည်က ချစ်သူတွေနဲ့ ဘာမှမဆိုင်ဘူးလို့လဲ သွားပြောလို့မရပါဘူး
ဘာပဲဖြစ်ဖြစ် ချစ်သူစုံတွဲတွေ ကတော့ ဆိုင်တယ်လို့ပြောမှာပါ..
ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးေ န့က ချစ်သူများနေ့ရှေ့မှာရှိပါတယ်.. ဒါပေ့မယ် ပြည်ထောင်စုနေ့ကို နိုင်ငံတော်က နေရာများများမှာ ကျင်းပ တော့လူတိုင်းသိေ ပ့မယ် .. ဗိုလ်ချုပ်မွေးေ န့ကို
ကျွန်တော်တို့ရဲ့  နောက်ထပ်ဖြစ်ပေါ် လာမယ့် မျိုးဆက်တွေသာမက .. လူကြီး ပိုင်းတွေတောင် မသိတော့ဘူး ဖြစ်နေတယ်..
ကျွန်တော်သဘေြာေ ပာရရင်တော့.. ဗိုလ်ချုပ်မွေးေ န့မှာ.. ဒီနေ့က ဗိုလ်ချုပ်မွေးေ န့ .. ဆိုတာ သိရအောင် ဂျာနယ်တွေမှာ ဖော်ပြပေးစေချင် ပါတယ်..
 
 
0 #4 pyaephyoaung 2010-02-06 20:47
မူရင်းစာရေးသူရဲ့  Blog Link ကို Share ပေးပါရစေ။
harrylwin.blogspot.com/2009/02/blog-post_14.html
 
 
0 #3 achitsone 2010-02-06 18:45
Please credit to original poet, Harry Lwin.

harrylwin.blogspot.com/2009/02/blog-post_14.html
 
 
0 #2 moon125521 2010-02-06 16:43
That right.We need to make all of our people to remember our great national day and the birthday of our great leader General Aung Sann.Why most of young people always forget that two days before the 14th Feb,instead of 12 and 13th.I am so boring about that.I always remember our great great 3 days,4th Jan and 12nd and 13rd of Feb.But nowadays people more likely to know about the popular news than that of days.So......
 
 
+1 #1 hankoaung 2010-02-05 14:22
အင်း တော်တော် အနှစ်သာရရှိပါတယ်။ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးေ န့က ချစ်သူများနေ့ရှေ့မှာကပ်လျှက်ပဲ လေ။ မေ့ကုန်ကြပြီ။ သတိရတဲ့သူကလည်း နှစ်နှစ်ကာကာ မရှိလှတော့ဘူး။ ရင်ထဲမှာ စွဲမနေလို့ဖြစ်ရ တဲ့ ကိစ္စပါပဲ။

ရင်ထဲနှလုံးသားထဲမှာ အသိစိတ်ရှိရှိနဲ့  ယုံကြည်မှတ်သားမှ တန်ဖိုးဆိုတာကို နားလည်မှာဗျ။ အဲသလိုမှမဟုတ်ရင် တန်ဖိုးဆိုတာ နားမလည်တဲ့အပြင် ခဏအတွင်း မေ့ပျောက်သွားလိ မ့်မယ်။ အလေးမထားတတ်ဖြစ် လိမ့်မယ်။

ကျွန်တော်တို့ရဲ့  နောက်ထပ်ဖြစ်ပေါ် လာမယ့် မျိုးဆက်တွေမှာ ဒီလို ခပ်ထုံထုံ(ညံ့ရင် သင်လို့ရသေးတယ်) အတွေးမျိုးတွေ နှလုံးသားမျိုးေ တွ မပိုင်ဆိုင်ရအော င် ကြိုးစားရမှာပေါ့ ဗျာ။

ရုပ်ပိုင်းထက် စိတ်ပိုင်းဆိုင် ရာ ယဉ်ကျေးမှုများ ထွန်းကားပါစေ။
စိတ်ပိုင်းဆိုင် ရာ ခေတ်မီမှုများ ထွန်းကားပါစေ။