ပြည်တွင်းသတင်းများ
- နံပါတ် ၇၂ ဖြင့်စသည့် ခြင်းဖုန်းများအား CDMA 800 MHz အပြင် GSM၊ WCDMA ဖုန်းအမျိုးအစားများဖြင့်ပါ လဲလှယ်ခွင့် ပြုနေ
- Air Mandalay လေကြောင်းလိုင်းမှ ထပ်မံဝယ်ယူသည့် လေယာဉ်သစ် ရောက်ရှိလာ၍ ရပ်နားထားသော ခရီးစဉ်များအား မကြာမီ ပြန်လည်ပြေးဆွဲမည်
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ကမ္ဘာလှည့် ခရီးသွားများပြားလာခြင်းနှင့်အတူ လူကုန်ကူးခြင်း၊ လိင်အလွဲသုံးစား ပြုခြင်းများကိုလည်း နောက်ဆက်တွဲအနေဖြင့် သတိပြုဖွယ်ဖြစ်လာကြောင်း သိရ |
|
|
|
ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်မှုများပြားလာခြင်းနှင့်အတူ လူကုန်ကူးခြင်း၊ လိင်အလွဲသုံးစားပြုခြင်းများကိုလည်း နောက်ဆက်တွဲအနေဖြင့် သတိပြုဖွယ်ဖြစ်လာကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး(ဗဟို)အဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ နှစ်စဉ်ဝင်ရောက်မှု များပြားလာခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများအနေဖြင့် နိုင်ငံ့ဝင်ငွေတိုးတက် ရှာဖွေနိုင်ခဲ့သော်လည်း တစ်ဘက်တွင်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း၌ ယင်းကဲ့သို့ နောက်ဆက်တွဲကိစ္စရပ်များ ကြုံတွေ့လာရခြင်းကြောင့် သတိပြုဖွယ်ဖြစ်လာကြောင်းလည်း သိရှိရသည်။ ''မြန်မာပြည်ကို ကမ္ဘာလှည့်ခရီး သွားလာရောက်မှုက ဒီ ၂၀၀၉ ခုနှစ်နောက်ပိုင်း သိသိသာသာ မြင့်တက်လာတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်ပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ အရှေ့တောင်အာရှဒေသတွေကို ဥရောပနိုင်ငံက ခရီးသွားတွေ က စိတ်ဝင်စားလာကြတယ်။ မြန်မာ ပြည်ကိုလာတဲ့ ခရီးသွားအများစုက မြန်မာပြည်မှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဘုရားပုထိုး စေတီတွေ၊ အပန်းဖြေစခန်းတွေကို လေ့လာချင်လို့လာကြတာ များပါတယ်။ ခရီးသွားတွေများလာတာနဲ့ အမျ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကိစ္စရပ်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်''ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
|





ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်မှုများပြားလာခြင်းနှင့်အတူ လူကုန်ကူးခြင်း၊ လိင်အလွဲသုံးစားပြုခြင်းများကိုလည်း နောက်ဆက်တွဲအနေဖြင့် သတိပြုဖွယ်ဖြစ်လာကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး(ဗဟို)အဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
သူတို့နိုင်ငံတွေမှာ ဒီလိုကိစ္စတွေအတွက် ကျပ် ၂၀၀၀၊ ကျပ် ၃၀၀၀နဲ့ မရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက လက်လုပ်လက်စား ကလေးတွေကို မတန်တဆဈေးပေးပြီး ပျော်ပါးကြတာတွေ့ရပါတယ်။ အပြင်ပန်းက ကြည့်ရင် နိုင်ငံခြားသားတစ်ယောက် ရဲ့အနားမှာ ကလေးတွေဝိုင်းနေတာ တွေ့တော့ ကလေးပဲ အရမ်းချစ်သလိုမျိုး မြင်တွေ့ရနိုင်ပြီး တကယ်တမ်းမှာတော့ အဲဒီကလေးတွေနဲ့ လိင်တူ ဆက်ဆံဖို့အတွက် ဒီလိုနေနေကြတာ လည်း မှုခင်းအချက်အလက်တွေအရ သိခဲ့ရတယ်။ ခရီးသွားတိုင်းကို မဆိုလိုပေမယ့် ဒီခရီးသွားတွေထဲမှာ ဒီလိုကိစ္စတွေ ရှိနေတာကိုတော့ အများ ပြည်သူကိုပဲ အသိပညာပေးနိုင်ဖို့ လုပ်ဆောင်ကြရမှာပါ''ဟု ပြောပြခဲ့ သည်။