ပြည်တွင်းသတင်းများ
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
- ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေး
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| မြို့ပြနေလူထုအတွက် ဘေးအန္တရာယ်ကင်းစင်သော အစားအသောက်ရရှိရေးမှာ အရေးကြီးသော အကြောင်းအရင်းတစ်ခုဖြစ်လာ |
|
|
|
ကမ္ဘာ့လူဦးရေ၏တစ်ဝက်ခန့်မှာ မြို့ပြဧရိယာများတွင် နေထိုင်ကြပြီး နှစ်စဉ်လူဦးရေသန်းပေါင်းများစွာသည် အစားအသောက်များမှ တစ်ဆင့်ကူးစက်သောရောဂါများကြောင့် သေဆုံးရလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ ထုတ်ပြန်သော စာရင်းဇယားများအရသိရှိရသည်။လူသားတစ်ယောက်အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးတွင် စိတ်၊ ဥတု၊ အဟာရ၊ကံနှင့် ဣရိယာပုဒ် တို့မျတစွာရရှိရန် လိုအပ်ကြောင်း လေ့လာသိရှိရပြီး ထိုအချက်များထဲမှ အဟာရပြည့်စုံသော အစားအသောက် ရရှိရန်သည် အရေးကြီးသောအခြေခံ အကြောင်းအရာ တစ်ခုဖြစ်ကြောင်း မှာ လူတိုင်းသိရှိနားလည် ထားကြသော်လည်း ထိုအစားအသောက်များသည် ဘေးအန္တရာယ် ကင်းရှင်းသော(Safe Food)ဖြစ်ရန် လိုအပ်ကြောင်းကိုမူ လူတိုင်းသိနားလည်ခြင်းမရှိကြသေးကြောင်း လေ့လာသူများကဆိုပါသည်။ ''လူတစ်ယောက် နေ့စဉ်မှီဝဲလိုက်တဲ့ အစားအစာတွေထဲမှာကျန်း မာရေးကို အထောက်အကူဖြစ်စေမယ့် အာဟာရဓာတ်တွေပါသလို ခန္ဓာကိုယ်ကိုဒုက္ခပေးမယ့် အဆိပ်အတောက်တွေလည်း ပါဝင်လာနိုင်ပါတယ်။ အသက်အရွယ်ငယ်ရွယ်စဉ်မှာတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်က ကောင်းမွန်နေတော့ မသိသာပေမယ့် အသက်အရွယ်ရလာတာနဲ့ ရောဂါတွေတစ်ခုမဟုတ်တစ်ခု ပေါ်လာတော့တာပါပဲ။ ဒါကြောင့်နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်ကင်းစင်မှုက အရေးကြီးလာပါပြီ။ အထူးသဖြင့် မြို့ပြနေလူထုအတွက် ဘေးအန္တရာယ် ကင်းစင်တဲ့ အစားအသောက်ရရှိရေး ကို အလေးထားပြီး လုပ်ဆောင်ရပါတော့မယ်''ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက သတိပေးပြောကြားပါသည်။ မြို့ပြများတွင် နေထိုင်သူများ အနေဖြင့် အစားအသောက်အတွက် တစ်ဆင့်ပြန်လည်ရောင်းချသူများ ထံတွင်မှီခိုနေရပြီး သန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်တစ်ခုရရှိရန် ရွေးချယ်ပိုင်ခွင့်နည်းကြောင်း သိရသည်။ နေ့စဉ်စားသုံးနေရသော အခြေခံ အစားအစာများ၏အရည်အသွေးမှာလည်း ၀ယ်ယူရာနေရာဒေသကိုလိုက်၍ အပြောင်းအလဲရှိနေသကဲ့သို့ ၀င်ငွေ၏ရာခိုင်နှုန်းအတော်များများမှာ အစားအသောက်အတွက် သုံးစွဲနေရလျက်ရှိသည်။ သို့ရာတွင် ထိုအစားအသောက်များ၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ပတ်သက်၍မူ အာမခံချက်တစ်စုံတစ်ရာမျရရှိကြခြင်း မရှိဟု လေ့လာသူများက ဆိုပါသည်။ '' သဘာဝပစ္စည်းအတိုင်း ထုတ်လုပ်တဲ့ အစားအသောက်ကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် သဘာဝအတိုင်း ထုတ်လုပ်တဲ့ပစ္စည်း က ရှားတယ်၊ ဈေးကြီးတယ်။ ဒါကြောင့် ဓာတုပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာတို့၊ ပိုးသတ်ဆေးတို့ သုံးထားတဲ့အစားအစာတွေကိုပဲ လူများစုကစားကြရမှာပါ။ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် အစာအဆိပ်သင့် တာ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေနဲ့ သက်ဆိုင်တဲ့ရောဂါတွေအပြင် ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ပါ တယ်။ မဖြစ်မနေစားကြရပေမယ့် သတိထားဖို့တော့လိုပါတယ်။အရေးကြီးဆုံးအချက်က ဓာတုသုံးထားတဲ့ အစားအသောက်တွေကို စားရင် စနစ်တကျသန့်စင်ပြီးစားဖို့၊ ဓာတုဆိုး ဆေးသုံးထားတဲ့အစားအစာတွေကို လုံးဝမစားဖို့၊ သက်ဆိုင်ရာက ထုတ်ပြန်တဲ့အန္တရာယ်ရှိ အစားအစာထုတ် ပြန်ကြေညာချက်တွေကို စောင့်ကြည့် လိုက်နာဖို့၊ ကျန်းမာရေးဗဟုသုတ ကို တတ်နိုင်သလောက် ဖြည့်တင်းထားဖို့အပြင် စားသုံးသူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အကာ အကွယ်ပေးနိုင်မယ့် စားသုံးသူအဖွဲ့ အစည်းတစ်ရပ် တည်ထောင်နိုင်ဖို့လည်းလိုပါတယ်''ဟု ဒုတိယပါမောက္ခ ချုပ်(ငြိမ်း)ဒေါက်တာအောင်ကြီးက ထင်မြင်ချက်ပေးခဲ့ပါသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာသုံးစွဲခြင်းကလည်း ပြဿနာရှိနိုင်သည်။ ဓာတ်မြေသြဇာတွင်ပါဝင် သော Nitrate မှာ Nitrite သို့ ပြောင်းသွားပြီး လူ့ခန္ဓာကိုယ်အတွင်း ၌ Nitrosamine အဖြစ်ပြောင်းလဲသွားသည်။ အဆိုပါ နိုင်ထရိုစမင်း ကို တိရစ္ဆာန်များတွင် စမ်းသပ်ကြည့်ရာ၌ ကင်ဆာရောဂါ ဖြစ်ပွားစေသည်ကို တွေ့ရှိရသည်။ ထို့ပြင် ပိုးသတ်ဆေး၊ သီးပင် စားပင်တို့ကို ပိုးမကျအောင် ပက်ဖြန်းရသော ပိုးသတ်ဆေး၊ ဆန်၊ ပဲ စသည်တို့ကို ခူးဆွတ်ရိတ်သိမ်းပြီး ထည့်ရသော ပိုးသတ်ဆေးများကြောင့် လည်း ကင်ဆာရောဂါအပါအ၀င် ရောဂါအမျိုးမျိုးတို့ ဖြစ်ပွားနိုင်ကြောင်းသိရသည်။ ယင်းကဲ့သို့ အစားအသောက်များ တာရှည်ခံစေရန် အတွက် ဓာတုပစ္စည်းအမျိုးမျိုးထည့် ကြသည်မှာလည်း ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။ ယနေ့ခေတ်တွင် ခေတ်စားလာသော အသင့်စားအစားအစာ (Ready Made Food)များတွင် အရောင်အဆင်းလှစေရန် ထည့်သွင်းအသုံး ပြုသော ဆိုးဆေးများနှင့်တာရှည်ခံ စေရန်အတွက် ထည့်သွင်းထားသော ထိန်းဆေးများမှာလည်း အန္တရာယ်များလှကြောင်းသိရသည်။ အခြေခံ အစာအာဟာရတစ်ခု ဖြစ်သော အဆီစားသုံးခြင်းကလည်း ယနေ့ခေတ်ရောဂါများနှင့် များစွာ ဆက်စပ်လျက်ရှိသည်။ ယခင်က ဆီစားသုံးမှုလွန်ကဲလျင် နှလုံးရောဂါ အဖြစ်များသည်ဟုသာ ယေဘုယျထင် မြင်ခဲ့ကြသည်။ နောက်ပိုင်းတွေ့ရှိ ချက်များအရ အဆီကြောင့် ဖြစ်ပွားနိုင်သောရောဂါများမှာ များစွာရှိ ကြောင်းသိရှိလာခဲ့ကြောင်း သိရသည်။ ဆီကိုပြည့်ဝဆီ၊ ပြည့်ဝမဟုတ်သော ပေါင်းစုဆီ(ပေါ်လီဆီ)၊ ပြည့်ဝ မဟုတ်သော တစ်မယ်တည်းသော ဆီ(မိုနိုဆီ)ဟုသုံးမျိုးခွဲခြားနိုင်သည်။ ပြည့်ဝဆီနှင့် ပေါ်လီဆီတို့ သည် ကျန်းမာရေးအတွက် အလွန်အကျွံစားသုံးရန်မသင့်ဘဲ အသီးအနှံ များမှရရှိသော မိုနိုဆီကိုသာ သုံးစွဲသင့်ကြောင်း သိရသည်။ မြန်မာတို့ အစဉ်အဆက်စားသုံးခဲ့သော မြေပဲဆီ သည် မိုနိုဆီအမျိုးအစားဖြစ်သော်လည်း ဈေးကွက်အတွင်း စားသုံးသူ လိုအပ်ချက်မြင့်မားသောကြောင့် အရောအနှောများဖြင့် ရောင်းချမှုများ ရှိနေ၍ အစိုးရအဖွဲ့အစည်းတစ်ခုခု က ကမကထပြုကာ ဆီအဆင့်အတန်း သတ်မှတ်ပေးမည်ဆိုလျင် ဆီကြောင့် ဖြစ်ပွားရသော ရောဂါများ ကျဆင်းလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။ အဆီတွင် အာနိသင်နှစ်မျိုးရှိ ပြီး အချို့အဆီများသည် အသက် အန္တရာယ်ဖြစ်စေနိုင်သလို အချို့ အဆီများသည် ခန္ဓာကိုယ်ကိုအကျိုး ပြုခြင်းကြောင့် စားသုံးသင့်ကြောင်း၊ အသက်အန္တရာယ်ထိခိုက်စေသည့် အဆီကို နှစ်မျိုးခွဲခြားနိုင်ပြီး ပြည့်ဝ ဆီ(Saturated Fat)နှင့်Trans Fat (ဆီခဲ-မာဂျရင်း၊ အကြော်ခံဆီ၊ ပြန် ကြော်ဆီ)ဖြစ်ကြောင်း၊ အကျိုးပြု သောအဆီမှာ မပြည့်ဝဆီ (Polyuns - aturated Fat နှင့် Monounsurated Fat) တို့ဖြစ်ကြောင်း သိရသည်။ ''အဓိကကတော့ ဆီခဲ-မာဂျ ရင်းတွေမှာ Trans Fat အများဆုံး ပါတယ်။ အသင့်စားအစားအစာ တွေမှာ သုံးဆီကို Hydrogenation နည်းနဲ့ ပြုပြင်လိုက်ရင်လည်း Trans Fat ဖြစ်သွားတယ်။ ဟင်းချက်ဆီတွေကို အကြိမ်ကြိမ်ကြော်ချက်ရင် လည်း Trans Fat ဖြစ်ပါတယ်။ Trans Fat က ပြည့်ဝဆီတွေထက် သွေးထဲ က ကိုလက်စထရောပမာဏကို ပို မြင့်လာစေပါတယ်''ဟု အငြိမ်းစား ပါမောက္ခတစ်ဦးက ရှင်းပြခဲ့သည်။ အစားအသောက်တစ်ခု ဘေးအန္တရာယ်ကင်းရှင်းရေး အတွက်ဆိုလျင် ထုတ်လုပ်သော လယ်ယာလုပ်ငန်းခွင် မှသည် မီးဖိုဆောင်ဆီသို့ ရောက်ရှိသည့်အထိ ကောင်းမွန်သော သိုလှောင်မှုစနစ်ရှိရန်လည်း လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၂ရာသီ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းကြောင့် သိုလှောင်မှုစနစ်တွင် ပြဿနာကြီးကြီးမားမား မရှိသေးသော်လည်း လက်လီဈေးကွက်ဖြန့်ဖြူးရောင်းချ သည့်အခါပြုပြင်ရန် အချက်အလက် အချို့ရှိနေသေးကြောင်း လေ့လာသူ များက ဆိုပါသည်။ '' ဈေးတွေမှာ အစားအသောက် ရောင်းချတဲ့အခါ စနစ်ကျတဲ့ရောင်း ချမှုမျိုးရှိနေသလို လမ်းဘေးဈေး သည်တွေမှာ သန့်ရှင်းမှု အားနည်း နေတာ တွေ့နေရပါတယ်။ ယင်နား စာ ဒါမှမဟုတ် မသန့်ရှင်းတဲ့အစား အသောက်တွေကတစ်ဆင့် ၀မ်းရောဂါ အပြင် အသည်းရောင်အသားဝါလို ပြင်းထန်တဲ့ရောဂါမျိုးတွေ ကူးစက်နိုင်ပါတယ်'' ဟု ကျန်းမာရေးပညာ ရှင်တစ်ဦးက သတိပေးပါသည်။ အစားအသာက် စားသုံးမှုပုံစံ များသည်လည်း လူတန်းစားအလျောက် ကွဲပြားခြားနားမှုများ ဖြစ်ပေါ်လျက်ရှိ ပြီး ထင်ရှားသည့် အခြေအနေများမှာ ချမ်းသာသည့်လူ့အဖွဲ့အစည်းတွင် ဗီတာမင်၊ သတ္တုဓာတ်၊ မိုင်ခရိုနျူးထ ရီရင့်၊ အင်တီအောက်ဆီဒင့်များအပါ အ၀င် ကျန်းမာရေးကို အကျိုးပြုပြီး ရောဂါများကိုကာကွယ်နိုင်သည့်ဓာတ် ပစ္စည်းများပါဝင်သော ဟင်းသီးဟင်း ရွက်စားသုံးမှုနည်းပါးနေကြောင်းနှင့် ဆင်းရဲသည့် လူ့အဖွဲ့အစည်းတွင် အမိုင်နိုအက်ဆစ်ဓာတ်ပါဝင်သော ပရိုတင်းဓာတ်နှင့် သံဓာတ်ချို့တဲ့မှု များပြားနေကြောင်း ကျန်းမာရေး ပညာရှင်များ၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။ ''ကျန်းမာအောင်နေနိုင်ဖို့ စိုးမိုး ခြယ်လှယ်နေတဲ့ အဓိကအကြောင်း ရင်းကကိုယ်တွင်းမွေးရာပါအကြောင်း အရာတွေနဲ့ လူတွေရဲ့ လူနေမှုစရိုက် အလေ့အကျင့်တွေ ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာအလျောက်နေထိုင် စားသောက်ရင်းနဲ့ ကျန်းမာရေးနဲ့ မလျော်ညီတဲ့အဖြစ်တွေကို ဦးတည် လာတယ်။ ချမ်းသာတဲ့လူတွေက အဆီဓာတ်နဲ့ အသားကိုအလွန်အကျွံ စားလာတယ်။ ဒါ့ပြင် ကျန်းမာရေး နဲ့မကိုက်ညီတဲ့ Processed Food တွေ၊ Junk Food တွေကို စားသုံးမှု များလာတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ကျန်းမာရေး အကျိုးဖြစ်ထွန်းစေတဲ့ ဟင်းသီး ဟင်းရွက်စားသုံးမှုနှုန်း နည်းလာတယ်။ လက်ရှိ လူမှုစီးပွားအနေအထားအရ လည်း ဆင်းရဲချမ်းသာမရွေးမိသားစု တချို့မှာ အချိန်ရှားပါးတာတွေရှိနေတယ်။ဒါကြောင့် ဟင်းတစ်ခွက်ချက်တယ်ဆို အသားဆိုရင်လည်းအသား တစ်မျိုးပဲချက်နိုင်တယ်။ ဟင်းသီးဟင်းရွက်ဟင်းတစ်မျိုးမျိုးမပါတော့ ဗီတာမင်ဓာတ် မရတော့ဘူး။ မိသား စုတစ်စုမှာဆိုရင် မိဘနဲ့သားသမီး တွေရှိမယ်။ ကလေးသူငယ်ဆိုတာ က မိဘချက်ကျွေးတာကိုပဲ စားရတာ မျိုးပါ။ ငယ်ငယ်ကတည်းက အာဟာရချို့တဲ့မှုရှိတဲ့ ကလေးဖြစ်သွားနိုင်တယ်။ အာဟာရချို့တဲ့တယ်ဆို တာက အသားမစားရတဲ့ ကလေးပဲ ဖြစ်တာမဟုတ်ဘူး၊ အသားချည်း စားနေရတဲ့ကလေးမျိုးကလည်း အာ ဟာရချို့တဲ့တာ ဖြစ်တဲ့အတွက်သတိ ပြုဖို့လိုပါတယ်''ဟု အငြိမ်းစားဆေး ပညာပါမောက္ခတစ်ဦးကရှင်းပြသည်။ လက်ရှိအချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းသော အစား အသောက်၊ ကျန်းမာရေးနှင့်ကိုက် ညီသည့် အစားအသောက်ရရှိရေး အတွက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ ဘက်မှပြုပြင်ရန် အချက်အလက်များရှိနေသကဲ့သို့ စားသုံးသူ များအနေဖြင့်လည်း မိမိတို့ဝယ်ယူ စားသောက်မည့်အစား အသောက်၌ အာဟာရမျတစွာစားသုံးနိုင်ရန်နှင့် သန့်ရှင်းလတ်ဆတ်မှုကို သတိပြု၍ ရွေးချယ်ဝယ်ယူနိုင်ရန်လည်း အရေးပါကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အစားအသောက်နှင့်ပတ်သက် သော စားသုံးသူ၏အခွင့်အရေးကို အကာအကွယ်ပေးထားသည့် ဥပဒေ များလည်း ပြဋ္ဌာန်းပြီးစီးပြီဖြစ်သည်။ ထုတ်လုပ်သူနှင့် စားသုံးသူတို့အကြား အပြန်အလှန်အလေးထားမှုရှိလာလျင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုး ဖြစ်သည့်ရောဂါဆိုးများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အဓိကအရေးပါ ဆုံးမှာ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်ရရှိရေး ဖြစ်ပါသည်။ |





ကမ္ဘာ့လူဦးရေ၏တစ်ဝက်ခန့်မှာ မြို့ပြဧရိယာများတွင် နေထိုင်ကြပြီး နှစ်စဉ်လူဦးရေသန်းပေါင်းများစွာသည် အစားအသောက်များမှ တစ်ဆင့်ကူးစက်သောရောဂါများကြောင့် သေဆုံးရလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ ထုတ်ပြန်သော စာရင်းဇယားများအရသိရှိရသည်။