မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| မုတ္တမပင်လယ်ကွေ့မှ သွယ်တန်းလျက်ရှိသည့် ၂၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း မိုင် ၃၀ အရှည်သွယ်တန်းပြီးဖြစ်ရာ မေလအတွင်းဓာတ်ငွေ့ စတင် ထုတ်လွှတ်နိုင်ဖွယ်ရာရှိ |
|
|
|
မုတ္တမပင်လယ်ကွေ့မှသွယ်တန်း လျက်ရှိသည့် ၂၄ လက်မ သဘာဝ ဓာတ်ငွေ့ပိုင်လိုင်းသည် ယခုအချိန်၌ ကုန်းတွင်းမိုင် ၃၀ အရှည်သွယ်တန်းပြီးဖြစ်ရာ မေလအတွင်း သဘာဝ ဓာတ်ငွေ့ စတင်ထုတ်လွှတ်ပေးနိုင်ဖွယ် ရှိကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခင် တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မကြာခဏပေါက်သဖြင့် တစ်ခါတစ်ရံ တွင် လေးရက်၊ ငါးရက်ခန့် အချိန်ယူ ပြုပြင်ရကြောင်း၊ အဆိုပါဓာတ်ငွေ့ ပိုက်လိုင်းကို ပြုပြင်နေချိန်တွင် ဓာတ်ငွေ့များမရရှိသဖြင့် ဓာတ်ငွေ့တာဘိုင်များ မလည်ပတ်နိုင်ခြင်းကြောင့် လျပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု လျော့ကျခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ယင်းကိစ္စရပ်အတွက် သက်ဆိုင်ရာမှ ၂၄ လက်မဓာတ်ငွေ့ပိုက်လိုင်း အသစ် တစ်ခုထပ်မံသွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်ငွေ့ပိုက်လိုင်း၏ ကုန်းတွင်းပိုင်းအရှည်မှာ မိုင် ၈၀ ကျော် အထိ ရှိမည်ဖြစ်ကြောင်း သိရှိရသည်။''ဒီ မုတ္တမပင်လယ်ကွေ့- ရန်ကုန် ၂၄ လက်မ သဘာဝဓာတ်ငွေ့ပိုက် ကို ၂၀၀၉ ခုနှစ်အတွင်းပိုင်းမှာ စတင်သွယ်တန်းခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပင်လယ်ဘက်ကနေ မိုင် ၃၀ လောက်အရှည်သွယ်တန်းပြီး ဖြစ်တယ်လို့သိရပါတယ်။ မေလပိုင်းမှာ ပြီးစီးနိုင်ဖွယ်ရှိပြီး မေလ နောက်ဆုံးအပတ်လောက်မှာ ဒီပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့တွေ စတင်ရရှိမယ့် အနေအထားရှိတယ်လို့ သိရပါတယ်''ဟု ရန်ကုန်တိုင်း စက်မှုဇုန်များလုပ်ငန်း ညှိနှိုင်းဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မုတ္တမပင်လယ်ကွေ့-ရန်ကုန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ရရှိသော သဘာဝဓာတ်ငွေ့များဖြင့် ရန်ကုန်မြို့တော်ကို ၂၄ နာရီလျပ် စစ်မီးပေးဝေနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့ပြင် ရန်ကုန်မြို့၌ သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နိုင်သည့် လျပ်စစ်တာဘိုင်ငါးလုံး ၀န်းကျင်အထိရှိကြောင်း၊ ယင်းဓာတ်အားပေး တာဘိုင်များကို သဘာဝဓာတ်ငွေ့များ အသုံးပြု၍ ပြန်လည်လည်ပတ်နိုင် ရန်စီစဉ်လျက်ရှိကြောင်းသိရှိရသည်။ ''ရေအားလျပ်စစ်တွေကနေ လျပ်စစ်ဓာတ်အား တိုးချဲ့ထုတ်ယူနေပေမယ့် မိုးရာသီမှာပဲ လျပ်စစ် ဓာတ်အား ထုတ်ယူနိုင်ပါတယ်။ခြောက်သွေ့ရာသီဆို ရေအားနည်းတဲ့အတွက် လျပ်စစ်ဓာတ်အား ရရှိမှု နည်းပါးပါတယ်။ ဒါကြောင့်မိုးအကုန် ပိုင်းကစပြီး ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေမှာ နေ့တစ်ဝက်စီ အလှည့်ကျစနစ်နဲ့ စတင်ရရှိပါတယ်။ အရင်တုန်းက လျပ်စစ်မီးအချိန်ပိုမို ရရှိခဲ့ပေမယ့် တစ်ခါတလေ ဗို့အား ရရှိမှုနည်းပါးတာကြောင့် အခက်အခဲ တချို့ရှိခဲ့ပါတယ်''ဟု စက်မှုလုပ်ငန်း ရှင်တစ်ဦးကပြောကြားခဲ့သည်။ ထို့ပြင် ၂၀၀၉ ခုနှစ် နှစ်ကုန် ပိုင်းမှစတင်၍ လျပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် စတင်ပေးဝေခဲ့ပြီး လျပ်စစ်ဓာတ်အားပေးဝေမှု အချိန်ဇယား များကို လစဉ်ပြောင်းလဲလျက်ရှိရာ သက်ဆိုင်ရာမြို့နယ် လျပ်စစ်ရုံးများ တွင် ကြေညာချက်များကပ်ပေးထားကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်း ယခင် လျပ်စစ်ဓာတ်အား ၄၀၀ မဂ္ဂါဝပ် သုံးစွဲရာမှ ယခုအခါတွင် စက်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် အိမ်သုံး လျပ်စစ် ပစ္စည်းများပိုမိုသုံးစွဲခြင်းတို့ကြောင့် မဂ္ဂါဝပ် ၅၅၀ကျော်အထိ တိုးချဲ့သုံးစွဲလာကြောင်း သိရှိရသည်။ |





မုတ္တမပင်လယ်ကွေ့မှသွယ်တန်း လျက်ရှိသည့် ၂၄ လက်မ သဘာဝ ဓာတ်ငွေ့ပိုင်လိုင်းသည် ယခုအချိန်၌ ကုန်းတွင်းမိုင် ၃၀ အရှည်သွယ်တန်းပြီးဖြစ်ရာ မေလအတွင်း သဘာဝ ဓာတ်ငွေ့ စတင်ထုတ်လွှတ်ပေးနိုင်ဖွယ် ရှိကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခင် တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မကြာခဏပေါက်သဖြင့် တစ်ခါတစ်ရံ တွင် လေးရက်၊ ငါးရက်ခန့် အချိန်ယူ ပြုပြင်ရကြောင်း၊ အဆိုပါဓာတ်ငွေ့ ပိုက်လိုင်းကို ပြုပြင်နေချိန်တွင် ဓာတ်ငွေ့များမရရှိသဖြင့် ဓာတ်ငွေ့တာဘိုင်များ မလည်ပတ်နိုင်ခြင်းကြောင့် လျပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု လျော့ကျခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ယင်းကိစ္စရပ်အတွက် သက်ဆိုင်ရာမှ ၂၄ လက်မဓာတ်ငွေ့ပိုက်လိုင်း အသစ် တစ်ခုထပ်မံသွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်ငွေ့ပိုက်လိုင်း၏ ကုန်းတွင်းပိုင်းအရှည်မှာ မိုင် ၈၀ ကျော် အထိ ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Comments