ပြည်တွင်းသတင်းများ
- နံပါတ် ၇၂ ဖြင့်စသည့် ခြင်းဖုန်းများအား CDMA 800 MHz အပြင် GSM၊ WCDMA ဖုန်းအမျိုးအစားများဖြင့်ပါ လဲလှယ်ခွင့် ပြုနေ
- Air Mandalay လေကြောင်းလိုင်းမှ ထပ်မံဝယ်ယူသည့် လေယာဉ်သစ် ရောက်ရှိလာ၍ ရပ်နားထားသော ခရီးစဉ်များအား မကြာမီ ပြန်လည်ပြေးဆွဲမည်
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာအတွက် အပန်းဖြေကစားကွင်းများ ရှိသော်လည်း ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးမှုများ အားနည်းနေသေး |
|
|
|
ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေနိုင်ရန် ကလေး ကစားကွင်းများ ရှိသော်လည်း ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အသိပညာပေးနိုင်မှုမှာ အားနည်းနေသေးကြောင်း သိရှိရသည်။'ကလေးဆိုတဲ့ စကားလုံးရဲ့ နောက်က အနာဂတ်ဆိုတာကပ်ပါ လာပြီးသားပါ။ ကလေးလေးတွေရဲ့ အနာဂတ်အတွက် ဘယ်လိုပြုစုပျိုး ထောင်ရမယ်၊ ကျန်းမာရေးစောင့် ရှောက်မှုတွေကိုလည်း မိဘတွေက ဘယ်လိုဆောင်ရွက်ပေးရမယ် စတာတွေကို အဓိကထားပြီး ဆောင်ရွက်တဲ့ပြပွဲတို့၊ ဟောပြောပွဲတို့က အားနည်းနေသေးတာတွေ့ရပါတယ်၊၊ စိတ်ပိုင်းဆိုင်ရာအတွက်ကျတော့ ကလေးကစားကွင်းတွေ ရှိနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းနဲ့ ပညာရေးကိုပူးတွဲပြီး ပြပွဲပုံစံပြုလုပ် တာမျိုးကိုတော့ သိပ်မတွေ့ရပါ ဘူး''ဟု MHR မှဦးအေးကျော်က ပြောပြခဲ့သည်။ 'ကမ္ဘာ့ထိပ်သီးနိုင်ငံတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၊ ၄၀ လောက်ကတည်းက၊ ကလေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို နည်းလမ်းမျိုးစုံ နဲ့ ဦးတည်ဆောင်ရွက်ခဲ့ကြ တယ်။ ကလေးငယ်တွေ ဖွံ့ဖြိုးမှနိုင်ငံ ကလည်းဖွံ့ဖြိုးတိုးတက်မှာပါ။ သူတို့လေးတွေ ပြုစုတာနောက်ကျရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကလည်း နောက်ကျနိုင်ပါတယ်'ဟု ဆရာဦး အေးကျော်က ဆက်လက်ရှင်းပြခဲ့သည်။ ပြပွဲစီစဉ်သူများအနေဖြင့် လည်း စက်မှုထုတ်ကုန်ပြပွဲများ၊ အခြားလူသုံးကုန်ပစ္စည်းပြပွဲများ စသည်တို့ကိုသာ စီစဉ်ပြသကြသော်လည်း ကလေးငယ်များအတွက် ဦးတည်ဆောင်ရွက်သော ပြပွဲများမှာမူ နည်းပါးနေသေးကြောင်း ပြပွဲစီစဉ် သူများကပြောကြားခဲ့သည်။ 'ပြပွဲအများစုက စက်မှုထုတ်ကုန်ပြပွဲတို့၊ အီလက်ထရောနစ်ပြပွဲ တို့စသဖြင့်သာ ရှိကြပေမယ့် ကလေး ငယ်တွေရဲ့ပညာရေး၊ ကျန်းမာရေးကို ရည်ရွယ်ပြုလုပ်တဲ့ပွဲက မရှိသလောက်ပါပဲ။ ဒါကြောင့်ကလေးငယ်လေးတွေရဲ့ပညာရေး၊ ကျန်းမားရေးနဲ့ ပတ်သက်ပြီး သီးသန့်ဆောင်ရွက်တဲ့ပြပွဲ မျိုးတွေ ပြုလုပ်သင့်ပါတယ်။ မိဘတွေအနေနဲ့ လည်း ဒီလိုပြပွဲတွေကို လာရောက်လေ့လာပြီး ကိုယ့် ကလေးကို ပြုစုစောင့်ရှောက်ရာမှာ ထိရောက်တဲ့ အကျိုးရလဒ်တွေရရှိ နိုင်ပါတယ်'ဟု ပြပွဲများစီစဉ်သော ကုမ္ပဏီတစ်ခုဖြစ်သည့် Conquest Organizing Group မှဒါရိုက်တာ ဒေါ်ဆွေဇင်အေးက ရှင်းပြခဲ့သည်။ ကလေးငယ်များ၏ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ပြသသောကလေးငယ်များ ပညာရေးကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပြပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ၂၈ရက်နေ့အထိ ရန်ကုန် မြို့ရှိတပ်မတော်ခန်းမတွင် သုံးရက် ကြာကျင်းပမည်ဖြစ်ကြောင်း သိရှိ ရသည်။ ကလေးငယ်များအတွက် သာမက အရွယ်ရောက်ပြီးသူများ အတွက်ပါ HIV /AIDS အကြောင်း သိကောင်းစရာများအကြောင်း၊ လက်ဆေးခြင်း၏ အကျိုးကျေးဇူး အကြောင်းများအား ကျန်းမာရေး ဗဟုသုတများ ရရှိစေရေးအတွက် ဟောပြောပွဲများကို အဆိုပါပြပွဲအတွင်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။ |





ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေနိုင်ရန် ကလေး ကစားကွင်းများ ရှိသော်လည်း ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အသိပညာပေးနိုင်မှုမှာ အားနည်းနေသေးကြောင်း သိရှိရသည်။