ပြည်တွင်းသတင်းများ
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
- ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေး
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| အိမ်ရာအဆောက်အအုံပြပွဲ ၂၀၁၀ ၌ အရစ်ကျငွေပေးချေစနစ်ဖြင့် ကွန်ဒိုဝယ်ယူနိုင်ခြင်း အစီအစဉ် စိတ်ဝင်စားသူများပြားခဲ့ |
|
|
|
အိမ်ရာအဆောက်အအုံပြပွဲ ၂၀၁၀ ၌ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် အိမ်တွင်းအလှဆင်ကုမ္ပဏီ များ အဓိက၀င်ရောက်ပြသခဲ့ပြီး အရစ်ကျငွေပေးချေစနစ်ဖြင့် ကွန်ဒို ၀ယ်ယူနိုင်ခြင်း အစီအစဉ်များကို စိတ်ဝင်စားသူများပြားခဲ့ကြောင်း သိရှိရသည်။အဆိုပါ ပြပွဲတွင် အိမ်အသုံး အဆောင်ပစ္စည်းများဖြစ်သော အီ လက်ထရောနစ်ပစ္စည်းများ၊ အလှဆင်မီးသီးများနှင့် မီးဆိုင်းများ၊ ကြွေ ပြား၊ ကျောက်ပြားများ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂ များ၊ အိမ်သုတ်ဆေးများ၊ ရေချိုး ခန်းသုံးပစ္စည်းများအစရှိသည့် အိမ် များတွင်အသုံးပြုသော ပစ္စည်းများ ကို ပြသထားကြောင်း သိရှိရပါ သည်။ ပြပွဲတွင် မူလကဆိုင်ခန်း ၁၀၀ ခန့်မှ ပြပွဲကျင်းပချိန်၌ ဆိုင်ခန်း ၁၆၈ ခန်းအထိပြသသည့် ဆိုင်ခန်း အရေအတွက် တိုးလာခဲ့ပြီး ပဉ္စ၀တီ FM ကလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။ ''ပြပွဲကို ၀င်ရောက်ပြသရတဲ့ အဓိက ရည်ရွယ်ချက်က တိုက်ခန်း တွေ ရောင်းအားတက်ဖို့ထက် ပြပွဲ ကိုလာရောက်တဲ့သူတွေ တိုက်ခန်း ပုံစံဒီဇိုင်းတွေနဲ့နေရာတွေ သိအောင် ၀င်ရောက်ပြသတာဖြစ်ပါတယ်''ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါ သည်။ ''အခုလိုပွဲမျိုး မလုပ်တာကြာ ပြီ။ ဒီပွဲမှာ အိမ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အဓိက လာရောက်ပြသ ကြပါတယ်။ တချို့ပြပွဲမှာ အခန်းမရလို့ ၀င်ရောက် ပြသဖို့ကျန်ခဲ့တဲ့ ကုမ္ပဏီ ၁၀ ခု လောက်ရှိပါတယ်'' ဟု တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။ ယင်းပြပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ တပ်မတော်ခန်းမတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိကျင်းပပြီးပြပွဲ သို့လာရောက်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များနှင့် ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။ |





အိမ်ရာအဆောက်အအုံပြပွဲ ၂၀၁၀ ၌ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် အိမ်တွင်းအလှဆင်ကုမ္ပဏီ များ အဓိက၀င်ရောက်ပြသခဲ့ပြီး အရစ်ကျငွေပေးချေစနစ်ဖြင့် ကွန်ဒို ၀ယ်ယူနိုင်ခြင်း အစီအစဉ်များကို စိတ်ဝင်စားသူများပြားခဲ့ကြောင်း သိရှိရသည်။