ပြည်တွင်းသတင်းများ
- Air Mandalay လေကြောင်းလိုင်းမှ ထပ်မံဝယ်ယူသည့် လေယာဉ်သစ် ရောက်ရှိလာ၍ ရပ်နားထားသော ခရီးစဉ်များအား မကြာမီ ပြန်လည်ပြေးဆွဲမည်
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
- ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေး
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| နိုင်ငံတကာဈေးနှင့် ၀ယ်သုံးရမည့် စက်သုံးဆီဈေးကွက်သစ် လာတော့မည် ကျပ်ဘီလျံချီတန်ဖိုးရှိသော စက်သုံးဆီဆိုင်၊ ဆိုင်သစ်နေရာ၊ ဆိပ်ခံတံတားနှင့် သိုလှောင်ကန်နေရာများအတွက် အဆိုပြုလွှာခေါ် |
|
|
|
ကျပ်ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော စက်သုံးဆီအရောင်းဆိုင်များ၊ ထပ်မံဖွင့်လှစ်လိုသည့် စက်သုံးဆီအရောင်းဆိုင်နေရာများ၊ ဆီတင်ဆိပ်ခံတံတားနှင့် ဆီသိုလှောင်ရန်နေရာများကို ရယူလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အဆို ပြုလွှာ ခေါ်ယူလျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ စက်သုံးဆီအရောင်း ဆိုင် ၂၄၆ ခုကို ပုဂ္ဂလိကကဏ္ဍသို့ စက်သုံးဆီရောင်းချခြင်းလုပ်ငန်း များလုပ်ကိုင်ရန်အတွက်စဉ်ဆက် မပြတ်လုပ်ကိုင်နိုင်မည့်ခိုင်မာသည့် နိုင်ငံသားလုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများသို့ ရောင်းချမည် ဖြစ်ကြောင်းသိရသည်။ ယင်းအပြင်သီလ၀ါဆိပ်ကမ်း နယ်မြေ၌ စက်သုံးဆီတင်သွင်းရာတွင် အသုံးပြုမည့် ပုဂ္ဂလိကပိုင်စက်သုံး ဆီဆိပ်ခံတံတားတည်ဆောက်ခြင်း၊ တင်သွင်းလာသော စက်သုံးဆီများကို သိုလှောင်ရေးအတွက်စက်သုံးဆီသို လှောင်ကန်များ တည်ဆောက်ရန် ဆိပ်ကမ်းမြေနေရာများကိုပါရယူနိုင် ကြောင်း သိရသည်။ လွှဲပြောင်းရောင်းချမည့် စက်သုံးဆီဆိုင်များအပြင် ရန်ကုန်နှင့် အပါအ၀င်အခြား မည်သည့်တိုင်းနှင့် ပြည်နယ်တွင်မဆို စက်သုံးဆီ အရောင်းဆိုင်သစ်များ၊ စက်သုံးဆီ သိုလှောင်ကန်၊ သိုလှောင်စခန်း သစ်များဆောက်လုပ်မည့်မြေနေရာ နှင့်ပတ်သက်၍လည်း လျောက် ထားရယူနိုင်ကြောင်း သိရသည်။ ''၂၄၆ ဆိုင်အပြင် အမှတ်(၃) လမ်းမကြီးတစ်လျောက်၊ အမှတ်(၄) လမ်းမကြီးတစ်လျောက်၊ လှိုင်မြစ် အနောက်ဘက်ခြမ်းတွေမှာလည်းစက် သုံးဆီဆိုင်၊ ဆီလှောင်ကန်၊ ဆီသို လှောင်စခန်းတွေဆောက်ချင်ရင် မြေ နေရာကို ရန်ကုန်တိုင်းအေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနဲ့ ဆက်သွယ်ပြီး ရရှိဖို့ ဆောင်ရွက်နိုင်တယ်။ ရန်ကုန်အပြင် အခြားနယ်မြို့တွေမှာ ဆိုင်သစ်ဆောက်ချင်ရင်၊ သိုလှောင် စခန်းဆောက်ချင်ရင် မြေနေရာကို သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင် စီမှာဆက်သွယ်လျောက်ထားရယူနိုင် တယ်လို့ သိရတယ်''ဟုစက်သုံးဆီဆိုင် အဆိုပြုလွှာတင်သွင်းရန် ပြင်ဆင်နေသူတစ်ဦးက ရှင်းပြခဲ့သည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ၊ ဆိပ်ခံတံတားများ၊ ဆီသိုလှောင်နေ ရာများရယူရန် အဆိုပြုလွှာတင် သွင်းမည်ဆိုပါက အချို့နေရာများ မှာကျပ်ဘီလျံပေါင်းများစွာ ကုန်ကျဖွယ်ရှိနေကြောင်း ဒီဇယ်ဆီတင်သွင်း သူလုပ်ငန်းရှင်များကသုံးသပ်ကြသည်။ ''ပုဂ္ဂလိကအနေနဲ့ တင်သွင်းရောင်းချမှာ။ အခု ပုဂ္ဂလိကလုပ် ငန်းရှင်တွေဒီဇယ်တင်သွင်းရောင်းချ နေတဲ့ပုံစံအရကတော့ နိုင်ငံတကာ ဈေးအတိုင်းပဲရောင်းနေတယ်။ ကြိုက်တဲ့ဈေး၊တင်သွင်းတဲ့သူကိုက်တဲ့ဈေးနဲ့ အခုရောင်းနေတာပါ။ ဒီ တော့အခုဆိုင်တွေကိုပုဂ္ဂလိကယူပြီး တဲ့နောက်မှာလည်း နိုင်ငံတကာဈေး နဲ့ရောင်းကြမှာပေါ့'' ဟု ဒီဇယ်ဆီ တင်သွင်းသူလုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။ ''လွန်ခဲ့တဲ့ သုံးနှစ်လောက်က စက်သုံးဆီ၊ စက်ဆီချောဆီတင်သွင်း တာ တစ်နှစ်လုံးအတွက်မြန်မာနိုင်ငံ အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ၀န်းကျင်လောက်သုံးခဲ့ရတယ်။ အဲဒီအထဲကမှ စက်သုံးဆီသီးသန့်အတွက်ဆိုရင် အမေရိကန်ဒေါ်လာသန်း ၆၀၀ ဆိုတာ နှစ်တိုင်းအနည်းဆုံး သုံးနေရတဲ့တန်ဖိုးပဲ။ ဆိုလိုတာက အရင်တုန်းကတော့ ဒီငွေကို နိုင်ငံတော်က စိုက်ထုတ်ကုန်ကျတာ။ အ ခုတော့နိုင်ငံတော်ကနေ ပုဂ္ဂလိကကို လွှဲပြောင်းလိုက်တဲ့အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကပဲ ဒါကိုစိုက်ထုတ် ကုန်ကျတော့မယ့်သဘောပေါ့။ အရင်ကတော့ နိုင်ငံတကာမှာတစ်ဂါ လန်ဘယ်ဈေးဖြစ်ဖြစ် ဒီမှာကတော့ ကျပ် ၃၀၀၀ ဆိုပြီးသတ်မှတ်ထားတာ ရှိသေးတယ်။ အခုကတော့ ဒါ မျိုးမရှိနိုင်တော့တဲ့အတွက် နိုင်ငံတကာ ပေါက်ဈေးအတိုင်းသုံးရမယ့် သဘောဖြစ်သွားပြီပေါ့''ဟု စက်သုံး ဆီ တင်သွင်း ရောင်းချသူတစ်ဦးကလည်း ရှင်းပြခဲ့သည်။ |





ကျပ်ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော စက်သုံးဆီအရောင်းဆိုင်များ၊ ထပ်မံဖွင့်လှစ်လိုသည့် စက်သုံးဆီအရောင်းဆိုင်နေရာများ၊ ဆီတင်ဆိပ်ခံတံတားနှင့် ဆီသိုလှောင်ရန်နေရာများကို ရယူလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အဆို ပြုလွှာ ခေါ်ယူလျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။