ပြည်တွင်းသတင်းများ
- နံပါတ် ၇၂ ဖြင့်စသည့် ခြင်းဖုန်းများအား CDMA 800 MHz အပြင် GSM၊ WCDMA ဖုန်းအမျိုးအစားများဖြင့်ပါ လဲလှယ်ခွင့် ပြုနေ
- Air Mandalay လေကြောင်းလိုင်းမှ ထပ်မံဝယ်ယူသည့် လေယာဉ်သစ် ရောက်ရှိလာ၍ ရပ်နားထားသော ခရီးစဉ်များအား မကြာမီ ပြန်လည်ပြေးဆွဲမည်
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော ကုန်သွယ်မှုမူဝါဒများ အရအဖွဲ့အစည်းအနေဖြင့်ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ တရားဝင်ရရှိ ထားသော နိုင်ငံခြားငွေများကို ပို့ကုန်ရငွေ(Export Earning) အဖြစ် သတ်မှတ်ကာ အခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ပြီး ကျန် ၉၀ ရာခိုင်နှုန်း ကို ပြည်ပမှကုန်ပစ္စည်းတင်သွင်းခွင့် (Import Right) ပေးထားကြောင်း သိရသည်။ယခင်က ပြည်ပပို့ကုန်ရငွေများ၊ ကျောက်မျက်ရတနာပြပွဲရောင်းရငွေ များ၊ CMP လုပ်ငန်းများမှရငွေများ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်သူများ စသည်ဖြင့် နယ်ပယ်လေးမျိုးမှရသော နိုင်ငံခြားငွေများဖြင့်သာ ကုန်ပစ္စည်းတင်သွင်းခွင့် Import Right ပေးထားခြင်းဖြစ်ကြောင်းသိရသည်။ ယခုအခါ ပြည်ပကုန်သွယ်မှု လုပ်ငန်းပမာဏ ကြီးမားလာသည့် အပေါ်မူတည်၍ ယခင်သတ်မှတ် ထားသော နယ်ပယ်လေးမျိုးမှ နိုင်ငံ ခြားငွေအပြင် ပြည်တွင်းပြည်ပ၌ တရားဝင်လုပ်ကိုင်ရရှိသော နိုင်ငံ ခြားငွေများကို နယ်ပယ်ငါးမျိုးခွဲခြား ကာImport Right အဖြစ် ထပ်မံ ခွင့်ပြုခြင်းဖြစ်ကြောင်းသိရသည်။ ထပ်မံခွင့်ပြုထားသည့် အမျိုး အစားများမှာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများမှရသောနိုင်ငံခြား ငွေ၊ ပြပွဲတွင်ရောင်းချခြင်းမဟုတ် သော်လည်းကျောက်မျက်ရတနာနှင့် လက်မှုပစ္စည်း၊ အနုပညာပစ္စည်း စသည့်ပစ္စည်းများရောင်းချရရှိသည့် နိုင်ငံခြားငွေ၊ အိမ်မြေအဆောက်အဦ နှင့်အခြားငှားရမ်းခအဖြစ်ရရှိသည့် နိုင်ငံခြားငွေ၊ ပြည်တွင်းပြည်ပတွင် နိုင်ငံခြားငွေဖြင့် လုပ်ခလစာရရှိငွေများ၊ ပြည်တွင်းပြည်ပတွင် ၀န်ဆောင်မှုလုပ် ငန်းများမှ နိုင်ငံခြားငွေဖြင့်ရရှိငွေများ ဖြစ်သည်ဟု သိရသည်။ ထို့အတွက်ွှသကမွကငိန လုပ် ကိုင်သူများ၊ ပြည်တွင်းကျောက်မျက် ရတနာ၊ လက်မှုပစ္စည်း၊ အနုပညာ ပစ္စည်းရောင်းချသူများ၊ ပြည်တွင်း ၌ နိုင်ငံခြားငွေဖြင့်လုပ်ခလစာရရှိသူ များ၏၀င်ငွေများမှာလည်း သတ် မှတ်အခွန်ပေးဆောင်ပြီးပါက ကုန် ပစ္စည်းတင်သွင်းရသည့်ငွေအမျိုး အစားများဖြစ်လာမည်ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုပါသည်။ ''ကျွန်တော်တို့ကို အသိပေးထားတဲ့ ထုတ်ပြန်ချက်ပါအချက်တွေ အရဆိုရင်တော့ အရင်က နယ်ပယ် လေးခုကရတဲ့ နိုင်ငံခြားငွေကိုပဲ အခွန် ၁၀ ရာခိုင်နှုန်းဆောင်၊ ကျန်တာနဲ့ ကုန်ပစ္စည်းသွင်းခွင့် Import Right ရှိတယ်။ အခုကတော့ နောက်ထပ် နယ်ပယ်ငါးမျိုးထပ်ပြီး ခွင့်ပြုထားတဲ့သဘောပါ။ ထပ်ပြီးခွင့်ပြုထားတဲ့ နယ်ပယ်ငါးမျိုးနဲ့ အရင်ခွင့်ပြုထားတဲ့ နယ်ပယ်လေးမျိုး စုစုပေါင်းနယ်ပယ် ကိုးမျိုးကရတဲ့ နိုင်ငံခြားငွေဆိုရင်Import Right ရှိတယ်ဆိုတဲ့သဘော ဖြစ်တဲ့အတွက် သွင်းကုန်အတွက်ငွေ မရှားတော့ဘူးလို့ ပြောရမှာပဲ။ အသစ်ခွင့်ပြုတဲ့အမျိုးအစားထဲမှာ ပါတဲ့သူတွေအနေနဲ့ ဘဏ်မှာနိုင်ငံ ခြားငွေစာရင်းဖွင့်ပြီး သတ်မှတ်တဲ့ အခွန်ဆောင်ရတာတော့လုပ်ရမှာ ပါ''ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ထုတ်ပြန်ချက်များကို အခြေပြု၍ ရှင်းပြခဲ့သည်။ ''ကျွန်တော်တို့ ခရီးသွားလုပ်ငန်း ကမနှစ်ကဆိုရင်အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်လောက်ရခဲ့တယ်။ ဒီနှစ် သန်း ၃၀၀ လောက် ရမယ်လို့မှန်းထားတယ်။ ဆိုလိုတာက ကျွန်တော်တို့တွေအနေနဲ့ အရင်ကတည်းက ကျွန်တော်တို့လုပ်ငန်းကရတဲ့ နိုင်ငံ ခြားငွေကိုImport Right ရဖို့မျော်လင့်ခဲ့တာ၊ အခု Import Right ရရှိ မယ့်အထဲမှာပါလာတယ်။ သွင်းကုန် လုပ်ငန်းအတွက်တော့ အရင်ကထက် ပိုလွယ်သွားမှာပေါ့''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါ သည်။ |





မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော ကုန်သွယ်မှုမူဝါဒများ အရအဖွဲ့အစည်းအနေဖြင့်ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ တရားဝင်ရရှိ ထားသော နိုင်ငံခြားငွေများကို ပို့ကုန်ရငွေ(Export Earning) အဖြစ် သတ်မှတ်ကာ အခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ပြီး ကျန် ၉၀ ရာခိုင်နှုန်း ကို ပြည်ပမှကုန်ပစ္စည်းတင်သွင်းခွင့် (Import Right) ပေးထားကြောင်း သိရသည်။