ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


လူငယ်များ သွားလေရာ လက်နက်သယ်ဆောင်သည့် ဓလေ့ဖက်ရှင်သဖွယ်ပြုလုပ်နေခြင်း သည်ပြစ်မှုမြောက်နေ လက်နက်ကိုင်ဆောင်သူများအား သက်ဆိုင်ရာကအရေးယူ PDF Print E-mail
   လူငယ်များသွားလေရာ လက်နက်သယ်ဆောင်သည့် ဓလေ့ ဖက်ရှင် သဖွယ်ပြုလုပ်နေခြင်းသည်ဥပဒေအရ ပြစ်မှုမြောက်နေပြီး လက်နက်ကိုင်ဆောင်သူ လူငယ်များအားသက်ဆိုင် ရာကအရေးယူခဲ့ရသည့်ဖြစ်ရပ်များ လည်းရှိခဲ့ကြောင်း သိရသည်။
    ''တချို့လူငယ်တွေကျတော့ ပြစ်မှုကျူးလွန်လိုတဲ့အခါ အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ဒီလိုလက်နက်တွေကို ကိုင်ဆောင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့ကျတော့အသက်က လည်းငယ်ရွယ်တယ်။ သူများလုပ် ရင် အကောင်းမှတ်ပြီးလိုက်လုပ်ချင် တဲ့စိတ်ကလည်းရှိနေတယ်။ စတိုင်လိုလို ဖက်ရှင်လိုလိုနဲ့ ကိုယ်နဲ့မကွာ ဆောင်ပြီး သွားလေရာသယ်သွား တတ်သူတွေလည်းရှိပါတယ်။ အထူး သဖြင့်  ဓားမြှောင်လို၊ စကေဘာလို၊ သံလက်သီးလိုဟာမျိုးတွေကို ယူ ဆောင်ကြလေ့ရှိတယ်။ ချိန်းတွေလို ဟာတွေလည်းပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ ဆောင်ဆောင် ဒါဟာ မကောင်းတဲ့အမူအကျင့် တစ်ခုလို့ မြင်ပါတယ်။ ဒီဟာတွေ လက်ထဲမှာရှိနေမယ်ဆို စိတ်အခန့် မသင့်နည်းနည်းဖြစ်တာနဲ့ အသုံးပြု မိရင် မလိုလားအပ်တဲ့ မှုခင်းဖြစ်ရပ်တွေ နစ်နာဆုံးရှုံးမှုတွေ ကြုံရနိုင်ပါ တယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ မိမိကိုယ်ကိုယ်မိမိ မထိခိုက်ရအောင် ဒီလိုလုပ်ရပ်တွေကိုရှောင်ကြဉ်သင့်ပါ တယ်''ဟုလူငယ်တစ်ဦးကဆိုပါသည်။
    လက်နက်များအား ကိုင်ဆောင်သဖြင့် သက်ဆိုင်ရာကအရေးယူခဲ့ရသည့် လူငယ်များရှိခဲ့ပြီး အချို့သော လူငယ်များသည် ရန်ဖြစ်ရာတွင် အသုံးပြုရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ကိုင်ဆောင်ခြင်းမျိုးလည်းရှိကြောင်း၊ ယင်းသို့ လက်နက်ကိုင်ဆောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်များ၊ ထောင်ဒဏ်ကျခံခဲ့ရသည့်ဖြစ်စဉ်များ လည်းရှိခဲ့သောကြောင့် လူငယ်များ မိမိတို့ အနာဂတ်အတွက်ပန်းကောင်း အညွန့်ကျိုး မဖြစ်ရစေရန် သတိထားသင့်ကြောင်း လူငယ်များနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူကျောင်းသားမိဘ အချို့နှင့်ဆရာဆရာမအချို့ကအကြံ ပေးခဲ့ကြသည်။
    လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ဥပဒေအရအရေးယူခံရ နိုင်ကြောင်းကို အထက်တန်းရှေ့နေ တစ်ဦးက ''လက်နက်ကိုင်ဆောင်မှု ကိုအရေးယူတဲ့ဥပဒေပုဒ်မ ရှိပြီးသား ပါ။ ဥပမာဆိုပါစို့ ဓားကိုင်ဆောင် ရင်လက်နက်ဥပဒေပုဒ်မ  ၁၉(င)နဲ့ အရေးယူခံရနိုင်ပါတယ်။ သေနတ် ဆိုရင်လက်နက်ဥပဒေပုဒ်မ၁၉(စ)နဲ့ပါ။ ပြီးတော့ဒီနေရာမှာ ဓားဆိုရင် အရိုးအသွားအနည်းဆုံး ခြောက်လက်မ ရှိရင် ၁၉(င)နဲ့ အကျုံးဝင်ပါတယ်။ ဥပဒေမှာပြဋ္ဌာန်းထားချက်အရတော့ အရိုးအသွားခြောက်လက်မရှိတဲ့ ဓား လို့ဆိုပေမယ့် ဘာအတွက်ကိုင်ဆောင်တယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါ တယ်။ အဲဒီပေါ်မှာမှ ၁၉(င)နဲ့ အကျုံးဝင်၊ မ၀င်ဆိုတာရှိတယ်။ တမင် သက်သက်သွားလေရာဓားဆောင်မယ် ဆိုရင်တော့ ၁၉(င)နဲ့ အရေးယူခံရ နိုင်ပါတယ်။ ထောင်ဒဏ်ထိအရေး ယူလို့ရပါတယ်။ ဒါကြောင့် လူငယ် တွေဆင်ခြင်သင့်ပါတယ်''ဟု ပညာ ပေးပြောကြားခဲ့သည်။ လက်နက်ကိုင်ဆောင်သူ လူငယ်အား အရေး ယူခဲ့ရသည့်ဖြစ်ရပ် မကြာသေးမီက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
    ဖြစ်စဉ်မှာ ယခုနှစ် ဇန်န၀ါ ရီလ ၂၈ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း မှုခင်း ကျဆင်းရေးဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်းရှိ လမ်းတစ်ခုပေါ်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေအသက် ၁၈ နှစ်ရှိ လူငယ်အမျိုးသားတစ်ဦးအား တွေ့၍ စစ်ဆေးရာ ၄င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ အရိုးအသွား ၁၀ လက်မရှိ ဓားတစ်ချောင်းနှင့် ၁၂ လက်မရှိ တစ်မတ်လုံးအရွယ် သံချွန် တစ်ချောင်းတို့ တွေ့ရှိခဲ့သောကြောင့် (ပ) ၁၂၂/၂၀၁၀၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(င)အရ ဖမ်းဆီးအရေးယူခဲ့ရကြောင်း သိရသည်။
    ထို့ပြင် ယခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့နံနက် ၁၀ နာရီခွဲ အချိန်တွင် အင်းစိန်ဆေးရုံ၌ဓားဒဏ် ရာဖြင့် သတိလစ်နေသောအမျိုးသမီး လူနာတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာကသွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
    ဒဏ်ရာရရှိသူသည် အသက် ၂၄ နှစ်ရှိအမျိုးသမီးဖြစ်ပြီး အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ ရည်းစားဖြစ်သူ နှင့် စကားများရန်ဖြစ်ရာမှ ရည်း စားဖြစ်သူက မိန်းကလေးငယ်အား အရိုးအသွား ကိုးလက်မခန့် ရှိဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရည်းစားဖြစ်သူအပေါ် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၂၆၇/၂၀၁၀၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
     လက်နက်ကိုင်ဆောင်မှုကြောင့် ဖမ်းဆီးအရေးယူခံရသည့်ဖြစ်ရပ်များ နှင့် ဒဏ်ရာရခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့ ရာ လူငယ်များ ယခုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် မည်သည့် အကြောင်းကြောင့်ဖြစ်စေ လက်နက်ကိုင်ဆောင်မှုများအား မပြုလုပ်သင့်ကြောင်း မိဘများက သတိပေးပြောကြားခဲ့သည်။