ရန်ကုန်သတင်းများ
- စာအုပ်အငှားဆိုင်အချို့တွင် ဂျာနယ်များကိုပါ ထည့်သွင်းငှားရမ်းလာ
- ရွှေတိဂုံစေတီတော် ရင်ပြင်တစ်ခုလုံး ကော်ဇောခင်းသည့်အပြင် စောင်းတန်းများကိုလည်း ဆက်လက်ခင်းကျင်းသွားမည်
- အရည်အသွေးကောင်း တက္ကစီများကို ရွေးချယ်စီးနင်းသူ များပြားလာ၍ မော်ဒယ်နိမ့်တက္ကစီများ ၀င်ငွေလျော့ကျ
- မော်တော်ယာဉ်လိုင်းများအတွက် ငွေအကြွေများကို ကျပ်သိန်း ၁၅၀ အထိ တိုး၍လဲပေးမည်
- ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ စပါးစိုက်ခင်းများ၌ ဖြုတ်ပိုးကျရောက်မှုဖြစ်ပွား
- ၂၀၁၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ရန်ကုန်တိုင်း ဒေသကြီးတွင် အမှတ်အများဆုံး Top-Ten ဆုရှင် ၁၅ ဦး ထွက်ရှိ
- ဗဟိုဘဏ်မှ မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများအတွက် တစ်ပတ်လျှင် ငွေအကြွေသိန်း ၁၀၀ ခန့် လဲလှယ်ပေးလျက်ရှိရာ ယာဉ်တစ်စီးလျှင် ငွေအကြွေ ကျပ်တစ်ထောင်ကျော်ခန့် ရရှိသည်ဟု သိရ
- ပုံစံ (၁၉) ပြုလုပ်ရန် ပွဲစားများကို ယုံကြည်အပ်နှံမိခြင်းကြောင့် ငွေလိမ်ခံရသူများ ရှိနေ
- ၂၀၀ ကျပ်တန် ယာဉ်တွေကိုပဲ စီးရတော့မှာလား
- မင်္ဂလာဈေးတွင် အရေးပေါ် လှေကားများ ဆောက်လုပ်လျက်ရှိပြီး တတိယထပ်၌ ယာယီအမိုး ပြုလုပ်ပြီးပါက ဆိုင်ခန်းများအား ရောင်းချခွင့် ပေးမည်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ရန်ကုန်မြို့ လှိုင်မြစ်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်ရှိ ကျေးရွာများမှ မြေနေရာများကို အနှစ် ၃၀ မြေဂရန် ထုတ်ပေးသွားမည် |
|
|
|
ရန်ကုန်မြို့ လှိုင်မြစ်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ကျေးရွာမြေနေရာများကို အနှစ် ၃၀ မြေဂရန် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ရန်ကုန်မြို့ လှိုင်မြစ်တစ်ဖက်ကမ်းရှိ ကြည့်မြင်တိုင်မြို့နယ်အတွင်း တွင် ပါဝင်သော အေးရွာ၊ အလပ်ချောင်း၊ ဘလုတ်ညွန့် စသည့် ကျေးရွာပေါင်း ၁၂ ရွာတွင် နေထိုင်သူများအားနှစ် ၃၀ မြေဂရန်ထုတ်ပေးသွားနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ အဆိုပါကျေးရွာ ၁၂ ရွာ ကို ရပ်ကွက် လေးခုဟူ၍ သတ်မှတ်ခွဲ ခြားထားပြီး ကျေးရွာများရှိ ပေ ၂၀ _ပေ ၆၀ အကျယ်အ၀န်း ရှိသော မြေကွက်များ၊ အိမ်နေရာများကို နှစ် ၃၀ မြေဂရန် ထုတ်ပေးသွားမည်ဟု သိရှိရသည်။ အဆိုပါအကျယ်အ၀န်း အနေအထားကို မပြည့်မီသော မြေကွက်နှင့် အိမ်နေရာများကို မြို့တော် စည်ပင်၊ မြို့ပြမြေယာဌာန၏ မြေ စာရင်းတွင် မှတ်တမ်းတင်ထားရှိ ထားမည်ဟုသိရှိရသည်။ ''ရန်ကုန် တစ်ဖက်ကမ်းက ကျေးရွာတွေမှာ မီးရရှိအောင်နဲ့ ကျေးရွာချင်းဆက်လမ်းကိုလည်း ဆောင် ရွက်ပေးနေပါတယ်။ အဲဒီမှာရှိတဲ့ အေးရွာ၊ အလပ်ချောင်း၊ ဘလုတ် ညွန့် စတဲ့ကျေးရွာ ၁၂ ရွာလောက်ရှိ ပါတယ်။ ရပ်ကွက်အနေနဲ့ လေးရပ်ကွက်အဖြစ် သတ်မှတ်ခွဲခြားထား တာပါတယ်။ အဲဒီရွာတွေမှာရှိတဲ့ မြေနေရာတွေကို မြေဂရန်ထုတ်ပေးလို့ ရတဲ့အတိုင်းအတာ ပေ ၂၀_ပေ ၆၀ ရှိရင် နှစ် ၃၀ မြေဂရန် ထုတ် ပေးမယ်။ အဲဒီအောက်ဆိုရင်တော့ မြေစာရင်းမှာ မှတ်တမ်းတင်ထားမယ်။ စိစစ်ပြီးတော့ ထုတ်ပေးသွား မှာဖြစ်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ |





ရန်ကုန်မြို့ လှိုင်မြစ်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ကျေးရွာမြေနေရာများကို အနှစ် ၃၀ မြေဂရန် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။