ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မြို့တွင်းခြောက်မြို့နယ် ပြင်ပသို့ထုတ်လိုက်သော ဒိုင်နာနှင့်ဟိုင်းလပ်ယာဉ်များ နေရာတွင် စီးတီးဘတ်စ်ကြီးများ အစားထိုးပြေးဆွဲမည်ဖြစ်ပြီး အများစုမှာ အထူးယာဉ်များ ဖြစ်ကြောင်း သိရ PDF Print E-mail
    ရန်ကုန်မြို့တွင်း  ခြောက်မြို့ နယ်ပြင်ပတွင်သာ ပြေးဆွဲခွင့်ပြုလိုက်သော ဒိုင်နာနှင့်ဟိုင်းလပ်ယာဉ်များ၏ နေရာတွင်ပြည်ပမှ မှာယူတင်သွင်း ထားသော စီးတီးဘတ်စ်ယာဉ်ကြီး များနှင့် အစားထိုးသွားမည်ဖြစ်ပြီး အများစုမှာ အထူးယာဉ်လိုင်းများ ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
    ပြည်ပမှ  ယာဉ်လိုင်းပေါင်းစုံ အတွက် ယာဉ်အစီးရေ ၃၀၀ ကို ထပ်မံမှာယူခဲ့ရာတွင် အားလုံးနီးပါး မှာယူတင်သွင်းနိုင်ခဲ့ပြီဖြစ်ပြီး မြို့ပြ ယာဉ်လိုင်းပေါင်းစုံအတွက် ယာဉ် အစီးရေ ၉၀ ထပ်မံ ရရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ယာဉ်အစီး ၉၀ ကို မြို့တွင်းရှိ ဒိုင်နာယာဉ်လိုင်းများတွင်  အစားထိုးသွား ရန်စီစဉ်ထားပြီး လောလောဆယ် တွင် ဒိုင်နာနှင့် ဟိုင်းလပ်ယာဉ်များ နေရာ၌ သက်ဆိုင်ရာယာဉ်လိုင်းနှင့် သင့်တော်မှုရှိသော ယာဉ်လိုင်းများက ၀င်ရောက်ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။
    အဆိုပါ ယာဉ်အစီးရေ ၉၀ ကို ယာဉ်လိုင်းများအလိုက် ခွဲဝေရောင်း ချပေးခဲ့ပြီး မကြာမီ မြို့ပြယာဉ်လိုင်း များတွင်ဝင်ရောက်ပြေးဆွဲကြမည်ဟု သိရသည်။ ပြည်ပမှ မှာယူခဲ့သော စီးတီးဘတ်စ်ယာဉ်ကြီးများကို ဒိုင်နာယာဉ်လိုင်းများနေရာတွင် အစားထိုး ရန် စီစဉ်ထားသော်လည်း အဆိုပါ ယာဉ်ကြီးများမှာယာဉ်ပိုင်ရှင်များ၏ ဆန္ဒအရ အထူးယာဉ်လိုင်းများပင်  ဖြစ်လာဖွယ်ရှိသည်ဟု သိရှိရသည်။ ယာဉ်ပိုင်ရှင်များသည်လည်း ယာဉ် အတွက် ရင်းနှီးထားရသည့် စရိတ်စကများကြီးမြင့်ခြင်းကြောင့် အထူးယာဉ်အဖြစ်သာ ပြေးဆွဲလိုကြသည်ဟု သိရသည်။
    သို့ရာတွင် ယခင်က အားထား စီးနင်းခဲ့ကြသော ဒိုင်နာယာဉ်လိုင်း များမှာ ခရီးတို ကျပ် ၅၀၊ ကျပ် ၁၀၀ နှင့် ခရီးလမ်းကြောင်းရှည်များတွင် ကျပ် ၁၅၀၊ ကျပ် ၂၀၀ တို့ ဖြစ်သော်လည်း အထူးယာဉ်ကြီးများမှာမူ အတက်အဆင်း ကျပ် ၂၀၀ ဖြစ်ခြင်း ကြောင့် ယာဉ်နှစ်ဆင့်၊ သုံးဆင့်စီးနင်း ရသောခရီးသည်များနှင့် အနီးအနား သွားလာကြသော ခရီးသည်များ အတွက်အထူးယာဉ်များထက် သာမန်ယာဉ်များ ပြေးဆွဲပေးမှုကို ပိုမိုလို လားကြသည်ဟု သိရှိရသည်။
    ဒိုင်နာယာဉ်လိုင်းများအနေဖြင့် အနောက်ပိုင်းခရိုင် ယာဉ်လိုင်းတွင် အများဆုံးပါဝင်နေပြီး မ.ထ.သ ယာဉ်လိုင်းမှလည်း အစီးရေ ၅၀၀ ခန့်ရှိကြောင်း သိရသည်။ ဒိုင်နာ ယာဉ်လိုင်းအများစုသည်  ခရီးလမ်း ကြောင်းရှည်ပြေးဆွဲနေခြင်းထက်  အချက်အချာကျသော နေရာများကို ချိတ်ဆက်ပြေးဆွဲနေကြခြင်း၊ လမ်းကြောင်းတိုများကို ပြေးဆွဲနေကြခြင်းတို့ကြောင့် အချို့မှာ တိုက်ရိုက်သော်လည်းကောင်း၊ မိမိသွားလိုသည့်နေရာကို ရောက်ရှိအောင် တစ်ဆင့်ခံ အဖြစ်သော်လည်းကောင်း စီးနင်းမှု များရှိကြသည်ဟု သိရသည်။