မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ၀ါခင်းကုန်းဓာတုဃရ စေတီတော်မြတ်ကြီး၏ ငွေရတုအကြိမ်မြောက် ပန်းမွေ့ရာခင်း ပူဇော်ပွဲကိုကျင်းပ |
|
|
|
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်ရှိ ၀ါခင်းကုန်းစေတီတော်၏ ငွေရတုအကြိမ် မြောက် ပန်းမွေ့ရာခင်းပူဇော်ပွဲကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှစတင်၍ ကျင်းပခဲ့ကြောင်း သိရှိရသည်။''၀ါခင်းကုန်းဓာတုဃရ စေတီတော်မြတ်ကြီးကို ပန်းမွေ့ရာခင်းပူဇော် လာတာ ၁၃၄၆ ခုနှစ်ကတည်းက အခုဆိုရင် ၂၅ ကြိမ်မြောက်ငွေရတု နှစ်ဖြစ်ပါတယ်။ ၀ါခင်းကုန်းစေတီ အနီးက ဂေါစရဂမ်ရပ်ကွက်တွေဖြစ်တဲ့ ယာဉ်ပျံ၊ ကျန်းမာရေး၊ ရွှေဂဲပွား၊ ရွှေယဉ်မွန်၊ ကန်ကောက်ဟောင်း၊ ကန်ကောက်သစ် ခုနစ်ရပ်ကွက်ရှိ အပျိုစင်တွေက နှစ်တိုင်းပန်းမွေ့ရာ ပူဇော်ကြပါတယ်။ ဒီနှစ်က ငွေရတု နှစ်ဖြစ်တဲ့အတွက် ရပ်ကွက်အတွင်း ရှိ အပျိုစင်အကုန် မဖြစ်မနေလိုက်ရ ပြီး အရင်နှစ်တွေထက်ပိုမိုထူးခြား စွာစည်ကားအောင် လူရွယ်လူပျိုတွေပါ စေတီကိုပန်းပူဇော်ကြတာပါ။ ပြီးတော့ မိမိတို့ဘာသာ သံချပ်သီချင်း တွေလည်းစပ်ဆိုပြီး တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖျော်ဖြေကြပါတယ်''ဟု ဂေါပက တစ်ဦးက ဆိုသည်။ ၀ါခင်းကုန်းစေတီတော်၏ ဉာဏ်တော်မှာ ဖိနပ်ခင်း ၅၅ တောင်၊ အ ရပ်တော် ၅၆ တောင်ရှိပြီး ကောဇာသက္ကရာဇ် ၁၂၄၁ ခု၊ ကဆုန်လဆန်း ၄ရက် အင်္ဂါနေ့က တည်ထားခဲ့သည်။ ရတနာသိင်္ဃမြို့စီရင်စု၊ ရွာသာအရပ်၊ တလည်းချောင်းအနီး ဥမင်လိုဏ်အတွင်းမှ တွေ့ရှိသော ရုပ်ရှင်တော်၊ ဓာတ်တော်၊ မွေတော်များနှင့် မဇ္ဈိမတိုက်မြတ်စွာဘုရား ပွင့်တော်မူရာ အပရာဇိတရွှေပလ္လင်တော် ပေါက်ရာဌာနမှအောင်မြေများနှင့် သတ္တဌာန၊ အဋ္ဌ၀ီသ၊ ရွှေငွေမိုးကြိုး ပဉ္စလောဟာရုပ်တုဆင်းတုတော်များ၊ ဓမ္မက္ခန္ဓာရွှေလွှာရေး ၊ ငွေလွှာရေး ပါဠိတော်များကို ဌာပနာသွင်းတည်ထား ကိုးကွယ်တော်မူသောကြောင့် စေတီတော်သို့ လာရောက်ဖူးမြော်ကြ သူများ 'အန္တရာယ်ဟူသမျကင်းဝေး ၍ ဆန္ဒဟူသမျပြည့်ဝ'ကြစေရန် အတွက် မာရ်အောင်ဓါတုဃရစေတီတော် ကြီးဟူ၍ ဘွဲ့အမည်တွင်စေခဲ့သည် ဟုမှတ်သားရပါသည်။ ၀ါခင်းကုန်း စေတီတော်ကြီး၏ ဘုရားဒါယကာ နှင့်ဒါယိကာမမှာ သီပေါဘုရင်နှင့် မိဖုရား စုဖုရားလတ်တို့ဖြစ်ကြောင်း သိရသည်။ |





မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်ရှိ ၀ါခင်းကုန်းစေတီတော်၏ ငွေရတုအကြိမ် မြောက် ပန်းမွေ့ရာခင်းပူဇော်ပွဲကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှစတင်၍ ကျင်းပခဲ့ကြောင်း သိရှိရသည်။