မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မန္တလေးတွင် စိုက်ပျိုးရေးသုံးပစ္စည်းဈေးကွက် သုံးနှစ်အတွင်း အရောင်းရဆုံးဖြစ်လာ PDF Print E-mail
    စိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးကွက်အတွင်း တောင်သူများ၏လိုအပ်ချက်အရ သုံးနှစ်အတွင်း သိသာစွာ ရောင်းအားပိုမိုမြင့်တက်ခဲ့သည် ဟု ဈေးကွက်တွင်းမှ စုံစမ်းသိရှိရပါ သည်။
    ''အရင်က တောင်သူတွေက အပင်ပိုးကျတာကို ဖြေရှင်းဖို့ ပထမဦးဆုံး ပိုးသတ်ဆေးလောက်သာ စွဲစွဲမြဲမြဲသုံးခဲ့ကြတယ်။ နောက်မှ ရွက်ဖျန်းအားဆေးကို သုံးလာကြပြီး အရင်ကပေါင်းပင်ကို လက်နဲ့လိုက် နှုတ်ပေးရာကနေ အခုဆိုရင်ပေါင်းသတ်ဆေးကို သုံးလာကြတယ်။ ဓာတ်မြေသြဇာကိုတော့ တချို့သုံး ကြပါတယ်။ ဈေးကွက်ထဲမှာ စိုက်ပျိုးရေးသုံးပစ္စည်းတွေ အမျိုးမျိုး အရင်ကတည်းကရှိခဲ့ပေမယ့် အခု နောက်ပိုင်းမှာ တောင်သူတွေအတွက် မိမိတို့နှင့် အဆင်ပြေသုံးစွဲနိုင်တဲ့ပစ္စည်းကို ရွေးချယ်သုံးနိုင်လာတာကြောင့် ပိုမို ရောင်းရလာတာပါ။ နောက်ပြီး ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ရွက်ဖျန်း၊ သီးနှံအားဆေး၊ ဆေးဖျန်းပုံး၊ ပဲမျိုးစေ့တွေသာမကဘဲ အခုဆိုရင် မြေခံဆေးတွေကိုပါ တောင်သူတွေ ရွေးချယ်သုံးစွဲနေပါပြီ။  အခု လက်ရှိ မှာ in organic ကိုသုံးစွဲနေကြပေမယ့် တောင်သူတွေက organic ကိုသွားဖို့ ဦးတည်ဆန္ဒရှိနေကြတယ်''ဟု မြေ လတ်ရာဇာ စိုက်ပျိုးရေးသုံးပစ္စည်း ဖြန့်ချိရေးမှဆိုသည်။
    ''အရင်ကတော့ တစ်ရာသီတစ်သီးနဲ့ပဲ အလုပ်ဖြစ်နေတာကိုး။ အခုတော့ တစ်နှစ်ပတ်လုံးစိုက်ပျိုးပါမှ အဆင်ပြေတာလေ။ ဒီတော့လည်း မိရိုးဖလာ နွားချေးမြေသြဇာနဲ့ တင် မဖြစ်တော့ဘူးပေါ့။ အများသူငါလို တစ်နှစ်ပတ်လုံး အသီးအပွင့်ရအောင် က ဆေးတွေဝါးတွေသုံးစွဲကြရတယ်။ တကယ်တမ်း ပင်ကိုယ်သဘာဝအသီး အနှံကပဲ လူနဲ့ ကျန်းမာရေးအရအဆင်ပြေတာပါ။ ဒါပေမယ့် အခုပင် ကိုယ် သဘာဝအသီးအနှံဆိုတာက မရှိသလောက်ဖြစ်နေပြီ။ ကိုယ်ကိုယ်တိုင် စားချင်တာတောင် မရနိုင်တော့ဘူးလေ''ဟု မန္တလေးမြို့အနီး ရေကြည်ရွာမှ စိုက်ပျိုးတောင်သူတစ်ဦး က ဆိုသည်။
    စိုက်ပျိုးရေးဈေးကွက်တွင်း ၌တရုတ်၊ ယိုးဒယား၊ ပါကစ္စတန် နိုင်ငံနှင့် ပြည်တွင်းဓာတ်မြေသြဇာများလည်းရှိပြီး တရုတ်မှဝင်ရောက်သည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအများဆုံး သုံးစွဲကြ၍ သီးနှံရွက်ဖျန်းအားဆေးကိုမူ ယိုးဒယား နိုင်ငံဖြစ်ပစ္စည်းကို ပိုမိုသုံးစွဲသည်ဟု သိရှိရသည်။