မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ပုဂံနေ၀င်ချိန်အလှ Sun-Set ကြည့်ရှုခြင်းကို ပြည်တွင်းဘုရားဖူးများပါ အချိန်ပေးကြည့်ရှုလာ |
|
|
|
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ပြည်ပခရီးသွား ဧည့်သည်များတွင် နေ၀င်ချိန်ဆည်း ဆာ Sun-Set အလှကြည့်ရှုခံစားခြင်း ကို ယခင်က ပြည်ပခရီးသွား နိုင်ငံခြားသားများသာ ဆောင်ရွက်လေ့ရှိသော်လည်း ယခုအခါပြည်တွင်းခရီး သွားဘုရားဖူးနှင့် ဧည့်သည်များပါ စိတ်ဝင်တစား အချိန်ပေးကြည့်ရှုလာကြကြောင်း ဈေးသည်များထံမှ သိရသည်။''Sun-Set ကြည့်တာ အရင်တုန်းကတော့ ဥရောပသားတွေများ တယ်။ နောက် ထိုင်းတွေ၊ ကိုရီယား တွေပါ တစ်ခါတစ်လေ ကြည့်တယ်၊ ခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာ ဘုရားဖူးတွေပါ Sun-Set ချိန်ဆို ရောက်လာကြပြီး ကြည့်ကြ ဓါတ်ပုံ ရိုက်ကြနဲ့ အတော်များလာတယ်''ဟု ပြဿဒ်ကြီးဘုရားမှ ဒေသခံတစ်ဦး ဆိုသည်။ ယခင်က မြန်မာ ဘုရားဖူး ဧည့်သည်များသည် ပုဂံဒေသသို့ ရောက်ရှိလာပါက စွယ်တော်လေးဆူ ဖူးခြင်း၊ အခြားထင်ရှားသည့် ဘုရား များ လှည့်လည်ဖူးမျော်ခြင်းမှလွဲ၍ ညနေခင်းနေ၀င်ချိန်အလှကို ဘုရားများပေါ်မှ စောင့်စားကြည့်ရှုခြင်းမျိုး နည်းပါးခဲ့ကြောင်း၊ ယခုအခါ Sun-Set ကြည့်သူ ပြည်တွင်းဘုရားဖူးများ များပြားလာပြီး အထူးသဖြင့် ကျောင်း သား/ကျောင်းသူ လူငယ်အဖွဲ့များ ပို၍ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။ ''နိုင်ငံခြားသားတွေလို နေ၀င်ချိန်ကို ငြိမ်သက်စွာနဲ့ ကြည့်ရှု ခံစားကာ မှတ်တမ်းတင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ငယ်ရွယ်သူတွေ ဆိုတော့ ပြောင်လိုက်နောက်လိုက်၊ ရယ်လိုက်မောလိုက်ပေါ့'' ဟု ဈေး သည်တစ်ဦးဆိုသည်။ |





ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ပြည်ပခရီးသွား ဧည့်သည်များတွင် နေ၀င်ချိန်ဆည်း ဆာ Sun-Set အလှကြည့်ရှုခံစားခြင်း ကို ယခင်က ပြည်ပခရီးသွား နိုင်ငံခြားသားများသာ ဆောင်ရွက်လေ့ရှိသော်လည်း ယခုအခါပြည်တွင်းခရီး သွားဘုရားဖူးနှင့် ဧည့်သည်များပါ စိတ်ဝင်တစား အချိန်ပေးကြည့်ရှုလာကြကြောင်း ဈေးသည်များထံမှ သိရသည်။