မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု စစ်ကိုင်းတိုင်းအတွင်း လှုပ်ခတ် |
|
|
|
|
အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု စစ်ကိုင်းတိုင်းအတွင်း လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ် ၅၈ စက္ကန့် က မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၂၅ မိုင်ခန့် အကွာ မြန်မာပြည်တွင်း တစ်နေရာ ကို ဗဟိုပြုကာ အင်အားရစ်ခ်ျတာ စကေး ၄ . ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။ အဆိုပါ အင်အားအနည်းငယ် ရှိသော ငလျင်သည် မော်လိုက်မြို့ နယ်မှ အရှေ့တောင်ဘက် ၁၅ မိုင် အကွာ၊ မုံရွာမြို့နယ်မှ အနောက် မြောက်ဘက် ၉၉ မိုင်အကွာတွင် လှုပ်ခတ်ခဲ့သည်ဟု မန္တလေးမိုးလေ၀သနှင့် ဇလဗေဒဌာနမှ သိရှိရသည်။ ယင်းငလျင်ဖြစ်ပွားမှုသည် ယခုနှစ်အတွင်း ပထမဆုံးသော သတင်းထုတ်ပြန်မှုဖြစ်သည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့က လည်း ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက် အနောက်မြောက်ဘက်မိုင် ၅၃၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (အိန္ဒိယ-မြန်မာနယ်စပ်) တစ်နေရာကို ဗဟိုပြုကာအင်အား ရစ်ခ်ျတာစကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ရှားခဲ့သည်ဟု သတင်းထုတ်ပြန် ချက်တွင်ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်း ပြည်တွင်းတွင် အင်အား အနည်းငယ်ရှိသော ငလျင်နှင့် အင်အားအသင့်အတင့်ရှိသော ငလျင် လှုပ်ခတ်မှုများကို တွေ့ကြုံခဲ့ရသည်။ |




