မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မြို့မတူရိယာအသင်းကိုယ်စားပြု ငွေငန်းရုပ်အသစ်ကို အချိန်နှစ်လဖြင့် ပြုလုပ်ပြီးစီး PDF Print E-mail

        မန္တလေးမြို့တွင် တည်ရှိသော မြို့မတူရိယာအသင်းကိုယ်စားပြု ငွေငန်းရုပ်အသစ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ပြီးစီးသွားပြီး အချိန်နှစ်လသာကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

        ''ကျွန်တော်တို့ ဒီနှစ်ပြုလုပ်တဲ့ငွေငန်းရုပ်ဟာ အရင်နှစ်က အရုပ်တွေနဲ့ လုံးဝကိုပြုလုပ်ပုံခြင်း မတူပါဘူး။ အစဉ်အဆက်ပြုလုပ်လာခဲ့ကြတဲ့ အရုပ်တွေက ၀ါးနဲ့ပုံစံချိုးပြီး လုပ်ထားတဲ့ စက္ကူငွေငန်းရုပ်တွေဖြစ်တာမို့ လေဒဏ်၊ မိုးဒဏ်တွေခံရရင် ပျက်စီးလွယ်ပါတယ်။  ဒါပေမယ့် အခုအရုပ်ကတော့ ၀ါးနဲ့ပုံစံချိုးတာမဟုတ်တော့ဘဲ သံတိုင်တွေနဲ့ ပုံစံချိုးပြီးမှ ပြုလုပ်ထားတာဖြစ်လို့ ပိုပြီးတော့ ရေရှည်ခံပါလိမ့်မယ်။ အပျက်အစီးလည်း နည်းပါလိမ့်မယ်။ ဒါပေမယ့် စက္ကူတော့ စက္ကူရုပ်ပါပဲ။ ဒီငွေငန်းရုပ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက စလုပ်ခဲ့တာပါ။ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ သံထည်ပုံစံပြီးသွားပါပြီ။ နောက်ပြီး ၀ါးနန်းတွေထည့်၊ ကိုယ်လုံးပုံဖော်၊ မှိုင်းခံ စက္ကူကပ်၊ သရိုးကိုင်တဲ့အလုပ်တွေကို တစ်လလောက်လုပ်ခဲ့ရပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ငွေငန်းရုပ်ကြီးကို အပြီးအစီးလက်စသတ်နိုင်ခဲ့ပါတယ်။ နောက်ပြီးမတ်လလောက်ရောက်ရင် ငွေငန်းရုပ်ကို ငွေမှင်ရည်သုတ်ပြီး ဦးခေါင်းပိုင်းနဲ့ နှုတ်သီးပိုင်းကိုတော့ သဘာဝအရောင် ဆေးရောင်ခြယ်သွားမှာပါ''ဟု အဆိုပါအတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားပါသည်။

        ယခင်ပြုလုပ်သော ငွေငန်းရုပ်များသည် အလှပြယာဉ်တွင် တပ်ဆင်၍ ဖျော်ဖြေရေးထွက်သောအခါများတွင် ဓာတ်ကြိုးများ၊ သစ်ကိုင်းများဖြင့် ထိခိုက်မိပြီး ပျက်စီးလွယ်ကြောင်း၊ ထို့ကြောင့် ယခုပြုလုပ်သောအရုပ်တွင် အတောင်ပံကို လှုပ်ရှားနိုင်အောင် စီစဉ်ထားပြီး ဦးခေါင်းပိုင်းလွတ်ရန်အတွက်လည်း ငွေငန်းရုပ်ကို လှည့်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

       အဆိုပါမြို့မတူရိယာအသင်း ကိုယ်စားပြုငွေငန်းရုပ်သည် အလျားခုနစ်ပေ၊ အနံသုံးပေခွဲ၊ အမြင့်ခုနစ်ပေခွဲရှိနေပြီး အတောင်ပံတစ်ဖက်စီ၏ အရှည်မှာ ၁၁ ပေစီရှိကာ ယခင်နှစ်များကပြုလုပ်ခဲ့ကြသော ငွေငန်းရုပ်များ၏ အတိုင်းအတာကဲ့သို့ပင် ဖြစ်ကြောင်းလည်း သိရှိရသည်။

       မြို့မတူရိယာအသင်းသည် အထိမ်းအမှတ်အဖြစ် ငွေငန်းရုပ်ကို ၁၉၃၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက  စတင်အသုံးပြုခဲ့ကြောင်း ထပ်မံသိရှိရသည်။