မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| သရက်မြို့တွင် သရက္ခန်သား ဗုဒ္ဓရုပ်ပွားတော်တွင် မွေးညင်းတော်များ ထူးဆန်းစွာ ထွက်ပေါ်နေသည်ဟုသိရ |
|
|
|
သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အမှုထမ်းနေအိမ်နေ ကျန်းမာရေးဌာန အမှုထမ်းများဖြစ်သော ဦးခိုင်ထွန်း+ဒေါ်အမာမြင့်တို့ ၏ နေအိမ်ကျောင်းဆောင်တော်တွင် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွားတော်တွင် အလိုအလျောက်မွေးညင်းတော်များ ပေါ်ပေါက်တော်မူလာကြောင်း တွေ့ခဲ့ရသည်။လွန်ခဲ့သော နှစ် ၂၀ ခန့် ၁၉၉၀ ပြည့်နှစ် ၀န်ထမ်းဘ၀ ပထမဦးဆုံး တာဝန်ကျရာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင်ရရှိခဲ့သော သရက္ခန်သားဖြင့်ဉာဏ်တော် ခြောက်လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ပူဇော်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်က အမှုထမ်းနေအိမ် ရှိ ဘုရားစင်ရှင်းလင်းစဉ် အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော် တို့တွင် နှစ်စင်တီမီတာအရှည်ခန့်ရှိ မွေးညင်းတော် ခုနစ်ပင်ထွက်ပေါ်နေသည်ကို ထူးဆန်းစွာတွေ့ခဲ့ရသဖြင့် သက်တော်ရှည် ကျိုက်ဒေးယျုံဆရာတော်ကြီးထံ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ထားသူဦးခိုင်ထွန်းကပြောသည်။ သရက္ခန်သား ဗုဒ္ဓရုပ်ပွားတော် အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး ၀န်းအတွင်းရှိ သံဃာဆေးရုံဘုရားခန်းတွင် အနေကဇာတင်မင်္ဂလာပြုလုပ်ပြီး ပူဇော်ထားရှိရာ လာရောက် ဖူးမြော်သူများနှင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။ |





သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အမှုထမ်းနေအိမ်နေ ကျန်းမာရေးဌာန အမှုထမ်းများဖြစ်သော ဦးခိုင်ထွန်း+ဒေါ်အမာမြင့်တို့ ၏ နေအိမ်ကျောင်းဆောင်တော်တွင် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွားတော်တွင် အလိုအလျောက်မွေးညင်းတော်များ ပေါ်ပေါက်တော်မူလာကြောင်း တွေ့ခဲ့ရသည်။