မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရှမ်းဘာသာသို့ ပြန်ဆိုပြုစုတော်မူခဲ့သော ပိဋကတ်တော်များ ပင့်ဆောင်ပွဲနှင့် ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော် ငွေရတုသဘင်ပွဲကျင်းပ PDF Print E-mail
လားရှိုးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်ငွေရတု သဘင်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှ ၂၀ရက်နေ့အထိ လားရှိုးမြို့၊ ကန်မိန်းကျောင်းတိုက်တွင် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်ကို ကောဇာသက္ကရာဇ်၊ ၁၃၄၇ ခုနှစ်မှ စတင် ကျင်းပခဲ့ရာ ၁၃၇၁ ခုနှစ်၌ ကျင်းပပြုလုပ်သည့် စာပွဲတော်သည် (၂၅) နှစ်တိုင် ရှိခဲ့ပြီဖြစ်သောကြောင့် ယခု နှစ်တွင် ငွေရတုသဘင်ပွဲတော်အဖြစ် ကျင်းပပြုလုပ်ခဲ့ရာ စာပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များက ကိုယ်ပိုင် ကားများ၊ မှန်လုံကားကြီးများ၊ ထော် လာဂျီများ၊ ဆိုင်ကယ်များနှင့်လာ ရောက်ခဲ့ကြပြီး အထူးစည်ကားခဲ့ကြောင်း သိရသည်။
ပွဲတော်သို့ မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲ၊ နောင်ပိန်တို့မှ ဒေသခံများသာမက တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်မြို့တို့မှလည်း လာရောက်ခဲ့ကြကြောင်းသိရသည်။
ပွဲတော်ရက်အတွင်း ပင်လုံမြို့၊ ရှမ်းပိဋကတ်ဘာသာပြန် ကျောင်းမှ ပင့်ဆောင်လာသည့် ပိဋကတ်တော်များအား ရန်တိုင်းအောင်ဆုတောင်း ပြည့်မြို့ဦးစေတီတော်မှ မြို့တွင်းသို့ လှည့်လည်၍ ကန်မိန်းကျောင်းတိုက်သို့ ပင့်ဆောင်လာသည့်နေ့တွင် ပွဲတော်သို့ လာရောက်သူများပြားစည်ကားခဲ့ပြီး ပွဲတော်ရက်အတွင်းအစည်ကားဆုံးနေ့ရက်ဖြစ်ခဲ့သည်။
ပွဲတော်သို့လာရောက်ကြသူတိုင်းအား ဆုမဲများပါဝင်သည့် ဗလာ မပါ ဝေဿန္တရာ ကံစမ်းမဲကို ပွဲတော် လာပရိသတ်များအား ဝေငှခြင်း များ၊ ဗုဒ္ဓအနုပညာပြခန်းများ၊ ဓမ္မ ပူဇာတရားပွဲများ၊ ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ရှမ်းတိုင်းရင်း သား အဆိုတော်များ၏ ဖျော်ဖြေပွဲ များ၊ ရှမ်းပြဇာတ်ဖျော်ဖြေမှုများ၊ နိဗ္ဗာန်ဈေးပွဲတော် များပါဝင်ခဲ့သည်။