မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ လက်ရှိရေအမှတ်ထက် တစ်ပေ၀န်းကျင် မြင့်တက်နိုင် |
|
|
|
|
ယခုလအတွင်း ဧရာဝတီမြစ်၌ မြစ်ရေသည် တစ်ပေခန့်မှ သုံးပေခန့်ဝန်းကျင်နှင့် ချင်းတွင်းမြစ်တွင် တစ်ပေ၀န်းကျင်ခန့် လက်ရှိရေအမှတ်များအထက်သို့ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သတင်းရရှိပါသည်။ ဧရာဝတီမြစ်တွင် မြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် သုံးပေခန့်၊ မြစ်လယ်ပိုင်းဒေသများဖြစ်သော မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် တစ်ပေခွဲခန့်၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့နှင့် ဟင်္သာတမြို့တို့တွင် တစ်ပေခန့် လက်ရှိရေအမှတ်များအထက်သို့ မြင့်တက်လာနိုင်သည်ဟု သိရသည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မလင်းတို့တွင် တစ်ပေခန့်၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် ပေ၀က်ခန့် လက်ရှိရေအမှတ်များအထက်သို့ မြင့်တက်လာနိုင်သည်ဟု သိရသည်။ မြစ်ရေအပြောင်းအလဲ ဖြစ်ပေါ်နေကျအချိန်သို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် မြစ်ရေများမြင့်တက်လာရန် အစပျိုးလာခြင်းဖြစ်သည်ဟု သိရှိရသည်။ |




