မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ပဲခူးရိုးမရှိ စမ်းချောင်းများ အချိန်စော၍ ရေခန်းခြောက် PDF Print E-mail

        ပဲခူးရိုးမအတွင်းပိုင်းဒေသရှိ ကျေးရွာအများစုတွင် နွေရာသီ၌ သောက်သုံးရေအဖြစ် စမ်းချောင်းများမှရရှိသည့် ရေကိုသာ အဓိကထားသုံးစွဲနေရပြီး အဆိုပါစမ်းချောင်းများတွင် အချိန်စော၍ ရေခန်းခြောက်မှုများ ပိုမိုကြုံတွေ့လာရကြောင်း တွေ့ရသည်။

         ထို့နောက် ပဲခူးရိုးမအတွင်းပိုင်းဒေသတွင် မြေဆီလွှာအတွင်းရှိ ရေအရင်းအမြစ်ကို အဓိက ကာကွယ်မှုပေးနေသည့် သစ်တောသစ်ပင်များ ကျဲပါးလာမှုကြောင့် ရေခန်းခြောက်မှုများ အချိန်စော၍ ဖြစ်ပေါ်လာရကြောင်း သိရသည်။

        ထို့ကြောင့် အချို့ကျေးရွာများတွင် စမ်းချောင်းများအတွင်း၌ လက်ယက်တွင်းများပြုလုပ်၍ သောက်သုံးရေရှိမှုအတွက် ဖန်တီးလာရကြောင်း သိရသည်။ ''စမ်းချောင်းတွေက ခုချိန်ကတည်းက ရေခန်းနေပြီး၊ အရင်ကဆိုရင် တန်ခူးလ၊ ကဆုန်လလောက်ကျမှ ကြုံတွေ့ရတာပါ''ဟု ဒေသခံတစ်ဦးက ပြောကြားပါသည်။       

 

Comments

 
0 #1 khinmgu 2010-03-09 16:50
ဒီလိုဖြစ်စဉ်က အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတ ည်းက ဒီလိုသတင်းမျိုး ကြားခဲ့ရတာပါ။ အဓိကကျတဲ့ ရေဝေရေလဲဒေသက သစ်ပင်ကြီးမျိုး ကို ဒီထက်တင်းကျပ်တဲ့  ဥပဒေတွေနဲ့ ကာကွယ်သင့်ပါပြီ