ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ကမ္ဘာ့ဆန်အထွက်နှုန်း ပုံမှန်ဖြစ်လာ၍ ၀ယ်လိုအားနှင့် ဈေးနှုန်းများကျဆင်း မြန်မာ့ဆန်ပြည်ပပို့ရန် ခွင့်ပြုချိန်တွင် ပြည်တွင်းဈေးကွက် တည်ငြိမ်ရန်လိုအပ်မည် PDF Print E-mail

       ကမ္ဘာ့ဆန်ဈေးနှုန်း ပုံမှန်ဖြစ်လာပြီး ၀ယ်လိုအားနှင့် ဈေးနှုန်းပါ  ကျဆင်းနေသည့် အခြေအနေသို့ ရောက်ရှိနေချိန်တွင် မြန်မာ့ဆန်တင်ပို့ရန်အတွက် ခွင့်ပြုမည့်အချိန်နှင့်လည်း တိုက်ဆိုင်လျက် ရှိရာ ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်မှုရှိရန် လိုအပ်မည်ဖြစ်သည်ဟု ဆန်စပါးကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။


        ပြီးခဲ့သည့်နှစ်တွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှု များပြားသည့် အိန္ဒိယနိုင်ငံအပြင် ဒေသတွင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များကြောင့် စိုက်ဧရိယာများ လျော့ကျကာ စပါး အထွက်နှုန်းများလည်း ကျဆင်းခဲ့ရသဖြင့် ပြည်ပမှ ဆန်ဝယ်ယူတင် သွင်းရသည့် အခြေနေသို့ ရောက်ရှိ ခဲ့ရာ ကမ္ဘာ့ဆန်ဈေးကွက်တွင် ၀ယ်လိုအားနှင့် ဈေးနှုန်းပါကောင်းမွန်သည့် အနေအထားသို့ရောက်ရှိခဲ့သည်။


    ''ပြီးခဲ့နှစ်ကတော့ ကမ္ဘာတစ်ဝန်းမှာ ရာသီဥတုတွေဖောက်ပြန်လို့ ကမ္ဘာ့ဆန်အထွက်ဆုတ်ခဲ့သလို ၀ယ်လိုအားလည်း တက်ခဲ့ပါတယ်။ အခုနှစ်ဦးပိုင်းမှာတော့ ရာသီဥတုက ပုံမှန်ဖြစ်ခဲ့ပြီမို့ ကမ္ဘာ့ဆန်အထွက် လည်း ပုံမှန်ပြန်ဖြစ်သွားလို့ ၀ယ်လို အားရော ဈေးပါ ကျသွားပါတယ်။ ဒီနှစ် နွေစပါးပေါ်ချိန်မှာ ပြည်ပဆန် တင်ပို့လို့ ရနိုင်မယ့်အနေအထားက ရှိနေတဲ့အတွက် နွေစပါးပေါ်ချိန်မှာ ပြည်တွင်းဈေးနှုန်း တည်ငြိမ်ဖို့လို အပ်ပါမယ်။ ပြီးခဲ့တဲ့ မိုးစပါးတုန်း က မိုးစပါးအဖွင့်ဈေးကောင်းခဲ့လို့ တောင်သူတွေ နွေစပါးမှာအားထည့် ထားတဲ့အတွက် အထွက်ကောင်းမှာပါ။ အဲဒီအတွက် စပါးဈေးလည်း ကောင်းမှ မိုးစပါးမှာ အားပြန်ထည့် ကြမှာပါ''ဟု မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းမှ ဦးဝင်းအေးဖေက ဆိုပါသည်။


    မိုးစပါးထက် ကုန်ကျစရိတ် ပိုမိုသည့် နွေစပါးလှိုင်လှိုင်ပေါ်ချိန် တွင် မုတ်သုတ်အ၀င်စောနိုင်သည့် အခြေအနေမျိုးလည်း ရှိနေသည့် အတွက် နွေစပါးများ မပျက်စီးစေရန် ကြိုတင်စီမံမှုများ ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်ပြီး နွေစပါးပေါ် စတွင် ကမ္ဘာ့ဆန်ဈေးကျဆင်းနေမှု ၀ယ်လိုအား ကျဆင်းနေမှုအတွက် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း သတ်မှတ်အတိုင်းအတာ တစ်ခုဖြင့် ပုံမှန် စီးဆင်းသင့်ကြောင်း ဆန်စပါးကျွမ်း ကျင်သူတစ်ဦးက အကြံပြုခဲ့သည်။


    ''ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးမှာ ဆန်တန်ချိန် တစ်သန်းကျော်ပို့တယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ဆန်အထွက်နှုန်း ဆန်စားနှုန်း နဲ့ချိန်ဆမယ်ဆိုရင် တစ်လမှာမှ ဆန်တန်ချိန် တစ်သိန်းအောက်မှာပဲ ရှိပါတယ်။ ပြန်ကြည့်ရင် ကျွန်တော် တို့နိုင်ငံရဲ့  ဆန်ကြိတ်ခွဲအား၊ သိုလှောင်နိုင်မှု၊ သင်္ဘောတင်လုပ်ငန်းတွေအရ တစ်လဆန်တန်ချိန် တစ်သိန်းလတိုင်းမတင်နိုင်ပါဘူး။ ပြည် တွင်းရောပြည်ပမှာပါ အတိုင်းအတာလေးတစ်ခုနဲ့ ဆန်ပုံမှန်စီးဆင်းနေ မယ်ဆိုရင် ဒါဟာတည်ငြိမ်မယ့် အနေအထားတစ်ခုပါ။ ဒီလိုနည်းနဲ့ပဲ ကမ္ဘာ့ဆန်ဈေးကွက်ရဲ့အပြောင်းအလဲ ကို ကျော်လွှားသွားရမှာပါ''ဟု ပိုင်အိုနီးယား ရိတ်သိမ်းချိန်လွန် နည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကျော်ကဆိုပါသည်။

 

ကမ္ဘာ့ဆန်ပေါက်ဈေး (ဖေဖော်ဝါရီလ ၂၅ ရက်)
  ဆန်အမျိုးအစား  ထိုင်း ဗီယက်နမ် ပါကစ္စတန်
       ၁၀၀%
  ၅၅၀ ၄၁၀   ၄၃၀
        ၁၅% 
  ၅၁၅  ၄၀၀ -
          ၂၅%         
 ၄၇၅ 
 ၃၇၅၃၅၀

 

 

အာရှကမ္ဘာ့ဆန်ပေါက်ဈေး (မတ်လ ၅ ရက်)
ဆန်အမျိုးအစား ထိုင်း ဗီယက်နမ် ပါကစ္စတန်
၁၀၀%
၅၂၀ ၃၇၅
-
၁၅%
၄၈၀ ၄၀၀ -
၂၅%
၄၆၀ ၃၆၅ ၃၅၀