ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


တရုတ်နိုင်ငံစက်ရုံများမှ ဖယောင်းကုန်ကြမ်းဈေးများ တိုးမြှင့်လိုက်သည့်အတွက် ပြည်တွင်းဈေးကွက်ရှိ ဖယောင်းကုန်ကြမ်းဈေး တစ်ပိဿာလျင် ကျပ် ၂၀၀ ကျော်အထိ မြင့်တက် PDF Print E-mail

    မြန်မာ-တရုတ်နယ်စပ်ရှိ နယ် စပ်ကုန်သွယ်ရေး စခန်းများတွင် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် ကောက်ခံနေသော ကုန်သွယ်ခွန်တိုးမြှင့် ကောက်ခံမည်ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းနှင့်အတူ တရုတ်နိုင်ငံစက်ရုံများမှလည်း စက်ရုံ ထုတ် ဖယောင်းကုန်ကြမ်းဈေးများ ကို လိုက်လံတိုးမြှင့်လိုက်သည့် အတွက် လက်ရှိ မြန်မာနိုင်ငံဈေးကွက် အတွင်းရှိ ဖယောင်းကုန်ကြမ်းဈေးမှာ တစ် ပိဿာလျင် ကျပ် ၂၀၀ ကျော်နှုန်း ဖြင့်မြင့်တက်သွားခဲ့ကြောင်း သတင်းရရှိသည်။


    လက်ရှိတွင် ပြည်တွင်း၌လည်း ဖယောင်းတိုင်လုပ်ငန်းများအတွက် ကုန်ကြမ်းဝယ်လိုအားမှာ သိသိသာသာ မြင့်တက်ခြင်းမရှိဘဲ အရောင်းအ၀ယ်မှာလည်း ပုံမှန်အတိုင်းသာရှိ နေသည်ဟု သိရသည်။ ယင်းအပြင် ကမ္ဘာ့ရေနံဈေးနှင့် ငွေလဲလှယ်နှုန်းမှာ လည်း အပြောင်းအလဲများမရှိသေးကြောင်း သိရသည်။ သို့ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဖြစ်ပေါ်ပြောင်းလဲနေသော သတင်းများ၊ အခြေအနေများနှင့် ရေကြောင်းမှ တစ်ဆင့် ဖယောင်းကုန်ကြမ်းများ ၀င်ရောက်လာခြင်း မရှိသေးသည့်အချိန် များတွင် ဖယောင်းကုန်ကြမ်းဈေးနှုန်းများ မြင့်တက်သွားတတ်သည့်အပြင် တရုတ်နိုင်ငံရှိ စက်ရုံထုတ် ဈေးနှုန်း များ မြင့်တက်သွားသည်ဟု ဆိုခြင်းကြောင့်လည်း ဖယောင်းကုန်ကြမ်း ဈေးများလိုက်လံမြင့်တက်လေ့ရှိတတ်သည်ဟု ဖယောင်းတိုင်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။


      ကမ္ဘာ့စီးပွားရေးအကျပ်အတည်း မဖြစ်မီ ရေနံဈေးများ တက်နေစဉ်က ဖယောင်းကုန်ကြမ်းဈေး တစ်ပိဿာ လျင် ကျပ် ၄၀၀၀ ၀န်းကျင်အထိ အမြင့်ဆုံးရောက်ရှိခဲ့သည်ဟုသိရပြီး ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကြုံတွေ့ပြီးနောက် ရေနံဈေးများပြန်လည်ကျဆင်းခဲ့ချိန်တွင် ဖယောင်း ကုန်ကြမ်းဈေးမှာ တစ်ပိဿာလျင် ကျပ် ၁၇၀၀ အထိ ပြန်လည်ကျဆင်းခဲ့သည်ဟုသိရသည်။  အဆိုပါ ဈေးနှုန်းမှ တက်ရိပ်ပြခဲ့ရာတွင် ယခုအခါ ဖယောင်းတစ်ပိဿာလျင်ကျပ် ၃၂၀၀ ဖြစ်သည်ဟု သိရသည်။


    ''ကုန်သည်တွေဆီက ကြားရ တာကတော့  နယ်စပ်သတင်းတွေနဲ့ တရုတ်က စက်ရုံထုတ်ဈေးတွေ  မြင့်သွားလို့တက်သွားတယ်ပြောတာပဲ။ အခုလိုတစ်ပိဿာကျပ် ၂၀၀ လောက် ခုန်မတက်ခင်ကတည်းက လုပ်ငန်း တွေသိပ်မကောင်းဘူး။ ဒီလုပ်ငန်း ကသိပ် အမြတ်ကြီးစားလုပ်လို့ မရပါ ဘူး။ တချို့က တစ်အိတ် နှစ်အိတ်ချင်းဝယ်ပြီး မိသားစုလုပ်ငန်းငယ် ပုံစံနဲ့ လုပ်နေကြတာပါ။ ဒါပေမယ့် နယ်ဘက်တွေမှာ ဖယောင်းတိုင်က အရေးပါနေဆဲဆိုတော့ အိတ်များ များလုပ်နိုင်ရင် တွက်ချေကိုက်တဲ့ သဘောရှိတော့ ဈေးကွက်ရှိတယ်လို့ ပြောရမှာပါ။ တချို့တွေက မရင်းနိုင်လို့ မကိုက်လို့ လုပ်ငန်းဖြုတ်တာတွေ ရှိတယ်''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။


    ''၂၀၀၉ နှစ်ကုန်နဲ့ ၂၀၁၀ နှစ် ဆန်းပိုင်းမှာ ဈေးတော်တော်လေး တက်လာတယ်။ကုန်ကြမ်းဈေးတက် လို့ ကုန်ချောဈေးလိုက်တက်ရရင် လည်း မဖြစ်ပြန်ဘူး။ ကိုယ်ဝယ်တဲ့ အချိန်ကဈေးနဲ့ ဈေးကွက်ထဲကိုဖြန့် တဲ့ဈေးချိန်ပြီးဖြန့် ရပေမယ့် အများအား ဖြင့် ပစ္စည်းတွေက ခေါက်ပြန်ကြေး ဆိုတော့ကိုယ်ပိုက်ဆံရတဲ့အခါ ကုန်ကြမ်းဈေးက အရင်ကထက် ပိုတက် သွားပြီ။ ကုန်သည်ဆီက ကုန်ကြမ်း ကိုတော့ ပေါက်ဈေးတွေအတိုင်းပေး ၀ယ်၊ ပြီးတော့ ကုန်ချောကိုဆိုင်တွေ ဆီ အကြွေးနဲ့ လိုက်ချ၊ ပိုက်ဆံရတဲ့ အခါ ဈေးတွေတက်သွားပြန်နဲ့ ဒီလိုသံသရာလည်ပြီးကြာလာတော့ ကုန် ပစ္စည်းကို အကြွေးမချနိုင်ကြဘူး ဖြစ်သွားကြတာပါပဲ။ ရင်းနှီးထားတဲ့ လုပ်ငန်းရှင်အတွက် ပြောသလောက် အမြတ်မကျန်ပါဘူး'' ဟုလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။


    ဖယောင်းကုန်ကြမ်း တစ်အိတ် လျင် ၃၀ ဒသမ ၈၀ ပိဿာပါရှိပြီး အမျိုးအစား ဒီဂရီကွာခြားချက်ပေါ် မူတည်၍ ဈေးနှုန်းကွာခြားချက်များ ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံရှိ  ဖယောင်းတိုင် လုပ်ငန်းများအတွက် ကုန်ကြမ်းများကိုတရုတ်နိုင်ငံမှမှာ ယူတင်သွင်းနေရခြင်းဖြစ်ပြီး နယ်စပ်မှ တစ်ဆင့် တင်သွင်းလျက်ရှိသလို၊ ရေကြောင်းခရီးလမ်းဖြင့်လည်း တင်သွင်းလျက်ရှိကြောင်း သိရသည်။