ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မတ်လ ၁ ရက်နေ့မှစတင်၍ တရားရုံးချုပ်တွင် အထူးအယူခံ နှစ်ပါးထိုင်အစား သုံးပါးထိုင်ဖြင့် ရုံးထိုင်ကြားနာမည်ဟုသိရ PDF Print E-mail
    ၂၀၁၀ ပြည့်နှစ် မတ်လ ၁ ရက် နေ့တွင် စတင်သည့်ရက်သတ္တပတ်မှ စ၍ အထူးအယူခံဝင် ခွင့်ပြုရန်အတွက် လျောက်ထားသည့် အထွေထွေ လျောက်လွှာ(အထူး)များကို တရားရုံးချုပ် တရားသူကြီး နှစ်ဦးအစား သုံးဦးဖြင့် ရုံးထိုင်ကြားနာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 


    တရားရုံးချုပ်တွင် တရားသူ ကြီးချုပ်၊ ဒုတိယတရားသူကြီးချုပ် များ အပါအ၀င် တရားရုံးချုပ်တရား သူကြီး ၁၅ ဦးရှိကြောင်းသိရသည်။


တရားသူကြီးချုပ်မှာ ဦးအောင်တိုး ဖြစ်ပြီး ဒုတိယတရားသူကြီးချုပ်များ မှာ ဦးထွန်းထွန်းဦး၊ ဦးသိန်းစိုး၊ ဦးခင်မောင်လတ်တို့ ဖြစ်ကြောင်း သိရသည်။ တရားရုံးချုပ်တရားသူကြီးများမှာ ဦးခင်မြင့်၊ ဒေါက်တာ တင်အောင်အေး၊ ဦးမြင့်သိန်း၊ ဦးချစ်လွင်၊ ဦးတင်အေး၊ ဦးဟန်ရှိန်၊ ဦးစန်း တင့်ရီ၊ ဦးမြင့်အောင်၊ ဦးစိန်လှိုင်၊ ဦးသက်ထွန်း၊ ဦးကျော်ဝင်းတို့ ဖြစ်ကြောင်း သိရသည်။


    တရားသူကြီးချုပ် ဦးအောင်တိုးနှင့် ဒုတိယတရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့သည် တရားရုံးချုပ် (နေပြည်တော်)မှ ဖြစ်ပြီး ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးနှင့် တရားရုံးချုပ်တရားသူကြီး ဦးခင်မြင့်၊ ဒေါက်တာတင်အောင်အေး၊ ဦးမြင့်သိန်း၊ ဦးချစ်လွင်၊ ဦးတင် အေး၊ ဦးဟန်ရှိန်တို့မှာ တရားရုံးချုပ်  (ရန်ကုန်)မှဖြစ်ကြောင်းသိရသည်။ ဒုတိယတရားသူကြီးချုပ် ဦးခင် မောင်လတ်နှင့် တရားရုံးချုပ်တရား သူကြီး ဦးစန်းတင့်ရီ၊ ဦးမြင့်အောင်၊ ဦးစိန်လှိုင်၊ ဦးသက်ထွန်း၊ ဦးကျော်ဝင်းတို့မှာ တရားရုံးချုပ်(မန္တလေး)မှ ဖြစ်ကြောင်း သိရသည်။


    တရားစီရင်ရာတွင် မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်နှင့် ဗဟိုတရားရုံးချုပ်ဟူ၍ အဆင့်ဆင့်စီရင် ဆုံးဖြတ်လေ့ရှိပြီး မြို့နယ်တရားရုံး ၏စီရင်ဆုံးဖြတ်ချက်အား တရားလို ကဖြစ်စေ၊ တရားပြိုင်ကဖြစ်စေ မကျေနပ်ပါက ခရိုင်တရားရုံးတွင် အယူခံဝင်နိုင်ပြီး ခရိုင်တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အားမကျေနပ်ပါက တိုင်း/ပြည်နယ်တရားရုံးသို့ အမှုလျောက်ထားကာ ထပ်မံအယူခံဝင် နိုင်ကြောင်း သိရသည်။
    ထို့ပြင် တိုင်း/ပြည်နယ်တရား ရုံးများ၏ စီရင်ဆုံးဖြတ်ချက်အား မကျေနပ်သေးပါက တရားရုံးချုပ်၌ အမှုလျောက်ထား၍ ထပ်မံအယူခံ ၀င်နိုင်ကြောင်း သိရသည်။


    တရားရုံးချုပ်၏ စီရင်ဆုံးဖြတ် ချက်အားမကျေနပ်ပါက အထူးအယူခံ အဖြစ် တရားရုံးချုပ်နှစ်ပါးထိုင်(ယခု သုံးပါးထိုင်)သို့ တက်နိုင်ပြီး နှစ်ပါး ထိုင်(ယခုသုံးပါးထိုင်)က အမှုကိုကြား နာ၍ လက်ခံပါက နေပြည်တော်ရှိ တရားရုံးချုပ်သုံးပါးထိုင်တွင် အထူး အယူခံကို အပြီးသတ်ကြားနာမှုပြု ကြောင်း နှစ်ပါးထိုင်(ယခုသုံးပါးထိုင်) ကို ရန်ကုန်နှင့်မန္တလေးရှိတရားရုံးချုပ်များတွင် ကြားနာ၍ သုံးပါးထိုင်ကို နေပြည်တော်ရှိ တရားရုံးချုပ်တွင် ကြားနာကြောင်း သိရသည်။  

 
    တရားရုံးချုပ်တရားသူကြီး များသည် တရားရုံးချုပ်သို့ ရောက်ရှိလာသော အမှုများအား ကြားနာကြပြီး မတ်လ ၁ ရက်နေ့ မတိုင်ခင် အထိ နှစ်ပါးထိုင်ဖြစ်ပါက တရားရုံး ချုပ်တရားသူကြီးနှစ်ဦး ရုံးထိုင်၍ အမှုကိုကြားနာကြပြီး သုံးပါးထိုင် ဖြစ်ပါက တရားရုံးချုပ်တရားသူကြီး နှစ်ဦးနှင့် ဒုတိယတရားသူကြီးချုပ် တစ်ဦးတို့ရုံးထိုင်၍အမှုကို ကြားနာ ကြောင်း သိရသည်။


    နေပြည်တော်ရှိ တရားရုံးချုပ် သုံးပါးထိုင်၏ စီရင်ဆုံးဖြတ်ချက်မှာ အမှုတစ်ခု၏နောက်ဆုံးအခွင့်အရေး ဖြစ်ပြီးသုံးပါးထိုင်တွင် အမှုရှုံးနိမ့်ပါက ထပ်မံအယူခံဝင်နိုင်သည့် အခွင့်အရေး မရှိတော့သောကြောင့် တရားရုံးချုပ် သုံးပါးထိုင်၏ စီရင်ဆုံးဖြတ်ချက်သည် အမှုတစ်ခု၏ အမှန်တရားအတွက် များစွာ အရေးပါကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားခဲ့ကြသည်။

 

Comments

 
0 #1 conaylin 2010-03-08 07:32
...မည်သို့ပင်ဆိုစေ ကာမူ....