ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ဆီနီဂေါနိုင်ငံ၌ ထိန်းသိမ်းထားခြင်းခံရသည့် သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားသုံးဦး မိမိနိုင်ငံသို့ ပြန်လာနိုင်ရန် ဆောင်ရွက်လျက်ရှိ PDF Print E-mail

    ဆီနီဂေါနိုင်ငံ၌ ထိန်းသိမ်းထားခြင်းခံရသည့် သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားသုံးဦး မိမိနိုင်ငံ သို့ ပြန်လာနိုင်ရန် MOSA မှ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း (MOSA) မှအတွင်းရေးမှူး ဦးစိုးမင်းအောင်က ပြောကြားခဲ့သည်။


    အဆိုပါသင်္ဘောမှာ ဂရိနိုင်ငံ STM Shipping and Trading Management ကုမ္ပဏီပိုင် M.V AG-BLESS သင်္ဘောဖြစ်ပြီး ဆီနီဂေါနိုင်ငံ Dakar မြို့တွင် သောင်တင်ခဲ့ကာ ဆိပ်ကမ်းအာဏာပိုင်များမှ သင်္ဘောအား ထိန်းသိမ်းထားခဲ့သော်လည်း သင်္ဘောပိုင်ရှင်မှ အကြောင်းပြန် ခြင်းမရှိခဲ့ဟုသိရသည်။


    ယင်းသင်္ဘောပေါ်တွင် ပါဝင် သော မြန်မာသင်္ဘောသားသုံးဦးမှာ ဦးပြည်သိန်းထွန်း(A/B)၊ ဦးဝေလင်း စိုး(A/B)နှင့် ဦးရဲမင်းအောင် (O/S) တို့ဖြစ်ပြီး ရန်ကုန်မြို့ရှိ OMC 2000  သင်္ဘောကိုယ်စားလှယ်နှင့် ဆက်သွယ်၍ အဆိုပါ M.V AG-BLESS သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


    ''ဒီသင်္ဘောသားသုံးဦးရဲ့ လစာ ခြောက်လစာနဲ့ မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် စီစဉ်ပေးဖို့ကုမ္ပဏီ က ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီသင်္ဘောသားသုံးယောက်က ကျွန်တော်တို့ MOSA နဲ့ SECD ကို ဖုန်းနဲ့ရော ဖက်စ်နဲ့ပါ ဇန်န၀ါရီလ ၈ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။ ကျွန်တော်တို့က ဒေသခံကိုယ်စားလှယ် ဆီကိုစာပို့ပေမယ့် ကိုယ်စားလှယ်ရုံး က သော့ခတ်ထားပြီး ရှောင်နေပါတယ်။ ဒါကြောင့်မို့ ဆက်လက်ပြီးဆီနီဂေါ မှာရှိတဲ့ သင်္ဘောကိုယ်စားလှယ်ရုံး၊ ITFကိုယ်စားလှယ်နဲ့ သင်္ဘောပိုင်ရှင်တွေဆီကို အီးမေးလ်နဲ့ ဆက်သွယ်ခဲ့ ပါတယ်။ ITF လန်ဒန်က သင်္ဘောသားများပြန်လာနိုင်ရေး၊သင်္ဘောအား ITF မှကြီးကြပ်ပြီး ဥပဒေအတိုင်း ထုခွဲရောင်းချပြီးပါက လစာများရရှိရေးအတွက် အကြောင်းပြန်ခဲ့ပါ တယ်။ လက်ရှိ သင်္ဘောသားများရဲ့ စားသောက်နေထိုင်ရေး အတွက်လည်း ဆိပ်ကမ်းအရာရှိတွေဆီ အကူအညီတောင်းပြီး အေးဂျင့်နဲ့ စီစဉ်ပေးထားပါတယ်'' ဟု(MOSA)မှ အတွင်းရေးမှူးဦးစိုးမင်းအောင်က ပြောကြားခဲ့သည်။