ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


လက်ရှိကာလမှ မေလ၀န်းကျင်အထိ လေပြင်းတိုက်ခတ်ခြင်း ကဲ့သို့သော ဖြစ်စဉ်များ ပေါ်ပေါက်မှုကို ဂရုပြုရမည် PDF Print E-mail
    လက်ရှိ နွေရာသီဝင်ရောက် စပြုသည့်ကာလမှ လာမည့်မိုးကြို ကာလအတွင်းဖြစ်သော မေလ၀န်းကျင်အထိ လေပြင်းတိုက်ခတ်ခြင်းကဲ့သို့သော ဖြစ်စဉ်များပေါ်ပေါက်မှုကို ဂရုပြုရမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 


    ယခုလက်ရှိကာလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်း မှုများ ဖြစ်ပေါ်နေသည်ဟုလည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။
    ''လေပြင်းတိုက်ခတ်မှုလို ဖြစ်စဉ်တွေက လက်ရှိကာလကနေ မိုး ကြိုကာလတစ်လျောက် ဖြစ်လေ့ရှိတဲ့ ဖြစ်စဉ်တွေပါ။ ဂရုပြုဖို့တော့လိုပါတယ်။ မိုးသီးကြွေတာလို ဖြစ်စဉ်မျိုးကတော့ မြန်မာနိုင်ငံအထက်ပိုင်း မှာပဲ ဖြစ်ပေါ်တတ်ပါတယ်''ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။


    ပူပြင်းခြောက်သွေ့သော ကာလမျိုးတွင် မြန်မာနိုင်ငံ ဒေသအသီးသီး၌ နေ့အပူချိန်များ သိသိသာသာ တိုးလာသည့်အတွက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်၍ ရံဖန်ရံခါ လေပြင်းများ တိုက်ခတ်လေ့ရှိသည်ဟု သိရှိ ရသည်။


    လေပြင်းများတိုက်ခတ်စဉ် တွင် မြေပြင်လေသည် တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ ၀န်းကျင်အထိ တိုက် ခတ်နိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည် ဟု သိရသည်။


    မိုးသီးကြွေခြင်းကဲ့သို့သော ဖြစ်စဉ်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင်သာ ဖြစ်ပေါ်နိုင်သော်လည်း လေပြင်းတိုက်ခတ်မှုများမှာ မူ မြန်မာနိုင်ငံအထက်ပိုင်းဒေသ တွင်သာမက အလယ်ပိုင်းဒေသ များတွင်လည်း ဖြစ်ပေါ်နိုင်ကြောင်း၊ မည်သည့်ဒေသတွင်မဆို ဖြစ်နိုင် ခြေရှိကြောင်း သိရှိရသည်။


    မြန်မာနိုင်ငံ၏ နွေရာသီကာလသည် ယခုလဆန်းတွင် စတင်နေပြီး မိုးကြိုကာလမှာမူ လာမည့် ဧပြီလလယ်မှ မေလလယ်ဝန်းကျင် အထိဖြစ်သည်။


    ပူပြင်းခြောက်သွေ့သော ကာလအတွင်း မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်သော ဖြစ်စဉ်အချို့မှာ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခတ်ခြင်း၊ နေရာကွက် ၍ မိုးကြီးခြင်း၊ မိုးသီးကြွေခြင်း၊ လျပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့ဖြစ်သည်ဟု ဆိုပါသည်။