ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ပြည်တွင်းအိုင်တီ ပညာရှင်များ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပြည်ပနိုင်ငံများသို့ နှစ်စဉ်ထွက်ခွာလျက်ရှိရာ ပြည်တွင်း၌ကျွမ်းကျင် အိုင်တီပညာရှင်ရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရ PDF Print E-mail
   

 

ပြည်ပ၌ပြည်တွင်းထက် လစာ ၁၅ဆ၀န်းကျင် ပိုမိုရရှိနိုင်မှုကြောင့်ပြည်တွင်းပညာရှင်များ၏ ခန့်မှန်းခြေ ၅၀ ရာခိုင်နှုန်းဝန်းကျင်သည် ပြည်ပနိုင်ငံများသို့ နှစ်စဉ်ထွက်ခွာလျက်ရှိရာ ပြည်တွင်း၌ ကျွမ်းကျင်အိုင်တီပညာရှင်ရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် Software & Solution Exhibi -tion 2010 ဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲတွင် ကွန်ပျူတာပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 
    အိုင်တီပညာရှင်အများစုသည် ပြည်တွင်းကုမ္ပဏီများ၌ လုပ်ငန်းခွင် အတွေ့အကြုံရရှိနိုင်ရန် နှစ်နှစ်ဝန်းကျင်လုပ်ကိုင်ပြီးနောက် သက်ဆိုင်ရာ အိုင်တီကဏ္ဍတွင် ကျွမ်းကျင်မှု Medium အဆင့်ကျော်လွန်ပါက ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်နိုင်ရန်စတင် ပြင်ဆင်လေ့ရှိကြောင်း၊ ထိုသို့ပြည်ပသို့ ထွက်ခွာရာ၌လည်း စင်ကာပူနိုင်ငံသည် မြန်မာအိုင်တီပညာရှင်အများစု သွားရောက်လေ့ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအပြင် အင်္ဂလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံများသို့လည်း သွားရောက်လေ့ရှိကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။


    '' ပြည်တွင်းအိုင်တီကုမ္ပဏီတွေ အနေနဲ့ အိုင်တီပိုင်းဆိုင်ရာ Supervisor   တစ်ယောက်ကို ပုံမှန်ဒေါ်လာ ၁၀၀က နေ ၁၅၀ ၀န်းကျင်ပဲပေးနိုင်ပါတယ်။ ဒီအဆင့်မျိုးကို နိုင်ငံခြားမှာဆိုရင် ဒေါ်လာ ၁၅၀၀ ကနေ ၂၀၀၀ ၀န်းကျင်လောက်အထိ ရနိုင်ပါတယ်။ ဒီတော့ International   မှာ ဒီကထက်လစာ ၁၅ ဆလောက် ပိုမိုရရှိနိုင်တာကြောင့် အိုင်တီပညာရှင်နှစ်ယောက်မှာ တစ်ယောက်နှုန်းလောက်က နိုင်ငံခြားကို ပုံမှန်သွားနေကြပါတယ်။ ပြည်တွင်း အိုင်တီကုမ္ပဏီတွေမှာ နှစ်နှစ်လောက် အတွေ့အကြုံယူပြီး Skill  က Medium  အဆင့်ကျော်ပြီဆိုရင် အများစုကပြည်ပကို ထွက်ကြပါတယ်။ ဒါကြောင့်ဒီမှာ ကွန်ပျူတာပညာရှင်တွေ အရမ်း Shortage  ဖြစ်နေပါတယ်'' ဟု ကွန်ပျူတာပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။


    ကျွမ်းကျင်လုပ်သားများကို နိုင်ငံတကာနည်းတူ လစာပေးနေသည့် ပြည်တွင်းအိုင်တီကုမ္ပဏီ အချို့လည်းရှိနေကြောင်း၊ သို့သော်ပြည်တွင်းအိုင်တီ ကုမ္ပဏီအများစု (အထူးသဖြင့် Software  ဆိုင်ရာကုမ္ပဏီ)များသည် လုပ်ငန်းတိုးတက်မှု နှေးကွေးလျက်ရှိ သဖြင့် နိုင်ငံတကာနည်းတူလစာပေးနိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတကာလစာ များ၏ သုံးပုံနှစ်ပုံခန့်ကို ပြည်တွင်း၌ ပေးနိုင်ပါက ပြည်တွင်းအိုင်တီပညာရှင်များ၏ ပြည်ပသို့ထွက်ခွာမှုကို ကာကွယ်နိုင်မည်ဟု ယူဆကြောင်း သုံးသပ်ခဲ့သည်။


    ထို့ပြင် မြန်မာနိုင်ငံ၏အိုင်တီ ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ကွန်ပျူတာသုံးစွဲသူများအနေဖြင့် Software ပိုင်းဆိုင်ရာ လုပ်ငန်းအပ်နှံမှုတွင် ပြည်တွင်း အိုင်တီကုမ္ပဏီများကို ပိုမိုယုံကြည်မှုရှိရန် လိုအပ်ပြီးပြည် တွင်း အိုင်တီကုမ္ပဏီများမှ ၀ယ်ယူထားသည့် Soft ware  ပိုင်းဆိုင်ရာ ပစ္စည်းများနှင့်ပတ်သက်၍ သုံးစွဲရာ၌အဆင်ပြေမှုများ ရရှိနိုင်ရန် အချိန်ပေးရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။            

 

Comments

 
+1 #3 December Hnin 2010-03-08 13:44
ွှThis is true that the main problem is SALARY. If you pay like 1000$ , nobody wants to go abroad.
Do u think people are happy to survive abroad??? come on!!
 
 
+1 #2 minu.min 2010-03-08 11:46
I agree to David728.It is not only IT Engineers but also other Engineers.Everyone are hoping some day that .....
 
 
+1 #1 David728 2010-03-07 16:44
I think, 50percent is conservative prediction. As my view, nearly 85 percent go aboard not only for salary but also for their improvement in software field. We are still marching for IT field,in developed nation they targeted to BIO Engg.
So you ought to lit trend of technology by your journal paying one column.
Thanks