ပြည်တွင်းအနုပညာသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရာဇာနေ၀င်း၊ အိန္ဒြာကျော်ဇင်နှင့် ဟေမာနေ၀င်းတို့သုံးဦး ဂျပန်နိုင်ငံသို့ ဖျော်ဖြေရေးခရီးသွားရောက်မည် PDF Print E-mail
    သရုပ်ဆောင် ရာဇာနေ၀င်း၊ အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် အဆိုတော် ဟေမာနေ၀င်းတို့ မောင်နှမသုံး ဦးသည် ဇွန်လအတွင်းဂျပန်နိုင်ငံသို့ ဖျော်ဖြေရေးခရီး သွားရောက်ရန် စီစဉ်ထားသည်ဟု သတင်းရရှိပါ သည်။

 
    ယင်းခရီးစဉ်နှင့် ပတ်သက်၍ ''ဂျပန်မှာရှိတဲ့ မိတ်ဆွေတစ်ယောက် ကဖိတ်လာတာပါ။ အူဝဲတို့မောင်နှမ သုံးယောက်အတွက် ပွဲ လေးလုပ်ချင်တယ်ဆိုတာနဲ့ အူဝဲတို့ မောင်နှမတစ်တွေအခုလို မျိုး ပြည်ပဖျော်ဖြေပွဲ သွား ရမယ်ဆိုတာက နည်းနည်းရှား တယ်လေ။ မောင်နှမသုံးယောက်စုစု စည်းစည်းဆိုတော့ ပျော်တာနဲ့ပဲလက်ခံ ဖြစ်သွားတာပါ''ဟု အိန္ဒြာကျော်ဇင် က ပြောပြခဲ့သည်။


    ဂျပန်ဖျော်ဖြေရေးခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအား မောင်နှမသုံးဦးတိုင်ပင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ်အစီအစဉ်များကို မသိရှိရသေးဟုသိရသည်။