ပြည်တွင်းသတင်းများ
- FEC နှင့် earning ဈေးများ နာရီပိုင်းအတွင်း ထိုးဆင်းနေ
- ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသားများ ပိုမိုများပြားလာ၍ ထောက်ပံ့မှုများ လိုအပ်နေ
- နိုင်ငံတကာ ကုန်စည်ပြပွဲများ သွားရောက်ပြသရာတွင် ရောင်းဝယ်မှုအသွက်ဆုံး ကုန်စည်မှာ ကျောက်မျက်ပစ္စည်းဖြစ်ပြီး ပြည်တွင်းထုတ် အခြားကုန်စည်အများစုမှာ ပြပွဲသွားရောက်မှုစရိတ် ပြန်ရရေးလုံးပမ်းရသည်က ပိုများကြောင်းသိရ
- ရန်ကုန်မြို့တွင် ၀ိုင်ဖိုင်ဇုန်များ ထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း သိရ
- ၂၀၁၀ ပြည့်နှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပုဂ္ဂလိကအက်ဖ်အမ် ရေဒီယိုလိုင်းပေါင်း ၇ ခုရှိလာခဲ့ပြီး ၂၄ နာရီ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းတစ်ခု အပါအ၀င် ထုတ်လွှင့်ပြသနေသည့် ရုပ်မြင်သံကြားလိုင်းမှာ ၄ ခုရှိလာ
- မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ ဦးရေနှစ်သိန်းသုံးသောင်းကျော် ရှိကြောင်း သိရ
- မှတ်ပုံတင်ထားခြင်း မရှိသည့် အနောက်တိုင်းဆေး ရောနှောတိုင်းရင်းဆေးဝါး ၁၂ မျိုးကို သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားကြောင်း သိရ
- နယ်မှလာသည့် ရွေ့လျားဈေးသည်များ အသွင်ဖြင့် နေအိမ်များသို့သွားရောက်ကာ လိမ်လည်ရောင်းချမှုများရှိနေ
- သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိ
- အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည့်ဒေသများကို ဖြတ်သန်းရမည့် သင်္ဘောသားတိုင်း သင်္ဘောနှင့် သက်ဆိုင်သည့် အာမခံ၊ အခွင့်အရေးများကို နားလည်ထားရမည်ဟုသိရ
- ပြည်တွင်းစက်မှုဇုန်၌ ပြန်လည်တည်ဆောက်သော သစ်လုံးတင်ယာဉ်များတွင် လုံခြုံခိုင်ခံ့သည့် ယာဉ်ဖွဲ့စည်းမှုမျိုး အမြန်ပြုပြင်ထားကြရန် ညွှန်ကြားချက်ထုတ်ပြန်
- မြစ်ရေကြီးမှု တတိယကာလအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌ၀တီမြစ်နှင့် သံလွင်မြစ်တို့တွင် စိုးရိမ်ရေမှတ်များသို့ ရောက်နိုင်သည်ဟု ခန့်မှန်း
- ဆိုင်ခန်းနေရာ ဖယ်ခိုင်းသော သက်ဆိုင်ရာ၏ ညွှန်ကြားချက် အမိန့်တစ်ရပ်သည် ဥပဒေနှင့်ညီညွှတ်မှုမရှိ၍ ဆိုင်ခန်းနေရာ မဖယ်ပေးသူများ အနိုင်ရသည့်အမှုရှိခဲ့
- အရပ်လက်သည်၊ ဆေးဆရာနှစ်ဦးတို့နှင့် မီးဖွားရာမှ မိခင်သေဆုံးခဲ့ရသည့် ဖြစ်ရပ်အား ကျန်းမာရေးဦးစီးဌာနက စစ်ဆေးခဲ့
- သယံဇာတထုတ်ယူ သုံးစွဲမှု စနစ်ကျနမှုမရှိပါက ဂေဟစနစ်ပျက်ပြားမှုနှင့်အတူ ရာသီဥတု ပြောင်းလဲပျက်စီးမှုများ ကိုပါ ဆက်စပ် ဖြစ်ပေါ်စေနိုင်ကြောင်း သိရ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| နွေရာသီကျောင်းပိတ်ရက်တွင် စာအုပ်အငှားဆိုင်နှင့် ဗီဒီယိုအခွေအငှားဆိုင်များထက် ဂိမ်းဆိုင်များတွင် ပိုမိုစည်ကား |
|
|
|
|
နွေရာသီကျောင်းပိတ်ရက်နှင့်အတူ ရပ်ကွက်တွင်းရှိ စာအုပ် အငှားဆိုင်၊ ဂိမ်းဆိုင်၊ ဗီဒီယိုခွေ ငှားဆိုင်နှင့် အင်တာနက်ဆိုင်များ ပိုမိုအလုပ်ဖြစ်လာကြောင်း သိရသည်။ '' နွေကျောင်းပိတ်ရက်ဆိုရင် ဂိမ်းလာဆော့တဲ့ကလေးတွေ ပိုများတယ်။ စက်အားလုံးလူရှိနေတော့ မီးစက်နှိုးရရင်လည်း ကျွန်တော်တို့ အတွက် ပိုပြီးတွက်ခြေကိုက်တယ်။ တချို့ကလေးတွေဆိုရင်ဆော့ဖို့ ပိုက်ဆံကုန်သွားရင်လည်း အိမ်မပြန်ဘဲ သူများဆော့တာထိုင် ကြည့်နေကြတယ်။ တချို့မိဘ တွေကလာခေါ်တာရှိပေမယ့် တချို့ကျတော့ ကိုယ်ကမနေနိုင်လို့ ထမင်းစားဖို့ကအစ သတိပေးရ၊ အိမ်မပြန်သေးဖူးလား မေးရလုပ်နေ ရတယ် '' ဟု လှိုင်မြို့နယ်အတွင်း ရှိ P2 ဂိမ်းဆိုင်တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့သည်။
|





Comments