ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများထုတ်ပြန်ပြီ PDF Print E-mail

        ၂၀၁၀ ပြည့်နှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

        ထုတ်ပြန်ခဲ့သောဥပဒေများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေများ ဖြစ်ကြသည်။

        နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နှင့် ၂၄ ရက်တို့၌ ကျင်းပခဲ့သည်။

        ယင်းသို့ကျင်းပခဲ့ရာ၌ နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇၂၈၈၈၂၇ ဦးအနက် ၉၈ ဒသမ ၁၂  ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထောက်ခံကြောင်း ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် (၇။၂၀၀၈)အရ သိရသည်။

Photo: AFP