မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်မှစ၍ နေပြည်တော်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီများအနေဖြင့် အာမခံကြေးထားရှိမှသာ ဆောက်လုပ်ခွင့် လိုင်စင်များ ချထားပေးမည် PDF Print E-mail
      

        ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှစ၍ နေပြည်တော်ရှိ ဆောက်လုပ် ရေးကုမ္ပဏီများအနေဖြင့် အာမခံကြေးထားရှိမှသာ ဆောက်လုပ်ခွင့် လိုင်စင်များ ချထားပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

 
       ''စီမံကိန်းကာလမှာ လိုင်စင်ရ အင်ဂျင်နီယာတွေ၊ ကုမ္ပဏီကြီးတွေ တည်ဆောက်ခဲ့တော့ ဘာပြဿနာမှ မပေါ်ခဲ့ဘူး။ အခုချိန်မှာ စီမံကိန်း ကာလကလည်း ပြီးသလောက် နီးပါးရှိနေပြီ၊ နောင်တစ်ချိန် ကျွန်တော်တို့ နေပြည်တော်မှာ မြို့ပေါ် အဆောက်အဦတွေ၊ ဟိုတယ်တွေ ဆောက်မယ်ဆိုရင် ကျွန်တော်တို့စည်ပင်က ခွင့်ပြုထားတဲ့ လိုင်စင်ရကန်ထရိုက်တာနဲ့ပဲ ဆောက်လုပ်ခွင့်ရှိမှာ ဖြစ်ပါတယ်။ တချို့လိုင်စင်မရှိဘဲနဲ့ ဆောက်လုပ်တဲ့ ကန်ထရိုက်တာတို့၊ ကုမ္ပဏီတို့နဲ့ အိမ်ရှင်အရှုပ်အရှင်း ဖြစ်လာနိုင်တယ်။ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ အရည်အသွေးမမီတာတို့ ၊ ငွေကြေးအရှုပ်အရှင်းတို့ ၊ ပြီးအောင်မဆောက်နိုင်တာတို့ တွေ့ ကြုံလာနိုင်ပါတယ်။ အဲဒါကြောင့် ခိုင်မာတဲ့ လုပ်ငန်းရှင်ဖြစ်အောင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အာမခံကြေး ကျပ်သိန်း ၅၀၀ တင်နိုင်မှ လိုင်စင်ထုတ်ပေးသွားပါမယ်'' ဟု နေပြည်တော်စည်ပင် အဆင့်မြင့် အရာရှိကြီးတစ်ဦးကပြောကြားခဲ့သည်။


       ''နေပြည်တော်မှာ မြို့သစ်တွေ တိုးချဲ့တည်ဆောက်နေတော့ တချို့ အိမ်ရှင်တွေအနေနဲ့ ခိုင်မာတဲ့ကုမ္ပဏီတွေကိုမကြည့်ဘဲ ဈေးသက်သက်သာသာရတဲ့ လုပ်ငန်းရှင်တွေနဲ့ပဲ ဆောက်လုပ်ချင်ကြတယ်။ ဥပမာ -ခိုင်မာတဲ့ကုမ္ပဏီကြီးတွေက သာမန် အိမ်တစ်လုံးကို ကျပ်သိန်း ၃၀ ဆိုရင် ခိုင်မာမှုမရှိတဲ့ကုမ္ပဏီက ကျပ် ၂၅ သိန်းဆိုပြီး လိမ်ညာကောက်ယူ ပြီးထွက် ပြေးတိမ်းရှောင်မှုတွေရှိတယ်။ အဲဒါကြောင့် အိမ်တစ်လုံးဆောက်မယ်ဆိုရင်ခိုင်မာတဲ့ ကုမ္ပဏီကြီးတွေနဲ့ပဲ ဆောက်လုပ်သင့်ပါတယ်''ဟု ပုဗ္ဗသီရိမြို့ အုတ်၊ သဲ၊ ကျောက်လုပ် ငန်းရှင်တစ်ဦးက ဆိုပါသည်။


        အဆိုပါ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ်အတွင်း နေပြည်တော်၏ ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်မည့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ကန်ထရိုက်တာများ၊ လုပ်ငန်းရှင် များအနေဖြင့် နေပြည်တော်စည်ပင် မှ ခွင့်ပြုထားသည့် လိုင်စင်ရှိမှသာ လုပ်ငန်းလုပ်ကိုင်နိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။