ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


အစိုးရ၀န်ထမ်းနှင့် အလုပ်သမားအချို့ ၎င်းတို့နှင့်သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ရပိုင်ခွင့်များကို သိရှိထား၍ လုပ်ငန်းခွင်၌ ပိုမိုအထောက်အကူပြုနေကြောင်း သိရ PDF Print E-mail

         အစိုးရ၀န်ထမ်းနှင့် အလုပ်သမားအချို့ ၎င်းတို့နှင့် သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား သိရှိထားသောကြောင့် လုပ်ငန်းခွင်၌ ပိုမိုအထောက်အကူပြုနေကြောင်း အစိုးရ၀န်ထမ်းများ၊ အလုပ်သမားများထံမှ သိရသည်။

         အစိုးရ၀န်ထမ်းအချို့နှင့် အလုပ်သမားအချို့သည် ၎င်းတို့နှင့်သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိမှုနည်းပါးခြင်းများ ရှိနေဆဲဖြစ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများအား မသိရှိသောကြောင့် လုပ်ငန်းခွင်တွင် အခက်အခဲအချို့ ရှိနေကြောင်း သိရသည်။

        အစိုးရ၀န်ထမ်းနှင့် အလုပ်သမားများ မဖြစ်မနေသိရှိထားသင့်သော ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများမှာ ၀န်ထမ်းကျင့်ဝတ်နှင့် ၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များပြဋ္ဌာန်းသည့် ဥပဒေ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ဖြစ်ကြောင်း ဥပဒေပညာရှင်များက အကြံပေးပြောကြားခဲ့ကြသည်။

        ''အစိုးရ၀န်ထမ်းတစ်ယောက်အတွက် ၀န်ထမ်းကျင့်ဝတ်က သိကိုသိရှိထားရမှာပါ။ ဒါမှလုပ်ငန်းခွင်မှာ လိုအပ်တာ၊ အခက်အခဲရှိတာတွေကို ၀န်ထမ်းကျင့်ဝတ်ပါအချက်များအတိုင်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်နဲ့ တခြားရပိုင်ခွင့်တွေ၊ လိုက်နာရမယ့်စည်းကမ်းတွေက ၀န်ထမ်းကျင့်ဝတ်ထဲမှာပါလို့  လိုက်နာစရာရှိရင်လည်း ၀န်ထမ်းကျင့်ဝတ်ကိုကြည့်ပြီး လိုက်နာနိုင်သလို ရပိုင်ခွင့်အခွင့်အရေးတွေကိုလည်း ၀န်ထမ်းကျင့်ဝတ်ထဲကတစ်ဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စည်းမျဉ်းစည်းကမ်းတွေ သိရှိထားတဲ့ ၀န်ထမ်းတွေက လုပ်ငန်းခွင်မှာ တစ်ခုခုကို ဆောင်ရွက်တော့မယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေ နားမလည်သူတွေထက်ပိုပြီး လုပ်ငန်းတွင်ကျယ်လွယ်ကူပါတယ်။ စည်းမျဉ်းစည်းကမ်း နားမလည်သူတွေကြတော့ တစ်ခုခုလုပ်တော့မယ်ဆိုရင် နားလည်သူတွေကိုလိုက်ရှာပြီး မေးရ မြန်းရ၊ စည်းမျဉ်းစည်းကမ်းတွေ ပြန်ရှာရနဲ့ အချိန်ကုန်ပြီးလုပ်ငန်းတွင်ကျယ်မှုကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် အစိုးရ၀န်ထမ်းတွေအနေနဲ့ အနည်းဆုံးဝန်ထမ်းကျင့်ဝတ်ကိုတော့ သိရှိနားလည်ထားသင့်တယ်'' ဟု အစိုးရ၀န်ထမ်းတစ်ဦးက ဆိုပါသည်။

        အလုပ်သမားတစ်ဦးက ''ကျွန်တော်ဆိုရင် ကုမ္ပဏီဝန်ထမ်းတစ်ဦးပါ။ တစ်ခုခုကိုလုပ်တော့မယ်၊ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ဥပဒေနဲ့အညီ မှန်ကန်အောင်ဆုံးဖြတ်နိုင်ဖို့ သတိထားပါတယ်။ မှန်ကန်အောင်ဆုံးဖြတ်နိုင်ဖို့လည်း ကိုယ်နဲ့သက်ဆိုင်တဲ့ဥပဒေတွေကို လေ့လာထားပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြား စည်းမျဉ်းစည်းကမ်းနှစ်ဦး သဘောတူနားလည်မှုယူတာဖြစ်ဖြစ်၊ တစ်ဦးနဲ့တစ်ဦး ရပိုင်ခွင့် လိုက်နာခွင့်တို့ကို နားလည်မှုယူရာမှာဖြစ်ဖြစ် ခိုင်မာတဲ့စာချုပ်စာတမ်းတွေနဲ့ လုပ်တာအကောင်းဆုံးပါပဲ။ အလုပ်ရှင်ရော အလုပ်သမားပါ စာချုပ်တစ်ခုအပေါ်မှာ လက်မှတ်ထိုးတော့မယ်ဆိုရင် စာချုပ်ပါအချက်တွေကို သေချာဖတ်သင့်တယ်။ ပြီးမှ လိုတာပိုတာညှိပြီး လက်မှတ်ထိုးပေးသင့်ပါတယ်။ အလုပ်သမားတချို့ဆိုရင် အလုပ်သမားဥပဒေတွေကို သိရှိထားတဲ့အတွက် ရပိုင်ခွင့်နဲ့ တာဝန်တွေကို သိရှိနေတော့ ရပိုင်ခွင့်တောင်းမယ်ဆိုရင် ဥပဒေနဲ့ အညီတောင်းတဲ့အတွက် အလုပ်ရှင်ကလည်း မလိုက်လျောပေးလို့ မရပါဘူး။ ဥပဒေနဲ့အညီ လုပ်နေတော့ အလုပ်သမားတချို့ဆို အချိန်ကုန်လည်းသက်သာတယ်။ ရပိုင်ခွင့်တွေလည်း ခိုင်မာတယ်။ လုပ်ငန်းခွင်လည်း တိုးတက်မှုရှိပါတယ်''ဟု ဆိုပါသည်။

         ၁၉၆၄ ခုနှစ်၊ ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များပြဋ္ဌာန်းသည့်ဥပဒေ၌ ပါရှိသောပုဒ်မ ၅ ပါ ပြည်သူ့အလုပ်သမားများ၏ ရပိုင်ခွင့်များထဲတွင် အလုပ်ခွင်တည်မြဲပိုင်ခွင့်၊ အားလပ်ချိန်ရပိုင်ခွင့်၊ အလုပ်ချိန်ကန့်သတ်ရေး၊ ခွင့်ရက်ကန့်သတ်ရေး၊ အလုပ်ပိတ်ရက်ကန့်သတ်ရေး၊ အလုပ်သမားတိုင်း ပညာတိုးပွားရပိုင်ခွင့်၊ မီးဖွားသည့်အခါ ရပိုင်ခွင့်၊ မီးဖွားခွင့်ရက်ယူသည့်အခါ ရနိုင်သည့်လုပ်ခသတ်မှတ်ရေး၊ မီးဖွားသည့်အခါ ဆေးဝါးကုသခွင့်သတ်မှတ်ရေး၊ နာမကျန်းဖြစ်သည့်အခါ လုံခြုံမှုရပိုင်ခွင့်၊ နာမကျန်းဖြစ်၍ ခွင့်ရက်ယူသည့်အခါ ရနိုင်သည့် လုပ်ခသတ်မှတ်ရေး၊ နာမကျန်းဖြစ်သည့်အခါ ဆေးဝါးကုသခွင့် သတ်မှတ်ရေးတို့ ပါဝင်ကြောင်း သိရသည်။

အစိုးရ၀န်ထမ်းအချို့နှင့် အလုပ်သမားအချို့သည် ၎င်းတို့နှင့်သက်ဆိုင်သော ဥပဒေစည်းမျဉ်းစည်းကမ်းများကို သိရှိမှုနည်းပါးခြင်းများရှိနေဆဲဖြစ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများအား မသိရှိသောကြောင့်      လုပ်ငန်းခွင်တွင် အခက်အခဲအချို့ ရှိနေ  .  .  .

        ထို့ပြင် အလုပ်ခွင်တွင်ထိခိုက်ဒဏ်ရာရရှိမှုအတွက် လျော်ကြေးရပိုင်ခွင့်၊ ထိခိုက်ဒဏ်ရာရ၍ ခွင့်ရက်နှင့်နေသည့်ကာလအတွင်း လုပ်ခသတ်မှတ်ရေး၊ အခြားအကြောင်းများကြောင့် အလုပ်မလုပ်နိုင်သည့်အခါ လုံခြုံမှုရပိုင်ခွင့် ပြင်ဆင်သတ်မှတ်ရေး၊ လုပ်အားအတတ်ပညာနှင့် လျော်ညီစွာ မျှတသောလုပ်ခရပိုင်ခွင့်၊ နေထိုင်စားသောက်မှုအဆင့်အတန်း မှန်မှန်တိုးတက်ရပိုင်ခွင့်၊ သက်သာချောင်ချိရေးလုပ်ငန်းများ၊ မတော်တဆထိခိုက်ဒဏ်ရာရမှုများအတွက် သူနာပြုနိုင်ရေးတို့ ပါဝင်ကြောင်းသိရသည်။

        ၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များပြဋ္ဌာန်းသည့် ဥပဒေ၊  ဤဥပဒေအရ ပြဋ္ဌာန်းသည့်နည်းဥပဒေ၊ ဤဥပဒေအရထုတ်ပြန်သည့် ညွှန်ကြားချက်နှင့် အမိန့်များကို ဆန့်ကျင်ဖောက်ဖျက်သူသည် ပုဂ္ဂလိကလုပ်ငန်းတွင် အလုပ်ရှင်သို့မဟုတ် မန်နေဂျာသို့မဟုတ် အုပ်ချုပ်သူဖြစ်လျင် နှစ်နှစ်အထိ ထောင်ဒဏ်ကိုသော်လည်းကောင်း ကျခံနိုင်ရကြောင်း ပုဒ်မ ၁၁(ခ)အရ သိရသည်။

        အလုပ်သမားများဘက်မှလည်း အလုပ်ခွင်စည်ကမ်းများ မလိုက်နာပါက ဒဏ်ငွေချမှတ်ခြင်းခံရနိုင်ပြီး အလုပ်မှ ထုတ်ပယ်ခြင်းခံရနိုင်ကြောင်း သိရသည်။

        ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းလိုက်ခြင်းဖြင့် အလုပ်သမားများအတွက် ရပိုင်ခွင့်များ ပိုမိုလာသည်ဖြစ်ရာ မူလက ဥပဒေနှင့် ပြင်ဆင်ပြီးဥပဒေတို့ကို နှိုင်းယှဉ်လေ့လာကြည့်ပါက မူလက ဥပဒေပုဒ်မ ၂၊ ပုဒ်မ ခွဲ ၄ ရှိ အလုပ်သမားဆိုသော စကားရပ်၏ အဓိပ္ပာယ်တွင် ''အလုပ်သမားဆိုသည်မှာ ဤအက်ဥပဒေပါဇယား၌ သီးခြားဖော်ပြထားသည့် အလုပ်တွင် သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းတွင် သို့တည်းမဟုတ် အလုပ်ဌာနတွင် အမြဲတမ်းဖြစ်စေ ခေတ္တဖြစ်စေ တစ်လလျင် ကျပ်လေးရာထက်မပိုသော အခကြေးငွေနှင့်သော်လည်းကောင်း၊ လစာငွေနှင့်သော်လည်းကောင်း လုပ်နေသူကို ဆိုလိုသည်''ဟု ပြဋ္ဌာန်းထားရာ ပြင်ဆင်သည့်ဥပဒေတွင် ''တစ်လလျင် ကျပ်လေးရာထက် မပိုသော'' ဆိုသည့် စကားရပ်ကိုပယ်ဖျက်လိုက်၍ လစာငွေ လေးရာထက်ပိုလျှင်လည်း အလုပ်သမားအဖြစ် အကျုံးဝင်သည်ကို တွေ့ရသည်။ ထို့ပြင် မူလက ပြဋ္ဌာန်းထားသော ပုဒ်မ ၄၊ ပုဒ်မခွဲ ၁ တွင် ''အလုပ်ရှင်သည် မိမိ၏အလုပ်ကို တစ်ဆက်တည်း ၁၂လ ပြည့်အောင်လုပ်ခဲ့သည့် အလုပ်သမားအသီးသီးအား နောက်လာမည့် ၁၂ လ အတွင်းတွင် (က) အသက် ၁၅ နှစ်ပြည့်ပြီးသည့် အလုပ်သမားဖြစ်လျှင် သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေနှင့်ဖြစ်စေ၊ ပျမ်းမျလစာငွေနှင့် ဖြစ်စေ၊ လုပ်သက်ခွင့်ရက်ကို ၁၀ ရက်တစ်ဆက်တည်း ခွင့်ပြုရမည်၊ ထို့ပြင် (ခ) အသက် ၁၅ နှစ် မပြည့်သေးသောအလုပ်သမားဖြစ်လျှင် သက်ဆိုင်ရာက ပျမ်းမျှအခကြေးငွေနှင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေနှင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ၁၄ ရက် တစ်ဆက်တည်း ခွင့်ပြုရမည်''ဟု ပြဋ္ဌာန်းဖော်ပြခဲ့ရာ ပြင်ဆင်အစားထိုးသည့်ဥပဒေတွင် 'အလုပ်ရှင်သည် မိမိအလုပ်ကို တစ်ဆက်တည်း ၁၂ လ ပြည့်အောင်လုပ်ခဲ့သည့် အလုပ်သမားအသီးသီးအား နောက်လာမည့် ၁၂ လအတွင်းတွင် သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့် ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ၁၀ ရက်တစ်ဆက်တည်း ခွင့်ပြုရမည်'' ဟူ၍ အစားထိုးပြဋ္ဌာန်းခဲ့သဖြင့် မူလဥပဒေပြဋ္ဌာန်းချက်ပါ ''အသက် ၁၅ နှစ်ပြည့်ပြီးသည့်''ဆိုသည့်စကားရပ်နှင့် ''အသက် ၁၅ နှစ် မပြည့်သေးသော''ဆိုသည့် စကားရပ်များ မပါရှိတော့သောကြောင့် အလုပ်သမားမှန်လျှင် အသက်ကန့်သတ်ချက်မရှိ ပြင်ဆင်ပြဋ္ဌာန်းဥပဒေပါ သတ်မှတ်ထားသည့် လုပ်သက်ခွင့်ရက်ကို ခံစားခွင့်ရှိကြောင်း သိရသည်။

အစိုးရ၀န်ထမ်းတစ်ဦး ခံစားခွင့်ရှိသော ခွင့်အမျိုးအစားများနှင့် ကာလများမှာ အောက်ပါဇယားအတိုင်း ဖြစ်သည်။
 ခွင့်အမျိုးအစား အများဆုံးခံစားခွင့် ရှင်းလင်းချက်
 ရှောင်တခင်ခွင့် တစ်နှစ်လျင် ၁၀ ရက်   
 ရုတ်တရက်အရေးတကြီးကိစ္စအတွက် ခွင့်ပြု
 လုပ်သက်ခွင့် ၄ လတာဝန်ထမ်းဆောင်သည့်ကာလကို အခြေပြု၍ ၁/၁၁ အချိုးအရ အများဆုံး ၄ လအထိ စုဆောင်းခွင့် ပြုသည်။
ဆေးလက်မှတ်ခွင့်
သာမန် ၁၂ လ၊ အထူး(နောက်ထပ် ၆ လ)
 လုပ်သက်နုရင့်မရွေး ၀န်ထမ်းလုပ်သက်ကာလတစ်လျောက်လုံးအတွက် ခွင့်ပြုခြင်း ဖြစ်သည်။
မီးဖွားခွင့်
ခွင့်ပေးသည့်နေ့မှ ၃ လအထိ သို့မဟုတ် မီးဖွားသည့်နေ့မှ ရက်သတ္တ ၆ ပတ်အထိ (စော၍ကုန်ဆုံးသည့်ကာလ)    
 အခြားခွင့်များနှင့်ဆက်၍ မီးဖွားခွင့် မခံစားနိုင်ပါ။ သို့သော် ဆေးလက်မှတ်ဖြင့် တောင်းခံလျင် မီးဖွားခွင့်နှင့်ဆက်၍ အခြားခွင့် ခံစားနိုင်သည်။

 ကိုးကား - ၀န်ထမ်းကျင့်ဝတ်

 

Comments

 
0 #2 conaylin 2010-03-12 20:33
ရေနံမြေခေတ်တုံး အလုပ်သမားတွေဖိနှိပ်ခံရတာကိုလူေ တွသနားကြတယ်...ဒီခေတ်အလုပ်သမား တွေကြတော့...
 
 
0 #1 twozeeonezee 2010-03-12 10:53
pls. let us download those four essential references in pdf format. thank you.