နိုင်ငံတကာသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်စဉ်တွင် မြောက်ကိုရီးယားက တပ်များအားလုံး အသင့်အနေအထားဖြင့် တပ်လှန့်ထား PDF Print E-mail
        

 

         အမေရိကန်နှင့်တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင် ချိန်တွင် မြောက်ကိုရီးယားကလည်း ၄င်းတို့၏ တပ်များအားလုံးအသင့် အနေအထားဖြင့်ရှိနေစေရန် တပ်လှန့်ခဲ့ကြောင်းသိရသည်။

 
        နျူလက်နက်ဖြင့်ကျူးကျော်ရန်ပြင်ဆင်မှုဟု မြောက်ကိုရီးယား ကရှုမြင်ထားသော ယင်းစစ်ရေး လေ့ကျင့်မှုကို မတ် ၈ ရက်တွင်စတင်ခဲ့ပြီး အချိန်အားဖြင့်သီတင်းပတ် နှစ်ပတ်ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။ အမေရိကန်နှင့်တောင်ကိုရီးယားတပ်များကို ဖြိုခွဲရန် ကိုရီးယားပြည်သူ့တပ်များ အသင့်အနေအထားဖြင့်ရှိ နေပြီဖြစ်ကြောင်းလည်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ထုတ် ပြန်ခဲ့သည်။   

 
          အမေရိကန်စစ်သား ၁၈၀၀၀ နီးပါးနှင့် တပ်သားအရေအတွက်ဖော်ပြထားခြင်းမရှိသည့် တောင်ကိုရီးယား တပ်သားများသည် တောင်ကိုရီးယားနိုင်ငံ တစ်ဝန်းတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။


          Key Reslove နှင့် Foal Eagle ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုများသည် ကိုရီးယားကျွန်းဆွယ်တွင် အရေးပေါ်အခြေအနေ ကြုံတွေ့ပါက အမေရိကန်စစ်ကူတပ်များ တပ်ဖြန့်ရန်အတွက် ရည်ရွယ်ပြီး လေ့ကျင့်မှုမျိုးဖြစ်သည်ဟု အမေရိ ကန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ကင်မ်ယုံကျုက ပြောကြားခဲ့သည်။

 
 တောင်ကိုရီးယားဘူဆန်ဆိပ်ကမ်းရောက် အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz 
 တောင်ကိုရီးယားမရိန်းတပ်သားများ

 
          ယင်းကဲ့သို့ အမေရိကန်နှင့် တောင်ကိုရီးယားက ပူးတွဲစစ်ရေးလေ့ကျင့်ပါက မြောက်ကိုရီးယားကလည်း ၄င်း၏နျူကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်သွားမည်ဖြစ်ပြီး အမေရိကန်နှင့် ဆွေးနွေးရန် စီစဉ်နေမှုကိုပယ်ဖျက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။


          တောင်ကိုရီးယားနိုင်ငံ၊ Dong guk တက္ကသိုလ်မှပါမောက္ခ Koh Yu Hwan က''အဲဒီလို ပူးတွဲစစ်ရေး လေ့ကျင့်တာကို မြောက်ကိုရီးယား က ကန့်ကွက်တာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ရှေးယခင်စစ်ရေး လေ့ကျင့်မှုတွေကိုလည်း ဒီလိုပဲ ကန့်ကွက်ခဲ့တာပဲ''ဟု ပြောကြားခဲ့ သည်။

 
        Photo:AFP , Ref:AP