ပြည်တွင်းသတင်းများ
- FEC နှင့် earning ဈေးများ နာရီပိုင်းအတွင်း ထိုးဆင်းနေ
- ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသားများ ပိုမိုများပြားလာ၍ ထောက်ပံ့မှုများ လိုအပ်နေ
- နိုင်ငံတကာ ကုန်စည်ပြပွဲများ သွားရောက်ပြသရာတွင် ရောင်းဝယ်မှုအသွက်ဆုံး ကုန်စည်မှာ ကျောက်မျက်ပစ္စည်းဖြစ်ပြီး ပြည်တွင်းထုတ် အခြားကုန်စည်အများစုမှာ ပြပွဲသွားရောက်မှုစရိတ် ပြန်ရရေးလုံးပမ်းရသည်က ပိုများကြောင်းသိရ
- ရန်ကုန်မြို့တွင် ၀ိုင်ဖိုင်ဇုန်များ ထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း သိရ
- ၂၀၁၀ ပြည့်နှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပုဂ္ဂလိကအက်ဖ်အမ် ရေဒီယိုလိုင်းပေါင်း ၇ ခုရှိလာခဲ့ပြီး ၂၄ နာရီ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းတစ်ခု အပါအ၀င် ထုတ်လွှင့်ပြသနေသည့် ရုပ်မြင်သံကြားလိုင်းမှာ ၄ ခုရှိလာ
- မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ ဦးရေနှစ်သိန်းသုံးသောင်းကျော် ရှိကြောင်း သိရ
- မှတ်ပုံတင်ထားခြင်း မရှိသည့် အနောက်တိုင်းဆေး ရောနှောတိုင်းရင်းဆေးဝါး ၁၂ မျိုးကို သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားကြောင်း သိရ
- နယ်မှလာသည့် ရွေ့လျားဈေးသည်များ အသွင်ဖြင့် နေအိမ်များသို့သွားရောက်ကာ လိမ်လည်ရောင်းချမှုများရှိနေ
- သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိ
- အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည့်ဒေသများကို ဖြတ်သန်းရမည့် သင်္ဘောသားတိုင်း သင်္ဘောနှင့် သက်ဆိုင်သည့် အာမခံ၊ အခွင့်အရေးများကို နားလည်ထားရမည်ဟုသိရ
- ပြည်တွင်းစက်မှုဇုန်၌ ပြန်လည်တည်ဆောက်သော သစ်လုံးတင်ယာဉ်များတွင် လုံခြုံခိုင်ခံ့သည့် ယာဉ်ဖွဲ့စည်းမှုမျိုး အမြန်ပြုပြင်ထားကြရန် ညွှန်ကြားချက်ထုတ်ပြန်
- မြစ်ရေကြီးမှု တတိယကာလအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌ၀တီမြစ်နှင့် သံလွင်မြစ်တို့တွင် စိုးရိမ်ရေမှတ်များသို့ ရောက်နိုင်သည်ဟု ခန့်မှန်း
- ဆိုင်ခန်းနေရာ ဖယ်ခိုင်းသော သက်ဆိုင်ရာ၏ ညွှန်ကြားချက် အမိန့်တစ်ရပ်သည် ဥပဒေနှင့်ညီညွှတ်မှုမရှိ၍ ဆိုင်ခန်းနေရာ မဖယ်ပေးသူများ အနိုင်ရသည့်အမှုရှိခဲ့
- အရပ်လက်သည်၊ ဆေးဆရာနှစ်ဦးတို့နှင့် မီးဖွားရာမှ မိခင်သေဆုံးခဲ့ရသည့် ဖြစ်ရပ်အား ကျန်းမာရေးဦးစီးဌာနက စစ်ဆေးခဲ့
- သယံဇာတထုတ်ယူ သုံးစွဲမှု စနစ်ကျနမှုမရှိပါက ဂေဟစနစ်ပျက်ပြားမှုနှင့်အတူ ရာသီဥတု ပြောင်းလဲပျက်စီးမှုများ ကိုပါ ဆက်စပ် ဖြစ်ပေါ်စေနိုင်ကြောင်း သိရ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ၂၀၀၉ ခုနှစ် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၀၇ ဘီလျံ ရှိခဲ့ |
|
|
|
၂၀၀၉ ခုနှစ် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အမေ ရိကန် ဒေါ်လာ ၂ ဒသမ ၉၀၇ ဘီလျံရှိခဲ့ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ပို၍ကုန်သွယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုတ်စီးပွား ရေးသံမှူး Mr Jin Honggeng ၏ ပြောကြားချက်အား ကိုးကား၍ Xinhua သတင်းတွင်ဖော်ပြထားကြောင်း သိရှိရသည်။
အလားတူပင် မကြာသေးမီက စတင်ခဲ့သော တရုတ်-မြန်မာ လွတ်လပ်သောကုန်သွယ်ရေး China - ASEAN Free Trade Area (CAFTA) တည်ထောင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး တွင် ကောင်းမွန်သောအခွင့်အလမ်းကို ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်ဟု သိရသည်။ တရုတ်နိုင်ငံဘက်မှ တရား ၀င်ထုတ်ပြန်ထားသောစာရင်းများ အရ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂ ဒသမ ၉၀၇ ဘီလျံဒေါ်လာရှိပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း တိုး တက်ခဲ့ကြောင်း၊ စုစုပေါင်းကုန် သွယ်မှုဆိုင်ရာကိန်းဂဏန်းများအရ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင် ပို့မှု ၂ ဒသမ ၂၆ ဘီလျံရှိပြီးမြန်မာ နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်းမှု ၆၄၆ သန်းရှိကြောင်း သိရှိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ နှင့် နယ်စပ်ချင်းထိစပ်လျက်ရှိ သောကြောင့် မြန်မာနိုင်ငံမှ တရုတ်ဘက်သို့ တင်ပို့မှုပိုင်းတွင် အားသာချက်များ ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံများအပေါ် တရုတ် ဈေးကွက်မှပစ္စည်းများ အလုံး အရင်းနှင့်ဝင်ရောက်မှုမှာယခင်ကပင် အားကောင်းနေသကဲ့သို့ ယခုလို Free Trade Area ကို အကောင် အထည်ဖော်ပြီးနောက်ပိုင်း ဒေသ တွင်းနိုင်ငံများအပေါ်ပိုမိုတင်သွင်းခွင့် ရလာကြောင်းလည်း သိရှိရသည်။ ''နိုင်ငံတွေအားလုံးက Free Trade လုပ်ဖို့ သဘောတူထားကြ တယ်။ အာဆီယံဒေသအတွင်းမှာ Free Trade ကြောင့်ကုန်ပစ္စည်းတွေ အလွယ်တကူစီးဆင်းမယ်လို့လက်ခံ ထားကြတယ်။ ပြီးတော့ ဒေသတွင်း နိုင်ငံတွေက ထုတ်ကုန်တွေပိုမိုတင်ပို့ နိုင်ဖို့ကြိုးပမ်းကြပေမယ့် တရုတ်ဈေး ကွက်ကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာနဲ့ တရုတ်နဲ့အပြိုင်တင်ပို့ဖို့ဆိုတာ တော် တော်ကိုအခက်အခဲရှိတဲ့ကိစ္စတစ်ရပ် ပါ''ဟု ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာမှသတင်းထောက်တစ်ဦး က ပြောပြခဲ့သည်။ အလားတူပင် ဒေသတွင်းနိုင်ငံ များ အထူးသဖြင့်အာဆီယံနိုင်ငံများ တွင် ရှေ့ရောက်လာသော ဗီယက်နမ် နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှုသိသိသာသာများ လာသော်လည်း ကုန်သွယ်မှုတွင် လိုငွေပြနေကြောင်းသိရှိရသည်။ မြန်မာနိုင်ငံသည်လည်း တရုတ် နိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော နိုင်ငံဖြစ်ပြီးကုန်သွယ်ရေးတွင်အား သာချက်ရှိကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်မူ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ရရှိ ထားသော စာရင်းများအရ တရုတ် နိုင်ငံ၏မြန်မာနိုင်ငံရှိရင်းနှီးမြှုပ်နှံမှု မှာ ၁ ဒသမ ၃၃၁ ဘီလျံ ဒေါ်လာ ရှိပြီး အဓိကအားဖြင့် သတ္တုတူး ဖော်ရေး၊ လျပ်စစ်စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရ သည်။ |





၂၀၀၉ ခုနှစ် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အမေ ရိကန် ဒေါ်လာ ၂ ဒသမ ၉၀၇ ဘီလျံရှိခဲ့ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ပို၍ကုန်သွယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုတ်စီးပွား ရေးသံမှူး Mr Jin Honggeng ၏ ပြောကြားချက်အား ကိုးကား၍ Xinhua သတင်းတွင်ဖော်ပြထားကြောင်း သိရှိရသည်။