ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် တည်ရှိနေသော ပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ်ဆက်လက် တည်ထောင်လိုပါက ဤဥပဒေ ပြဋ္ဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျောက်ထားရမည် ဖြစ်ပြီး လျောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟူသောအချက်ပါဝင် PDF Print E-mail
        ၂၀၁၀ ပြည့်နှစ်မတ်လ ၈ ရက်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂/၂၀၁၀ အရပြဋ္ဌာန်းသည့် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် တည်ရှိနေသောပါတီများဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည် ထောင်လိုပါကဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့လျောက်ထားရမည်ဟူသည့်အချက် ပါဝင်ကြောင်း သိရသည်။

        အကယ်၍ လျောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အ လိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည် ဟု မှတ်ယူရမည်ဆိုသော ပြဋ္ဌာန်း ချက်ပါဝင်သည်ဟု သိရပါသည်။

        ယခုပြဋ္ဌာန်းသည့်နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းဥပဒေ၊ အခန်း (၅)၊ အပိုဒ်(၂၅)တွင် 'နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄/၈၈)အရ တည်ရှိနေ သော ပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည် ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်း သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျောက်ထားရ မည်။ ကော်မရှင်၏ ခွင့်ပြုချက်ရရှိ သည့်အခါ ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီဆက်လက်ဆောင်ရွက် ခွင့်ရှိသည်။ ယင်းသို့ လျောက်ထား ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်'ဟု ပါရှိပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေတွင် အခန်း(၁)အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ အခန်း(၂)နိုင်ငံ ရေးပါတီတည်ထောင်ခြင်းနှင့်မှတ်ပုံတင် ခြင်း၊ အခန်း(၃)ဆက်လက်ရပ်တည် ပိုင်ခွင့်မရှိခြင်း၊ အခန်း(၄)ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အခန်း (၅)အထွေထွေဟူသော အခန်း ၅ ခန်း ပါဝင်ကြောင်း သိရသည်။ ပါတီတည်ထောင်လိုသူများ မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေး ပါရန် ကော်မရှင်သို့ လျောက်ထားရာ တွင် ပါရှိရမည့်အချက်များကို သတ် မှတ်ထားရာ၌ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း(၂)၊ နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းအခန်းပါ အပိုဒ်(၅) အပိုဒ်ခွဲ(စ)တွင် 'ပြည်ထောင်စုတစ်ဝန်း လုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်းပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ၀န်ခံချက်(သို့မဟုတ်)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌ သာစည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေအနည်းဆုံး ၅၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ၀န်ခံချက်' ဟူသောအချက်ကိုလည်း ထည့်သွင်း ထားကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၁/၂၀၁၀ အရ ပြဋ္ဌာန်းသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို မတ်လ ၉ ရက်နေ့မှစ၍ နိုင်ငံပိုင် သတင်းစာများတွင် စတင်ဖော်ပြခဲ့ ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွင် အခန်း ၄ ခန်း ပါဝင်ကြောင်း သိရသည်။