ကမ္ဘာ့အားကစားသတင်းများ
- ဥရောပ ဟက်ပ်တာသလွန်ပြိုင်ပွဲတွင် ဂျက်စီကာအန်းနစ် အိုလံပစ်ချန်ပီယံ ဒိုဘရန်စကာအား ကျော်ဖြတ်ပြီး ဗိုလ်စွဲ
- ရော်ဘတ်တိုဘက်ဂီယိုအား နည်းစနစ် ဒါရိုက်တာအဖြစ် အီတလီဘောလုံးအဖွဲ့ချုပ် ခန့်အပ်
- နံနက် (၅) နာရီကျော်အထိ အပျော်ကျူးခဲ့ခြင်းကြောင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲအတွက် လူစာရင်းမှ မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နီအား နည်းပြဖာဂူဆန် ထုတ်ပယ် မန်ယူအသင်း ဆေးအဖွဲ့အား ရွန်နီ၏ ကြံ့ခိုင်မှုအတွက် စစ်ဆေးရန် ညွှန်ကြား
- အီတလီစက်ဘီးစီးသမား ရီဘယ်လ်လင်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဘေဂျင်းအိုလံပစ်မှ ငွေတံဆိပ် ပြန်သိမ်းခံရ
- ဖာဘရီဂတ်စ်အား ခေါ်ယူနိုင်ရေးထက် အာဆင်နယ်အသင်းနှင့် မိမိတို့ အသင်းအကြား ဆက်ဆံရေး မပျက်ပြားရန် ပိုမိုအလေးထား ဂရုစိုက်ရမည် ဖြစ်ကြောင်း ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ပြောကြား
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
|
||||||||||||||||||||||
|
||||||||||||||||||||||





စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဇူလိုင်လ (၂၇) ရက်နေ့မှ သြဂုတ်လ (၁) ရက်နေ့အထိ ကျင်းပခဲ့သော ဥရောပတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ၏ ဟက်ပ်တာသလွန်(ခုနစ်မျိုးစုံ) အားကစားပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံမှ အမျိုးသမီး အားကစားမယ် ဂျက်စီကာအန်းနစ်သည် အိုလံပစ်ချန်ပီယံ ယူကရိန်းနိုင်ငံသူ ဒိုဘရန်စကာအား ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခဲ့သည်။
ဘောလုံးလောကမှ (၆) နှစ်ကြာ အနားယူနေခဲ့သော ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်သည့် ရော်ဘတ်တိုဘက်ဂီယိုအား အီတလီ ဘောလုံးအဖွဲ့ချုပ်က နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
မန်ချက်စတာမြို့ရှိ အရက်ဘားတစ်ခုတွင် နံနက် (၅း၃၀) ကျော်သည်အထိ အရက်သေစာသောက်စားကာ အပျော်ကျူးခဲ့ခြင်းကြောင့် မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နီအား နည်းပြဖြစ်သူ ဖာဂူဆန်က လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ရန်ရှိသော ကွန်မြူနတီဒိုင်း ပြိုင်ပွဲအတွက် လူစာရင်းမှ ချန်လှပ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
အီတလီစက်ဘီးစီးသမားဖြစ်သူ ဒေးဗစ်ရီဘယ်လ်လင်းသည် မူးယစ်ဆေးဝါးသုံးစွဲကြောင်း ထင်ရှား၍ ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှ ၎င်းရရှိခဲ့သော ငွေတံဆိပ်ဆုကို နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) မှ ပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ ဇူဘီဇရာတာက အာဆင်နယ်အသင်း၏ အဓိက ကစားသမားဖြစ်သူ ဖာဘရီဂတ်စ်အား ခေါ်ယူနိုင်ရေးထက် အာဆင်နယ်အသင်းနှင့်မိမိတို့ အသင်းကြား ဆက်ဆံရေး မပျက်ပြားရန်အတွက် ပိုမိုအလေးထား ဂရုစိုက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။