တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
ထွေရာလေးပါးသတင်းများ
- ဂျပန်တွင် ကွာရှင်းပြတ်စဲခြင်းကို မင်္ဂလာပွဲကဲ့သို့ အခမ်းအနားဖြင့် ကျင်းပလာ
- ကမ္ဘာ့အပုဆုံး ပုဂ္ဂိုလ်အဖြစ် ကိုလံဘီယာမှ အရပ် ၂ ပေ ၃ လက်မရှိ အမျိုးသား ကချေသည် မှတ်တမ်းဝင်၊ လာမည့် အောက်တိုဘာတွင် ၁၈ နှစ်ပြည့်မည့် ၁ ပေ ၁၀ လက်မသာရှိသော နီပေါသားကို အပုဆုံး ပုဂ္ဂိုလ်နေရာ လွှဲပေးရဖွယ်ရှိ
- လက်နှိပ်စက်ဖြင့် ပန်းချီဆွဲသော ဗြိတိန်အမျိုးသမီး
- iPod သစ်များနှင့် အက်ပဲလ်တီဗီသစ် တို့ကို အက်ပဲလ်၏ ဂီတပွဲတော်တွင် ထုတ်ဖော်ပြသ
- iPad ကို ယှဉ်မည့် သင်ပုန်းကွန်ပျူတာကို ဆမ်ဆောင်း ဖန်တီး
|
||||||||||||||||||||||||||
|
||||||||||||||||||||||||||





တရုတ်နိုင်ငံမှ ကမ္ဘာ့အပုဆုံး လူသား ဟေပင်ပင် ပြီးခဲ့သည့် မတ်လတွင် ကွယ်လွန်သွားခဲ့ပြီးနောက် ကိုလံဘီယာနိုင်ငံမှ အရပ် ၂ ပေ ၃ လက်မသာရှိသော အမျိုးသမီး ကချေသည် အက်ဒ်ဝပ်နီနိုဟာနန် ဒက်ဇ်အား အပုဆုံးလူသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် ပြုစုရေးအဖွဲ့က အသိအမှတ် ပြုလိုက်ကြောင်း သိရသည်။
အက်ပဲလ်၏ ဂီတပွဲတော်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ဆန်ဖရန်စစ္စကိုတွင် ကျင်းပခဲ့သည်။ယင်းပွဲတွင် iPod အမျိုးအစား ပစ္စည်းသစ်များ၊ ဒုတိယမျိုးဆက် အက်ပဲလ်တီဗီနှင့် လူမှုရေးကွန်ရက်ဆိုက် ပါဝင်လာသည့် iTunes ၁၀ တို့ကို စီအီးအို စတိဗ်ဂျော့ဘ်စ်က ထုတ်ဖော် ကြေညာသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က လက်နှိပ်စက် အပါအ၀င် ၎င်းတွင်ရှိသော လက်နှိပ်စက် သုံးဆယ်ကျော်ဖြင့် ပန်းချီကားချပ်များ ရေးဆွဲခြင်း ဖြစ်သည်။လက်နှိပ်စက်မှ စာလုံးများ၊ ကိန်းဂဏန်းများ၊ ပုဒ်ဖြတ်များသည် စာရွက်ပေါ်တွင် စာကြောင်းများ သာ ထင်စေနိုင်သော်လည်း ရက်သ်ဘုန်းက လက်နှိပ်စက် ဒလိမ့်တုံးကို ရှေ့နောက်အပေါ်အောက် ရွှေ့ပြီး ရိုက်ခြင်းဖြင့် လူပုံပေါ်စေခြင်း ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ရက်သ်ဘုန်းသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ နာမည်ကျော်ရုပ်ရှင် မင်းသမီး မာရီလင်မွန်ရိုး၊ နာမည်ကြီး မော်ဒယ် ကိတ်မော့စ် တို့၏ပုံများကို ရေးဆွဲခဲ့သည်။
အက်ပဲလ်၏ သင်ပုန်းကွန်ပျူတာ iPad အတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်သည့် ဆမ်ဆောင်း၏ Galaxy Tab သင်ပုန်း ကွန်ပျူတာကို မိတ်ဆက်ပေးခဲ့သည်။ဆမ်ဆောင်းမှ မိတ်ဆက်ပေးခဲ့သည့် Galaxy Tab သည် တို့ထိ ဖန်သားပြင် ခုနစ်လက်မသာ ရှိသော်လည်း iPad ၏ ဆောင်ရွက်ချက်များ အားလုံးနှင့် တူညီမှု ရှိကြောင်း သိရှိရသည်။